|
တိုင်းပြည်မှာ နိုင်ငံရေးအကြပ်အတည်း၊ ဒါမှမဟုတ် ရှေ့မတိုးသာ
နောက်မဆုတ်သာ အခြေအနေမျိုးကြုံလာရင် ဆေးမြီးတိုကအစ တဘောင်ပေး၊
နတ်လမ်းညွှန်ပေးတာတွေ၊ ရွှေငုံး မင်းအမြီးမျှော်သလို မျှော်ခိုင်းတာ
စတာတွေ ဟိုကဒီက ပေါ်လာတတ်ပါတယ်။ ပုံမှန်အခြေအနေ မှာ
နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ
ခုန်ထွက်လာတတ်ပါတယ်။ ဒါ မဆန်းပါဘူး။ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ။
ဒါပေမဲ့
ဒီလိုသဘောတရားတွေထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ ပေး တယ်ဆိုတာကိုတော့
သေချာစီစစ်ဖို့လိုပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာ
ရှိသူတွေပါတက်သလို တချို့ကတော့ ဒီတကွေ့မှာဖြင့်
ငါ့အကွက်ပေါ်ပြီလို့ယူဆပြီး ထွက်လာ တာပါ။ ငါ့အကွက်ဆိုတာမှာ
အတိုက်အခံနိုင်ငံရေးလောကမှာဆိုရင် ခေါင်းဆောင်ဖြစ်ဖို့၊ ထင်ပေါ်
ကျော်ကြားဖို့၊ အလိုတော်ရိလောကမှာဆိုရင် ငါမျက်နှာရအောင် လုပ်ဖို့၊
ရာထူးနေရာရဖို့ စတာ မျိုးတွေပါတတ်ပါတယ်။ စစ်အစိုးရကိုဆန့်ကျင်တဲ့
ဒီမိုကရေစီတိုက်ပွဲ သက်တမ်းရှည်ကြာ လာ တာနဲ့အမျှ ဒီလိုထူးထူးဆန်းဆန်း
အယူအဆတွေ တွေ့လာရပါတယ်။ တချို့ဆိုရင် အနောက် တိုင်းက စာအုပ်တွေထဲမှာ
ပါတာတွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့ သင့်တော်သည်၊ မသင့်တော် သည်ကို
မစဉ်းစားပဲ အတင်းဆွဲယူပြီး သဘောတရားဖန်တီးကြတာ တွေ့ရပါတယ်။ ဖိနပ်မတော်
ရင် ဖနှောင့်ဖြတ်မယ့် သဘောပါ။
ဗမာပြည်ရဲ့လက်ရှိအနေအထားမျိုးမှာ အာဏာရလူတန်းစားဟာ
ခွင်လုံးကျွတ်နိုင်ချင် နေသမျှ ဒါမှမဟုတ် ခွင်လုံးကျွတ်
အနိုင်ယူဖို့ပဲတွေးခေါ်လုပ်ဆောင်နေသမျှ ဘယ်တော့ နှစ် ဖက်အနိုင်ရရှိတဲ့
WINWIN ဖြေရှင်းနည်း ဖြစ်ပေါ်မလာနိုင်ပါဘူး။ WIN-WIN ဖြေရှင်းနည်း ဆိုတာဟာ နှစ်ဖက်စလုံးသဘောရိုးနဲ့ အဖြေကောင်းရလိုတဲ့
ဆန္ဒအစပြုချက်နဲ့ ဆွေးနွေး ကြမှရ တာပါ။ အာဏာရလူတန်းစားက သူ့ဘက်က
အနိုင်ရတယ် လို့ထင်နေသမျှ ဂိမ်းသီဝရီ ဆို တာ အလုပ်မဖြစ်ပါဘူး။
ဒီနေ့ဗမာပြည် ပြည်သူတွေရင်ဆိုင်နေရတဲ့ ရန်သူဟာ ဘယ်လိုလူလဲ ဆိုတာကို
အကဲဖြတ်တာမှာကိုပဲ ပြဿနာရှိနေပါတယ်။ စစ်ဗိုလ်ချုပ်တွေကို ပန်းပန်၊
သနပ်ခါး လိမ်းပေးနေပြီး ဒီချုပ်ကို အိုးမဲသုတ်ဖို့ ကြိုးစားနေတာတွေလဲ
တွေ့ရပါတယ်။ ကိုယ့်ဖက်က သူ့ကို ကြည့်ရင် တမျိုး၊ သူ့ဖက်က
