|
ကျွန်တော်ဟာ
နိုင်ငံ့ဝန်ထမ်းတစ်ယောက်မို့
နိုင်ငံရေးကိစ္စတွေနှင့် ကင်းရှင်းရမည့်သူ
ဖြစ်ပါတယ်။ သို့သော်လည်း
အစိုးရပိုင် သတင်းစာတွေမှာ မြန်မာပြည်သူတွေဟာ ၂၀၀၈
ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို
တခဲနက်
ထောက်ခံခဲ့ကြပါတယ်ဆိုပြီး ဗြောင်လိမ်ဗြောင်စား
ရေးသား
နေတာတွေ၊ သူခိုးက လူ လူ ဟစ်ဆိုသလို ပြည်သူတွေရဲ့ အမှန်တကယ်အရွေးချယ်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
အာဏာငန်းဖမ်းနေသူတွေဆိုပြီး အမျိုးမျိုး
ရှုတ်ချရေးသားနေ
တာတွေကို ဖတ်ရှုနေရတဲ့အတွက် ဒီစာကို
ရေးသားလိုက်ရတာပါ။
တကယ်တမ်း
အာဏာရူးနေတာက စစ်အစိုးရပါ။ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ
တကယ်
သန့်ရှင်းတဲ့၊ လွတ်လပ်တဲ့၊ တရားမျှတတဲ့ပွဲ
ဟုတ်မဟုတ်ဆိုတာ ကာယကံရှင်တွေ
အသိဆုံးပါ။ ဘာပဲလုပ်လုပ် ကိုယ့်လိပ်ပြာကိုယ်လုံဖို့၊
ကိုယ့်သိက္ခာ
ကိုယ်ယုံမှသာ လူသားစစ်စစ်ဖြစ်မှာပါ။
ကျွန်တော်တို့နိုင်ငံ့ဝန်ထမ်းတွေဟာ
ရပ်ကွက်/ကျေးရွာများမှာ
မဲရုံမှူးများအဖြစ်
ဆောင်
ရွက်ရပါတယ်။
ဒီလိုဆောင်ရွက်ရာမှာလည်း သူတို့နဲ့
တစ်ကျိတ်တည်း
တစ်ဉာဏ်တည်းသမား
တွေကိုမှ ရွေးချယ်ထားတာပါ။ ကော်မရှင်အဖွဲ့ဝင်တွေ၊
မဲရုံမှူးနဲ့တကွ
တာဝန်ရှိသူတွေကို အထက်အဆင့်ဆင့်က
ဘာပြောလဲဆိုတော့
ကိုယ့်မဲရုံကို ကိုယ်တာဝန်ယူရမယ်။
ဆန္ဒခံယူပွဲ
ရှုံးနိမ့်ခဲ့ရင် အဲဒီ့မဲရုံမှူးတွေ အိပ်ယာလိပ်သာပြင်ထားလို့
ညွှန်ကြားပါတယ်။ ဒီလိုညွှန်ကြားရာမှာ နအဖရဲ့မူအတိုင်း သူတို့ကိုအမှုမပတ်အောင်
တရားဝင်
စာနဲ့
ညွှန်ကြားတာမဟုတ်ပေမယ့် နှုတ်မိန့်နဲ့
ညွှန်ကြားခဲ့တာပါ။
ဒီတော့ ကျွန်တော်တို့
တာဝန်ရှိသူတွေဟာ ကိုယ့်ရာထူးလေးမပြုတ်ဖို့
နည်းမျိုးစုံနဲ့
ကြံရ
ဖန်ရပါတော့တယ်။ လူမြင်ကောင်းအောင် အခြေခံဥပဒေရှင်းလင်းပွဲဆိုတာကို
လုပ်ရပါတယ်။ တစ်အိမ်တစ်ယောက် မလာမနေရ
ဆင့်ခေါ်ပြီး စကားလေးနည်းနည်းပါးပါးပြော၊ သတင်းစာထဲ
ထည့်ဖို့
မှတ်တမ်းဓာတ်ပုံရိုက်ပြီးတာနဲ့
အခမ်းအနားကို ရုပ်သိမ်းလိုက်ကြတာပါပဲ။ ဘာမှ
ရေရေ
ရာရာ
မပြောဘဲ
ဆန္ဒမဲလက်မှတ်မှာ အမှန်ခြစ်ဖို့သာ
တိုက်တွန်းလိုက်ကြတာပါ။ မကြိုက်ရင် အမှားခြစ်ရမယ်ဆိုတဲ့စကားကို
လေသံတောင်
မဟခဲ့ကြပါဘူး။ လာရောက်တဲ့ လူထုကလည်း လိုလိုချင်ချင်
