|
အကုသိုလ်စကားများ (သို့မဟုတ်) မြန်မာပြည်သားတစ်ဦး၏ရင်ဖွင့်သံ (၂)
မင်းသစ်တည်
စာပေလောကထဲကို အမှိုက်တစ်စ လှိမ့်ဝင်လာတယ်။ အဲဒီအမှိုက်ဟာ “မြက်”
ဖြစ်သွား တယ်။ သူ့ကိုယ်သူ အမြစ်တွယ်အောင်ကြိုးစားရင်း ခိုင်ခန့်ပြီလို့
ထင်နေရှာတယ်။ သူ့နာမည်က “မြတ်ခိုင်”။ မြန်မာ porno လောကရဲ့
လမ်းစဖောက်သူတွေဟာ သူနဲ့ ပီတာပါလို့ ပြောရင် ဓါတ်ပုံ လောကသားတွေ
ငြင်းကြလိမ့်မယ်မထင်။
အရင်တုန်းက မင်းသမီးတွေဟာ နာမည်ကြီးချင်လို့ ခန္တာကိုယ်ကို
လှေကားထစ်သဖွယ် အသုံးချခဲ့ကြတယ်။ ဒီဘက်ခေတ် မီဒီယာရေစီးထဲမှာတော့
နာမည်ကြီးမင်းသမီးဖြစ်ရင် ဈေး ကောင်းရတယ်။ ခေါ်ဈေးပေါက်တယ်။
(ချွင်းချက် - ကိုယ့်ကိုကိုယ် သန့်ရှင်းသူဟုယူဆသော၊ တကယ့်ကို
အနေအထိုင်သန့်ရှင်းသော မင်းသမီးများအား တောင်းပန်ပါသည်) အချိန်တန်
နာမည်ကျရင် မစိုးကြီးတို့လို လင်ပွဲစားတွေရှိတဲ့အတွက် American,
England နဲ့ Australia ဒိုးမလား၊ ဒိုးလို့ရတယ်။ နေအောင်နဲ့ ညီနန္ဒဟာ
ခေါင်းတွေပါလို့ပြောရင် ကာယကံရှင်တွေက ဒေါသထွက်ပြီး ငြင်းကြလိမ့်မယ်။
သတင်းစကား၊ အဖျင်းစကားပေမဲ့ ဈေးစကားတွေက ပြည်သူ တွေ နားထဲကို
ရောက်နေတာတော့ ငြင်းလို့မရဘူး။
ရှင်းမရတာတော့ မဟုတ်ဘူး၊ ဒါမျိုးဆို န.အ.ဖ ယောင်နနလုပ်ပြီး
ရောင်ချင်ယောင်ဆူး ပြီး ရူးချင်ယောင်ဆောင် ဝေါင်ဝေါရှေးတတ်တယ်။ ဒီလို
celebrity image တွေရဲ့ ပျက်စီး ပျက်သုဉ်းခြင်းဟာ လူတွေထဲကို
အရောက်မြန်တာမို့ သူတို့သဘောကျတယ်။ လူတွေ စာရိတ္တ တွေ ပျက်သုဉ်း၊
ဒုက္ခသုက္ခတွေကို နပန်းလုံးနေရတာကို မဟာဗျူဟာမြောက်ခြင်းလို့ သူတို့
ယူဆကြတယ်။
လူတွေရဲ့ ဒုက္ခတွေအတွက် လမ်းပေါ်ထွက် လမ်းလျှောက်တဲ့ ကိုယ်တော်တွေကိုတော့
ဝါရင်းတုတ်သုံးလို့ တဗြုန်းဗြုန်းနဲ့ နာနာချခဲ့ပေမဲ့ နှစ်လုံး၊
သုံးလုံး၊ အခါတော်ပေး၊ ဘောလုံးဒိုင် လုပ်ကြတဲ့ ကိုယ်တော်တွေကိုတော့
ဟမ်းဖုန်းတောင် ပေးလိုက်ကြသေးတယ်။
အမေရိကန်သမ္မတ ဘုရှ်မှာ Air-force One ရှိသလို တို့များ
ကားယားတရွတ်ဆွဲကြီး မှာလည်း “ဆင်ဖြူတော်” လို့ခေါ်တဲ့ လေယာဉ်ကြီးရှိတယ်။
ဘုရှ်မှာ သူ့မျက်နှာနဲ့ Jesus လို ဘုရားရုပ်ထုမရှိပေမဲ့ တို့များ
အကုသိုလ်အတုံးအခဲကြီးမှာတော့ သူ့မျက်နှာနဲ့ ဘုရားဆင်းတု တော် ရှိတယ်။
အမေရိကန်သမ္မတကြီးမှာ အိမ်ဖြူတော် တစ်ဆောင်သာရှိပေမဲ့ တို့များ တပ်ချုပ်
ကြီးမှာ ကျောက်စိမ်းစီ၊ Air-con အလုံး ၅၀ ကျော်တပ် စံအိမ်တော်ကြီးအပြင်
ရတနာပုံ cyber ဗဟိုမှာ စင်ယော် (၁)၊ စင်ယော် (၂) စတဲ့ အိမ်မြို့တော်တွေ