ကိုယ်ကိုကြည့်ရင်တမျိုးဆိုတာ မဆန်းပါဘူး။ ဒါပေမဲ့ ဘယ်ဘက်မှာ
ရပ်တယ်ဆိုတဲ့ ကိစ္စကိုတော့ ပြောရမယ်။
ဒီနေ့
ဗမာပြည်ကြုံတွေ့နေတဲ့ အကြပ်အတည်းဟာ လက်နက်ကိုင်ထားတဲ့ အာဏာရ လူတန်းစားက
အာဏာကိုပြည်သူက ရွေးကောက်တင်မြှောက်သူတွေလက်ထဲ လွှဲပြောင်းပေးဖို့
မပြောနဲ့ တဖဲ့တစတောင် ခွဲမပေးချင်လို့ဖြစ်တယ်။ တချို့သော
ကိုယ့်ကိုယ်ကို နိုင်ငံရေးပရော ဟိတ်လို့ သတ်မှတ်ယူဆနေသူတွေ ပြောသလို
အတိုက်အခံတွေဘက်က၊ အထူးသဖြင့် အမျိုး သားဒီမိုကရေစီဘက်က
အလျှော့မပေးလို့၊ တင်းခံနေလို့ လုံးဝမဟုတ်ပါဘူး။
ဒီကြားထဲကပဲ ကိုယ်က အလျှော့ပေးရင်
သူကလည်းလျှော့ပေးလာမယ် ဆိုတဲ့ အံ့သြ စရာ စဉ်းစားတွေးခေါ်နည်းတွေတောင်
ကြားရ၊ ဖတ်ရပါတယ်။ သူတို့ဟာ နအဖကို ဖားချင်လွန်း တာလား၊
နုံအလွန်းတာလား၊ စဉ်းစားစရာဖြစ်နေပါတယ်။ ဒီထက်ဒီသာ ဆက်ပြီးအလျှော့ပေးရ
မယ်ဆိုရင်တော့ ခါးပါ ပါယုံမက ကျားရှေ့ခံတွင်းမှာ ကိုယ်ကိုလည်စင်းပေး
လိုက်တာပဲဖြစ် တော့မှာပါ။
ဒီအတွေးအခေါ်နဲ့
အဆက်တည်းတချို့က ဗမာပြည်ရဲ့ ပြည်တွင်းစစ်သမိုင်းကိုလည်း
သူတို့ဖြစ်စေချင်သလို ဆွဲရေးနေတာတွေပေါ်လာနေပါတယ်။ နအဖပေးထားတဲ့
ဒီမိုကရေစီဟာ သူတို့ရဲ့ အဲဒီလိုရေးသားမှုတွေအတွက်တော့ တကယ့်အံကိုက်ပါ။
ပြန်စဉ်းစားကြည့်ပါ။ စေ့စပ် ဆွေးနွေးပြီး ပြည်တွင်းစစ်ရပ်စဲရေး၊
ပြည်တွင်းငြိမ်းချမ်းရေး ပြည်လည်တည်ထောင်ဖို့ ဗကပက ၁၉၅၅ မှာ
ကမ်းလှမ်းတုန်းက စစ်အုပ်စု ဟာ တပ်မတော်ရဲ့ တစိတ်တပိုင်းမှာပဲ
ဘန်ကာတူး၊ အခြေစိုက်နေရတုန်းပဲဖြစ်ပါတယ်။ မဆလဆိုရှယ်လစ် အတွေးအခေါ်
ဆိုတာကို စတင်ပြီး တော့ ကြံဆနေကြတုန်းဖြစ်မှာပါ။
စစ်အုပ်စုအပိုင်စီးထားတဲ့ စိတ်ဓါတ်စစ်ဆင်ရေးဌာန ကို အသုံးပြုပြီး
ခေတ်ရေး စာစောင်ကလေးတွေထုတ်ပြီး တပ်ကိုတလက်ကိုင်ဖြစ်အောင် ကြိုးစား
စည်းရုံးနေတုန်း ဖြစ်ပါတယ်။ (အဲဒီ ခေတ်ရေး စာစောင်ကလေးတွေထုတ်ပြီး
ပြည်လည် လေ့လာကြည့်ရှု့ရင် ရှင်းပါလိမ့်မယ်။ သောင်းနဲ့ချီရိုက်ထားပြီး
အလကားဝေခဲ့တာမို့ အခုရှာရင် ရနိုင်ပါသေးတယ်။) ဒါကြောင့်
အဲဒီတုန်းကတည်းက ဖဆပလ အစိုးရ ရဲ့ တရားဝင်ပေါ်လစီနဲ့
စိတတ်ဓါတ်စစ်ဆင်ရေး ပေါ်လစီဟာ အတိအလင်းကွဲပြားနေတာကိုလည်း
တွေ့ကြရမှာပါ။ စစ်တပ်ဟာ ဦးနုကို မျက်လုံးထဲတောင် မထားပါဘူး။
ဗကပထဲမှာလည်း
အဲဒီတုန်းကတည်းက ကိုယ့်ဘက်ကလျှော့ပေးလိုက်ရင် သူ့ဘက်က လည်း