လာကြတာမှမဟုတ်တာ၊ မြန်မြန်ပြီး အေးရောဆိုပြီး လာကြသူတွေမဟုတ်လား။
ဘယ်သူမှလည်း စိတ်ဝင်တစား နားမထောင်ကြပါဘူး။ အခမ်းအနားပြီးဆုံးကြောင်း
ကြေညာ
ပါတယ်ဆိုတာနဲ့
အိနြေ္ဒတောင်မဆောင်ကြပါဘူး။
အသီးသီး ထပြန်ကုန်ကြတာပါပဲ။
ဒီပွဲတွေမှာ အခြေခံဥပဒေ(မူကြမ်း)စာအုပ်ဆိုတာ
ပါလဲမပါဘူး၊ ရှိလည်းမရှိပါဘူး။
တစ်မြို့နယ်ကို အုပ်ရေ(၄၀)
နှုန်းသာ ဖြန့်ဝေပေးတာပါ၊ ဒါတောင် အခမဲ့မဟုတ်ပါဘူး၊ တစ်အုပ်ကို
ကျပ်တစ်ထောင်
နှုန်းနဲ့
ဝယ်ရတာပါ။ စိတ်ဝင်စားသူအရေအတွက်
နည်းလွန်းလို့
ခွဲတမ်းနဲ့
ရောင်းတာတောင်
မကုန်တဲ့အတွက်
မြို့နယ်ပြန်/ဆက်ရုံးက
ဝန်ထမ်းတွေဟာ တာဝန်ကျေအောင် အိတ်ထဲက
စိုက်ထုတ်ပေးပြီး ရောင်းမလောက်အောင် ၀ယ်ယူကြပါတယ်လို့
အစီရင်ခံစာကို လိမ်လည်ပြီး
တင်ပြကြရပါတယ်။
ဆန္ဒခံယူပွဲမအောင်မြင်ရင် ကိုယ့်ရာထူး
အထိခိုက်မခံနိုင်ကြတဲ့ ဆင့်ကဲဆင့်ကဲသော တာဝန်ရှိသူတွေဟာ
အကြံအဖန်လုပ်ကြရပါတယ်။ ကိုယ့်ဌာန၊
ကိုယ့်တပ်ရင်းတပ်ဖွဲ့က
ဝန်ထမ်း
တွေ၊
တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့
မှီခိုမိသားစုဝင်တွေအားလုံးကို ကြိုတင်မဲထည့်ခိုင်းပါ
တယ်။ ကြိုတင်မဲဆိုပေမယ့် လွတ်လပ်တဲ့ မဲမဟုတ်ပါဘူး။ တစ်ခါတည်း
အမှန်ခြစ်ပြီးသား မဲ
လက်မှတ်မှာ
ကိုယ့်အမည်၊ အဖအမည်၊
မှတ်ပုံတင်နံပါတ်နဲ့
ဌာနလိပ်စာကိုသာ ရေးသွင်းပြီး လက်မှတ်ထိုးပေးခဲ့ရတာပါ။
တစ်ချို့ဌာနတွေဆို မဲလက်မှတ်တောင် မမြင်လိုက်ကြရပါဘူး၊ ကြိုတင်မဲပေးပြီးကြောင်းသာ
လက်မှတ်ထိုးပေးခဲ့ရတာပါ။ တစ်ချို့ဌာနတွေကျတော့လည်း
လူမြင်ကောင်းအောင်
ကိုယ်ကြိုက်သလို ဆန္ဒပြုနိုင်တယ်လို့ဆိုပေမယ့်
ဌာနအကြီးအကဲရဲ့ ရှေ့မှာ ဆန္ဒပြုရတာကတစ်ကြောင်း၊ ကြိုတင်မဲရဲ့လက်မှတ်မှာ
ကိုယ့်အမည်၊
မှတ်ပုံတင်နံပါတ် စတာတွေ ဖြည့်သွင်းထားရမှတော့ ဘယ်သူက
ကန့်ကွက်မဲပေးရဲပါတော့မလဲ။
ဒါတောင်မှ ကျိုင်းတုံဒေသမှာ
ဝန်ထမ်းတွေရဲ့ ကြိုတင်မဲတွေမှာ ကန့်ကွက်မဲတွေပါနေလို့
သက်ဆိုင်ရာ
ဝန်ထမ်းအချို့ကို
အရေးယူထားပါတယ်။
ရိုးသားတဲ့ တောသူတောင်သားတွေကိုကျတော့
သက်ဆိုင်ရာ သူကြီး၊
ဆယ်အိမ်ခေါင်း
တွေက သူတို့ကိုယ်စား
မဲသွားပေးမယ်ဆိုပြီး တစ်ရွာလုံးအတွက် မဲလက်မှတ်တွေထုတ်ပြီး ထုံးစံ
အတိုင်း အမှန်ခြစ်ပေးလိုက်ကြပါတယ်။ မဲရုံမှာ တကယ်မဲလာထည့်သူတွေကိုလည်း
မဲရုံတာဝန်