ရှိသေးသဗျ။ ကဲ- ဘုရှ်ရေ လူငယ် တွေ hand set ထဲမှာ ခေတ်စားနေတဲ့
ခင်ဗျားရုပ်ပုံမျိုးနဲ့သာ ဆဲပါတော့။ ခင်ဗျား ယှဉ်တုလို့ မှီမယ်မထင်ပါ။
ဒါဟာ ကျုပ်တို့ရဲ့ အကုသိုလ် ဗိုလ်ချုပ်ကြီးတွေပါ။
အရင်ခေတ်က ဘုရင်တွေမှာ ငတက်ပြားကို သားမက်တော်တဲ့ ရာဇ၀င်ရှိခဲ့သလား
တော့ မကြားဘူးပေမဲ့ ကျုပ်တို့ရဲ့ ဥမ္မတကော ဘုရင်ကြီးကတော့ ငတက်ပြားကို
သမက်တော်ပြီး တိုင်းပြည်တ၀ှမ်း ကြိုက်သလိုခိုးစေလို့ အပြုံးတော်တောင်
မပျက်ပါဘူး။ ငတက်ပြား တစ်ယောက်ထဲ ခိုးနေရင် သူမရမှာစိုးလို့
ခမည်းခမက်တော် လိုက်သလားတော့ မပြောတတ် ကြောင်းပါ။
မြန်မာပြည်မှာ စီးပွားရေးလုပ်တဲ့လူတိုင်း သိကြပါလိမ့်မယ်။
မြန်မာပြည်မှာ “လာဘ်ပေး လာဘ်ယူ”စနစ်ဟာ လုံးဝ ချုပ်ငြိမ်းသွားပါပြီ။
“အံဆွဲ ဆွဲ”စနစ်ဆိုတဲ့ နည်းသစ်တမျိုးကို ရှာဖွေ တွေ့ရှိသွားပါပြီ။
ဟိုခုံကူး၊ ဒီခုံကူးကိစ္စနဲ့ အရေးပေါ်ကိစ္စသာဆိုရင် သက်ဆိုင်ရာလူရဲ့
အံဆွဲလေး ကို ဖွင့်ပြီး ခြင်္သေ့ကောင်ရေများများသာ ပစ်ထည့်လိုက်ပေတော့။
ဒီစနစ်သစ်က အဆင်ပြေရင် ကိုယ်တိုင်တောင် တံဆိပ်တုံးဝင်ထုလို့ရအောင်ကို
မီးသေသတဲ့။
“ဒီနေ့လာရက်လား…၊ ဟင် လာရမှာလေ….၊ အေးလေ လာရက်ကြီးကို … လာလည်း လာဘူး၊
ဟင်… လာတာမှ (၁၅) မိနစ်တောင် မပြည့်သေးဘူး…။ မလာချင်ရင်လည်း
လာမနေ ပါနဲ့တော့ဟာ” မြန်မာပြည်တွင် ထူးဆန်းသော ကိစ္စရပ်ကြီးတစ်ခု
ဖြစ်ပေါ်နေပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှ လူအပေါင်း ကြားသိရလျှင်
အံ့သြလိမ့်မည်ဖြစ်သော်လည်း ပြည်တွင်းနေ ပြည်သူ များအဖို့တော့
ထိုသတင်းသည် မထူးဆန်း။ မိုးဟေကို၊ ပပ၀င်းခင်၊ ပွင့်နဒီမောင်၊
တင့်တင့်ထွန်း နောက်ဆုံး မျိုးကျော့မြိုင်လောက်တောင် မ hot ။
အဘယ်ကြောင့်နည်း….။ အဘယ်ကြောင့်ဆို သော် ထိုသတင်းသည်ကား
“မြန်မာပြည်တွင် မီးများ အဆက်မပြတ် ပြတ်နေသော်လည်း မီတာ ကတော့
မီးမလာလည်း လည်နေဆဲ” ဟူ၍ ဖြစ်သည်။
မြန်မာပြည်သူများ၏ “နေ့စဉ်သုံး ဝေါဟာရ” စာအုပ်ထုတ်မည်ဆိုလျှင် အပေါ်မှ
ထို စကားလုံးများသည် နေ့စဉ်သုံး၊ နေ့တိုင်းကြား မပြောမဖြစ်
ပြောနေသောကြသော စကားလုံးများ ဖြစ်ပါ၍ ထိပ်ဆုံးမှ
ဦးစားပေးသင့်ပါကြောင်း။
(အကုသိုလ်စကားများ တော်တော်ချရေးလိုက်ရ၍ ရင်ဘတ်ထဲ အတော်ချောင်ချိပြီး
နေသာထိုင်သာ ရှိသွားပါပြီ။ သိပ် ရက်များများစားစားတော့ ခံမည်မထင်ပါ။
အကုသိုလ်မြို့တော် ကြီးမှ အမြန်လွတ်ကင်းရပါလိုကြောင်း ဆုတောင်းရင်း
ဤစာစုအား အဆုံးသတ်ပါသည်။)
٭٭٭٭٭ |