Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 
 

၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်းမှ လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီးနောက် ပိုင်း အတိုက်အခံတိုင်းရင်းသားအင်အားစုများကို နည်းမျိုးစုံဖြင့် တရကြမ်းနှိမ်နှင်းရာတွင် ၁၉၆၇ ခုနှစ်များအတွင်း “မဆလ” တစ်ပါတီအာဏာရှင်တို့တွင် စစ်ရေးအသုံးစရိတ် ကြီးမားမှုတို့ကြောင့် ပြည်တွင်းဘဏ္ဍာငွေ အတိုင်းထက်အလွန် လိုအပ်လာလေသည်။ ထို့အပြင် အစိုးရအတွင်း ခြစား မှုများ၊ ငွေကြေးအလွဲသုံးစားမှုများ၊ လာဒ်စားမှုများ များစွာရှိလာသည့်အတွက် ငွေကြေးခဝါချမှု များ၊ တိုင်းပြည်တွင်းရှိ သံယံဇာတပစ္စည်းများကို ရသည့်ဈေးဖြင့် အလျှင်စလို ရောင်းချခြင်းများ ကို ပြုလုပ်လာရလေသည်။ အထူးသဖြင့် “မဆလ” တစ်ပါတီအာဏာရှင်တို့က ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းပြည်၏ ယိုယွင်းပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းရန်ဟု အကြောင်းပြချက် ဖြင့် တိုင်းပြည်ရိက္ခာအတွက် သိုလှောင်ထားရှိသော ဆန်စပါးများကို နိုင်ငံခြားတိုင်းပြည်များသို့ အဆမတန် တင်ပို့ရောင်းချခဲ့လေသည်။  

တပါတီအာဏာရှင်တို့သည် ၁၉၆၆ ခုနှစ်အတွင်း ဗမာပြည်တွင် နာဂစ်ကဲ့သို့ မုန်တိုင်း ဒဏ်ကြောင့် ရာသီဥတု ဆိုးဝါးမှုဖြစ်စေကာ လယ်ယာစိုက်ခင်းများ၊ စားပင်သီးပင်များ ပျက်စီးခဲ့ လေသည်။ ၁၉၆၇ ခုနှစ်တွင် တိုင်းပြည်၌ ဆန်ရေစပါး အခက်အခဲရှိမည်ကိုသိသော်လည်း ထိုသို့ ဆန်စပါးများကို အတိုင်းအတာမရှိ ပြည်ပသို့ ရောင်းချခဲ့သည့်အတွက် ပြည်တွင်းစားသုံးရန် မလုံ မလောက် ဖြစ်ခဲ့ရသည်။ ယင်းဂယက်ကြောင့် ဗမာပြည်အလယ်ပိုင်းတွင်သာမက ရခိုင်ပြည် အတွင်း အခြေခံလူထုမှာ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး၊ ထိုပြဿနာကို ဖြေရှင်းပေးရန်အတွက် ရခိုင်ပြည်သူလူထုမှ နိုင်ငံခြားသို့ တင်ပို့ရန် ဂိုဒေါင်များ အတွင်း၌ သိုလှောင်လျှက်ကျန်ရှိသော “ဆန်” များကို ရခိုင်ပြည်သူတို့အား ဝေငှရောင်းချပေးရန် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထို့သို့ငြိမ်းချမ်းစွာဖြင့် တောင်းဆိုခဲ့သည်ကို တစ်ပါတီအာဏာရှင်အစိုးရမှ မလိုက်လျော သည့်အပြင် ပုဒ်မ (၁၄၄) အရေးပေါ်ဥပေဒတရပ်ကို ထုတ်ပြန်ကာ ဗိုလ်ချုပ်စောဖြူမှ အကြမ်း ဖက် ပစ်ခတ်နှိမ်နှင်းသဖြင့် တစ်နေရာထဲမှာပင် ရခိုင်ပြည်သူလူထု (၂ဝဝ) ကျော် ပွဲချင်းပြီး၊ ဒါဏ်ရာရသူ (၁ဝဝ) ကျော်ခန့်မှာ မိမိတို့အနေဖြင့် မသေသေးကြောင်း အော်ဟစ်ပြောဆို တောင်းပန်သော်လည်း အရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ်ခြင်း၊ အချို့ကို မီးလောင်တိုက်သွင်း၍ သတ်ပစ်ခြင်းများကို ပြုလိုက်လေသည်။ ယင်းသို့ စစ်အစိုးရမှ အကြမ်းဖက်တိုက်ခိုက်ခဲ့စဉ်တွင် စစ်တွေလမ်းမကြီးတလျှောက် သွေးချောင်းစီးသွားခဲ့သည်။ ထို့ကြောင့် သြဂုတ်လ (၁၃) ရက်နေ့ သည် ရခိုင်ပြည်သူလူထု၏ရင်ဝယ် နာကျည်းမှု၊ ဝမ်းနည်းမှုကိုဖြစ်စေပြီး ကြေကွဲဖွယ်ကောင်း သော နေ့ပင်ဖြစ်ပေသည်။   