ကျတွေက ဒီနေရာမှာ ဒီလိုအမှန်ခြစ်ရမယ်နော်ဆိုတဲ့ စကားကိုသာ
တွင်တွင်ကြီးပြောနေတာက
တစ်ကြောင်း၊
(ရယက)တွေက
မျက်ထောင့်နီကြီးတွေနဲ့
လှမ်းလှမ်းကြည့်ပြီး သတိပေးနေကြ
တာကတစ်ကြောင်းဆိုတော့ အားလုံးက အမှန်ပဲခြစ်ကြရပါတယ်။ နောက်ပြီး
ရပ်ကွက်ထဲမှာ တိုးတိုးတိတ်တိတ်ဖြန့်ထားတဲ့ သတင်းတစ်ပုဒ်က ရှိသေးတယ်။
မဲရုံမှာ လျှို့ဝှက်ကင်မရာ
တပ်ထားမှာနော်၊
ကန့်ကွက်မဲ ထည့်ရဲထည့်ကြည့်၊ အကြောင်းသိမယ်လို့
ခြိမ်းခြောက်သလိုလို နောက်ပြောင်သလိုလို ပြောထားတော့
ရိုးသားတဲ့ပြည်သူတွေဟာ အကြောက်တရားနဲ့
အမှန်ပဲ
ခြစ်ပေးလိုက်ကြရပါတယ်။
တစ်ချို့တောင်ပေါ်တိုင်းရင်းသားတွေဆိုရင်
မလာရင်ဒဏ်ရိုက်မယ်လို့
ဆင့်ခေါ်ထားတဲ့
အတွက် လာသာလာကြရတာ၊
ဘာအတွက်ခေါ်မှန်းတောင် မသိကြပါဘူး။
မဲရုံရောက်မှ အသင့်
ထုတ်ပေးတဲ့ မဲလက်မှတ်ကိုယူ၊ မဲပုံးထဲထည့်ပြီး ပြန်ထွက်သွားကြရှာတာ။
သူတို့အဖို့
ဒါဟာ ဆန္ဒမဲပေးတာပါလားလို့တောင်
မသိပါဘူး။
ဒီအကြောင်းတွေကို ရှင်းရှင်းလင်းလင်းသိချင်ရင် ဆန္ဒမဲထုတ်ယူပြီးကြောင်း
မှတ်တမ်းတွေကို ပြန်လေ့လာကြည့်ပါ။ စာတစ်လုံးမှမတတ်ကြလို့
လက်မှတ်တောင်မထိုးနိုင်ဘဲ လက်ဗွေသာနှိပ်ခဲ့ကြရတာဟာ ထင်ရှားတဲ့သမိုင်းသက်သေတွေပါ။
စစ်အစိုးရကို
အင်မတန်မှမုန်းတဲ့ ရှမ်း၊ ကချင်၊
ကရင်၊
ချင်း
စတဲ့တိုင်းရင်းသားတွေကို
ကျတော့
ဘယ်လိုစည်းရုံးသလဲဆိုရင် အလံရှူးတွေကတဆင့်
“ထောက်ခံမဲပေးရင်
စစ်အစိုးရ
ပြုတ်ကျမယ်”လို့
တစ်ဖက်လှည့်နဲ့စည်းရုံးလိုက်တော့
ဘာပြောကောင်းမလဲ၊
စစ်အစိုးရပြုတ်ကျ
ရေး ဒို့အရေးဆိုပြီး
အားပါးတရ ထောက်ခံလိုက်ကြတာပေါ့။
ကျွန်တော်သာ စစ်အစိုးရက ဗိုလ်ချုပ်တစ်ယောက်များဖြစ်ခဲ့ရင်
ရှက်လွန်းလို့
နေရာမှာတင် အသက်ထွက်နိုင်လောက်ပါတယ်။
မဲရုံပိတ်ချိန်အထိလာမထည့်တဲ့
မဲများကို မဲရုံမှူးက အားလုံးအမှန်ခြစ်ပြီး ထည့်လိုက်တာ
တွေကလည်း
အများအပြားပါ။ တစ်ချို့ဆိုရင် မဲရုံကို ညနေ
(၄)
နာရီမှ ပိတ်ရမှာဖြစ်ပါမယ့်
(၂)
နာရီ
(၃)
နာရီ
ကြိုပိတ်ပြီး အားလုံးကို အမှန်ခြစ်လိုက်တဲ့
မဲရုံတွေကလည်း ဒုနဲ့ဒေးပါ။
ကဲ - ဒီတော့ စစ်အဆိုးရကကြေညာသလို
(ကြေငြာမဟုတ်-ကြေညာတာဖြစ်သည်။) ၉၂
ရာခိုင်နှုန်းကျော်
ပြည်သူက ထောက်ခံပါတဲ့ လူထုဆန္ဒခံယူပွဲကို စစ်စစ်ပေါက်ပေါက်
တွက်ချက်
လိုက်ရင် အဖြေက ဟောဒီလိုထွက်ပါတယ်။ |