လျှော့ပေးလိမ့်မယ်ဆိုတဲ့ အတွေးအခေါ်ကိုစစ်တမ်းတွေ ပလူပျံအောင်ရေးပြီး
ဖြန့်ဝေနေ ကြပါ။ အလွယ်ဆုံး ဥပမာပေးရရင် ချမ်းအေးစစ်တမ်း ပါ။ ဒါက
တခုဖြစ်တယ်။ တခြားစစ် တမ်းတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့
အဲဒါတွေအားလုံးမှာ အတွေးအခေါ်ကတော့ တခုတည်း ပါ။ အဲဒါက
ကိုယ်ဘက်ကလျှော့ပေးမှ သူဘက်ကလျှော့လာမယ် ဆိုတဲ့ အတွေးအခေါ်ဖြစ်ပါ တယ်။
အဲဒီအယူအဆရှင် တချို့က ဆုတ်မဲ့ဆုတ် ကတုတ်ထိအောင်ဆုတ်ရမယ် လို့ပြောပြီး လက်နက်ချအညံ့ခံဖို့ ပြောကြပါတယ်။ သူတို့မစဉ်းစားမိတာက
ခွင်လုံးကျွတ်အနိုင်ယူချင်သူဟာ လျှော့ပေးရင် ကမ်းတက်တတ်တယ်
ဆိုတာပါပဲ။
ဒီမိုကရေစီကို
လက်နက်နဲ့လဲ လို့ မရခဲ့တာကိုတော့ ပြည်သူရဲဘော် တွေ အလံနီ
တွေရဲ့ဖြစ်ရပ်က သက်သေပြခဲ့ပါပြီ။
ဒီမိုကရေစီကို
'မဲပြား'
နဲ့ ရအောင်တိုက်ရင်ရမယ်။ အကြမ်းမဖက်ရေး နဲ့ လုပ်ရင်ရ မယ်ထင်တဲ့
ထင်ယောင်ထင်မှားမှု ကိုတော့ ပထစနဲ့ ဒီချုပ်အတွေ့အကြုံက ပြသွားခဲ့ပြီ
မဟုတ် ပါလား။ အခုတော့ စိတ်ဓါတ် စစ်ဆင်ရေး မှာ အောက်သက်ကျေခဲ့တဲ့
ဗိုလ်သန်းရွှေက တရား ခံအဖြစ်ခံပြီး အခြေခံဥပဒေရေးဆွဲလိုက်ပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နောက်ဆုံး လက်သီးချက်သွင်းတဲ့ Coup
de grace အဆင့်ကို ရောက်နေပါပြီ။ စစ်အုပ်စုဟာ စစ်တပ်နဲ့ အာဏာသိမ်း
Coup data နဲ့ စခဲ့ပြီး Coup de grace နဲ့ စစ်အုပ်စု မင်းဆက်ကို
ထူထောင်ချင် ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒီထက်လျှော့ရင် ဘာဖြစ်မလဲ။
ပြားပြားဝပ်တဲ့ ဘ၀ပဲရောက် မှာပါ။ အညွှန့်တုံးတဲ့ ဘ၀ပဲရောက်မှာပါ။
၂၀၀၈ ခုနှစ်ကနေ ၂၀၁၀
ခုနှစ်၊ ဒီ ၂ နှစ်အတွင်းမှာ အဖြစ်အပျက်တွေဟာ ဗမာပြည်ရဲ့ ကံကြမ္မာကို
ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဘာဖြစ်မလဲ။ အကောင်းလား၊ အဆိုးလား တွေ့ရတော့မှာ
ပါ။ ကြာကြာစောင့်ရမယ် မထင်ပါဘူး။ တွေဝေနေရင် တသက်တာလုံးခံရပါမယ်။
ဖဆပလ- ပထစ- မဆလ
တို့ရဲ့ဇာတ်သိမ်းမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မသိမ်းရ လေအောင်
ကျွန်တော်တို့တွေအားလုံး ကြိုးစားကြရပါမယ်။ ဒါဟာ နောက်မြီးဆွဲလုပ်တာ
မဟုတ် ဘူး။ သမိုင်းတခေတ်မှာ ရင်ဆိုင်ရတဲ့ အခြေအနေမှာ ကိုယ့်ကျတဲ့အခန်းက
ပါဝင်တာဖြစ်ပါ တယ်။
တကယ်တော့ဗမာပြည်ရဲ့အဖြစ်ဟာ
ဖွတ်မိကျောင်းဖြစ်လာလို့ ဖွတ်ကြောပြာစု ဘ၀ ရောက်ရတာပါ။ ၁၉၅၅