ယခုလည်း အရှေ့တောင်အာရှ၏ စပါးကျီကို နာဂစ်လေမုန်တိုင်းဝင်ဖျက်လို့ ပျက်စီး သွားပေပြီ။ ၁၉၆၇ ခုနှစ်ကကဲ့သို့ ဗမာပြည်၏ သမိုင်းတကျော့မှာ ပြန်၍ လည်ပတ်လို့လာပြီဖြစ် သည်။ ဗမာပြည်သူလူထုများအနေဖြင့် များစွာ သတိထားကြရမည့် အချိန်ဖြစ်ပေပြီ။  အဘယ် ကြောင့်ဆိုသော် လက်ရှိစစ်အာဏာရှင်တို့သည် တစ်ပါတီအာဏာရှင်အစိုးရထက် ပို၍မိုက်မဲသူ များ ဖြစ်သည်။ တစ်ပါတီအာဏရှင်အစိုးရကိုမှ အာဏာသိမ်း၍တက်လာသူများ ဖြစ်ပေသည်။ မိမိတို့အာဏာတည်မြဲရေးအတွက်ဆိုလျှင် လူသတ်ဖို့ အမိန့်ပေးရန် ဝန်လေးသူများမဟုတ်ပေ။ ၎င်း၏ သစ္စာခံများမှာလည်း ကိုယ့်အကျိုးစီးပွားအတွက်ဆိုလျှင် လူသတ်ရန် ဝန်လေးသူများ မဟုတ်ပေ။ ၁၉၆၇ ခုနှစ်၊ သြဂုတ် (၁၃) ထက်ပင် ပို၍ဆိုးဝါးသည့် ဝမ်းနည်းရင်နှစ်ဖွယ်ရာများ ကြုံလာနိုင်သည်။ သို့ဖြစ်၍ ဗမာပြည်သူပြည်သားများအနေဖြင့် ထိုသို့သော ပြဿနာများကြုံလာ လျှင် မည်သို့ရင်ဆိုင်ကြမည်မှာ စဉ်းစားဖွယ်ရာပင်ဖြစ်သည်။  

လက်ရှိအခြေအနေတွင် ချင်းပြည်နယ်၌ အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရပေပြီ။ မုန်တိုင်းကျရောက်သွားသော နယ်မြေအတွင်း တစ်သန်းကျော်သော လူများမှာ စားဝတ်နေရေး ဒုက္ခဖြင့် ရင်ဆိုင်နေရသည်။ ဆန်ဈေးသည်လည်း အတိုင်းထက်လွန် မြင့်တက်နေသည်။ ထို့အပြင် ဧရာဝတီတိုင်းနှင့် ထိုတိုင်းနှင့်နီးစပ်နေသည့် ဒေသများ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်၊ မွန်နှင့် တနသာင်္ရီတိုင်းတို့တွင်လည်း အချို့သော ပြည်သူလူထုမှာ စားဝတ်နေရေးဒုက္ခ ရောက်လျှက် တောင်းရမ်းစားသောက်နေသူက စားသောက်နေရ၊ ပြည်ပသို့ထွက်ခွါ၍ ယင်းသို့ သော အခက်အခဲများကို ဖြေရှင်းနေရသူများလည်း ဒုနဲ့ဒေး ရှိလာပြီဖြစ်သည်။ 

ပျက်စီးသွားပြီဖြစ်သော အာရှ၏စပါးကျီမှာလည်း သက်ဝင်လှုပ်ရှားမှုမရှိခဲ့ပေ။ ကုန်ဈေး နှုန်းမှာလည်း နှစ်(၂ဝ) ကာလအတွင်း အတိုင်းထက် လွန် အဆမတန်မြင့်မားလို့လာသည်။ စစ်အာဏာရှင်အစိုးရတို့က အပြုံးမပျက်၊ လေလုံးက ကြီးနေသည်။ တိုင်းပြည်၏ အခြေအနေ မှန်ကို သိလျှက်နှင့် မိုက်ရူးရဲဆန်စွာဖြင့် ဒုက္ခရောက်နေသော ပြည်သူလူထုကို ဥပက္ခာပြုလျှက် နိုင်ငံတကာမှ အကူအညီများကို ငြင်းပယ်နေသည်။ နိုင်ငံတကာမှ လှူဒါန်းသည့် ပစ္စည်းများမှာ လည်း ဆယ်ပုံတစ်ပုံပင် ဒုက္ခသည်ပြည်သူလူထုထဲ မရောက်သေးပေ။ စစ်အစိုးရနှင့် ပေါင်းပြီး စီးပွားရေးတွေလုပ်သူများကလည်း နာဂစ်မုန်တိုင်းကိုအကြောင်းပြု၍ ချမ်းသာသွားပေသည်။ နာဂစ်၏အန္တရာယ်သည်လည်း ဗမာပြည်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ အိန္ဒိယ စသည့်အပြင် စင်္ကာပူ၊ မလေးနိုင်ငံများသို့ပင် ယခင်ထက်ပို၍ ကူးစက်ပြန့်နှံ့လာတော့ ပေမည်။  

လက်ရှိစစ်အစိုးရ၏ ဤအခြေအနေအား သုံးသပ်ကြည့်မည်ဆိုလျှင် ပြည်တွင်းစားသုံး ရန် ဆန်ပြတ်လပ်မည်ထက် လူထုအုံကြွမှုဖြစ်မည်ကို စိုးရိမ်ပူပန်နေပုံရသည်။ အကယ်၍ တိုင်းပြည်၌ စပါးဆန်ရေ ပြတ်လပ်သွားလျှင် ဘာလုပ်မည်နည်းဆိုသည့် အစီအစဉ် ချမှတ်ထား သည်ကိုလည်း မတွေ့ရပေ။ လုံခြုံရေးတင်းကြပ်စွာ ချထားခြင်းနှင့် ပိုက်စိပ်တိုက် ဖမ်းဆီး ထောင်ချမှုများကို ကြည့်ခြင်းဖြင့် မိမိတို့အာဏာတည်မြဲရေးကို ထိခိုက်လာလျှင် အပြတ်အသတ် နှိမ်နှင်းမည်ဆိုသည့် အစီအစဉ်သာ ရှိဟန်ထင်သည်။ ခြုံငုံ၍ သုံးသပ်ကြည့်မည်ဆိုပါက သြဂုတ် (၁၃) သည် ဗမာပြည်၏သမိုင်းကို တကျော့ပြန်လည်လာပေတော့မည်။ သို့ဖြစ်၍ ဗမာပြည် သားများအနေဖြင့် ၁၉၆၇ ခုနှစ်၊ သြဂုတ် (၁၃) ကို မမေ့စေချင်ပါ။ သတိရပါ။ ထိုနည်းတူ ကြုံတွေ့လာနိုင်ဖွယ်ရှိသော အခက်အခဲများကို စနစ်တကျ ဖြေရှင်းနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများပြုလုပ်ထားရန် လိုအပ်ပေသည်။

٭٭٭٭٭٭

 
 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com