ခုနှစ်လောက်တုန်းက စစ်အုပ်စုဟာ အိမ်မြှောင်အဖြစ်ကနေ ပြည်တွင်း
စစ်ကြောင့် ကြီးထွားလာတဲ့ ဖွတ်ဘ၀ ပဲ ရှိပါသေးတယ်။ ဒီလိုနဲ့ ၁၉၅၈
ခုနှစ်မှာ ဖဆပလကွဲ တော့ တဆင့်တက်လာပါတယ်။ စစ်အုပ်စုဟာ
နိုင်ငံတော်အာဏာပိုင် အဖြစ် ယာယီဖြစ်လာပါ တယ်။ အာဏာရဲ့အရသာကို
လျှာနဲ့လျက်ခွင့်ရလိုက်ပါတယ်။ နေသေးသပခြုံထဲက၊ ချိုသေးသပ တမြမြ
လုပ်နေပါတယ်။
ဗိုလ်နေ၀င်းနဲ့
သူ့တပ်မှူးတွေဟာ ၁၉၅၈ ခုနှစ်မှာ သူတို့ကို အာဏာလွှဲပေးခဲ့တဲ့ ဦးနု
ရဲ့ ပထစ အစိုးရကို ခဏစောင့်ကြည့်ပြီး ၁၉၆၂ ခုနှစ်မှာကျတော့
သူတို့အာဏာသိမ်းရင် ပထစ တွေ လွန်ဆန်နိုင်မှာ မဟုတ်ပါဘူးလို့ တွက်မိပြီး
တဆင့်တက်လိုက်တာပါပဲ။ အာဏာကို အပြီး သိမ်းလိုက်တာပါ။ ကမ္ဘာတည်
သရွေ့အာဏာကို ဆုတ်ကိုင်ထားနိုင်ဖို့အတွက် မဆလအလံ ကိုလည်း အတိအလင်း
ထူပြလိုက်ပါတယ်။
၁၉၈၈ မှာ စစ်အုပ်စုဟာ
မျိုးဆက်သစ်ကို အာဏာအမွေလွှဲပေးပါတယ်။ ရှစ်လေးလုံး တိုက်ပွဲကြီးကြောင့်
ဗိုလ်နေ၀င်းပန်းပေးသွားတာပါ။ ၁၉၈၈ ခုနှစ်ကနေ အခု ၂၀၀၈ ခုနှစ်အထိ
မှာတော့ အာဏာကိုလွှဲမပေး၊ စစ်တန်းလျားကိုလည်း မပြန်တော့ပါဘူး။
နေပြည်တော်အသစ် ထူထောင်ပြီး အာဏာကိုရာသက်ပန် သိမ်းထားမယ်ဖြစ် နေပါပြီ။
အခုဗမာပြည်သူတွေ ရင်ဆိုင် နေရတာဟာ အာဏာကို
တရားဝင်ရာသက်ပန်ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ဥပဒေပြုတာနဲ့
စစ်အင်အားတည်ဆောက်နေတဲ့ အနေအထားဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်ဝင်လာကတည်းက
နိုင်ငံတကာအခြေအနေကလည်း တစတစပြောင်း လာလိုက်တာ အခုတော့ ဗမာပြည်ဟာ
အင်အားကြီးနိုင်ငံတွေရဲ့ကြားမှာ ကစားစရာဖြစ်နေပါပြီ။
ကုလသမဂ္ဂကိုပြေးတိုင်လိုက်၊ ကုလသမဂ္ဂကို ရန်ထောင်လိုက်နဲ့ လူရီစရာတွေ
ဖြစ်လာပါလိမ့် မယ်။ ပြည်ပမှာ သူများတွေက အမှိုက်လှည်းကြီးလို့
ထင်စရာဖြစ်လာနေချိန်မှာ ပြည်တွင်းမှာ ကျ တော့ ဖွတ်ကမိကျောင်းဖြစ်တာ
ကြာပြီဖြစ်တဲ့အတွက် မြစ်ပြင်တခုလုံး မချမ်းသာရုံမက မြစ်ပြင် တခုလုံး
မီးဟုန်းဟုန်းတောက်မယ့် အခြေအနေဆိုက်နေပါပြီ။
နိုင်ငံရေးဘ၀မှာ
ဇာတ်ဆရာမရှိပါဘူး။ ကိုယ်တိုင်ပါဝင် ကကြရတာပါ။ အထူးသဖြင့်
နိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေးသမားတိုင်းဟာ ပွဲကြည့်တွေ
မဟုတ်ပါဘူး။ ကိုယ်တိုင် ကပြနေ ကြတာပါ။ ဘာမှမလုပ်ပဲ ထိုင်နေရင်
အဲဒါလည်းသရုပ်ဆောင်နေတာပဲ ဖြစ်တယ်ဆိုတာကို မမေ့ ဖို့ပါပဲ။ |