|
မြန်မာနိုင်ငံသားတစ်ဦးမှ မေတ္တာရပ်ခံချက်
စင်္ကာပူနိုင်ငံရှိ မြန်မာများခင်ဗျာ
အနာဂတ်မြန်မာနိုင်ငံသားများအတွက် အရေးပါသော
အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူ ပွဲကို မေလ (၁၀) ရက်နေ့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အစိုးရ ကြေငြာခဲ့ သည်ကို
စင်္ကာပူရောက်မြန်မာများ သိရှိပြီးဖြစ်ပါသည်။ ဒါပေမယ့်
မြန်မာနိုင်ငံအတွင်းရှိ ၅၀% ကျော်သော ပြည်သူလူထုက အခုထိ
မသိရှိသေးပါဘူး။ မြန်မာနိုင်ငံအခြေအနေဟာ ဒီလို အခြေအနေမျိုး
ရောက်နေပါပြီ။ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုအလွဲများ၊
ညံ့ဖျင်းမှုများ၊ စီးပွားရေး ကြပ်တည်းမှုများကြောင့်
မြန်မာပြည်သူလူထုတစ်ချို့ဟာ အနိမ့်ဆုံးလိုအပ်တဲ့ အာဟာရဓါတ်
မပြည့်မှီရာကနေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနည်းပါးတဲ့ အခြေအနေတစ်ချို့ကို
ရောက်ခဲ့ပါတယ်။ ဒီလို မိဘများက မွေးဖွားလာပြီး အဆင်ပြေသလို
ရှာဖွေစားသောက်နေထိုင်ရင်းက အနိမ့်ဆုံးလူတွေ မြန်မာပြည်မှာ
တိုးတိုးလာနေပါပြီ။
စင်္ကာပူနိုင်ငံဟာ First World Country လို့ နားလည်ရပါတယ်။
မြန်မာနိုင်ငံကတော့ Third World Country ရဲ့ အောက်ဆုံးမှာ ရှိနေမှာပါ။
၁၉၅၀ လွန်နှစ်များက စင်္ကာပူက မြန်မာ ပြည်ကို အားကျလို့ လာလေ့လာတယ်လို့
ကြားဖူးခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာပြီးတဲ့အခါ
အခုခင်ဗျားတို့သိနေရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ အခုဆိုရင်
အခြေခံဥပဒေမူကြမ်းဆိုတာ ဘာမှမသိတဲ့၊ ကြက်ခြေခတ်ရမလား (X)၊
အမှန်ခြစ်ရမလား (√)
မသိတဲ့၊ တနည်းအားဖြင့် ကိုယ့်လို ဘ၀တူပြည်သူလူထုအတွက် ထောက်ခံရမလား၊
ကန့်ကွက်ရမလားမသိတဲ့ မြန်မာတွေ ဖြစ်ကုန်ပါပြီ။ “ဘွဲ့ရပြီးပြီ
ဘာမှမသိပါဘူး”ဆိုတဲ့ မြန်မာတွေများတဲ့ခေတ် ရောက်နေပါပြီ။
ကြပ်တည်းလွန်းလို့ ဒုက္ခရောက်မှာသိရဲ့သားနဲ့ အခုထက်တော့
ပိုကောင်းမလားဆိုတဲ့ အတွေးနဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေကို
စွန့်စွန့်စားစားထွက်ပြီး အလုပ်လုပ်ကြတော့ အခုဆိုရင် Thai မှာ 1.8
million, Malaysia မှာ 0.8 million ဆိုတာ သိကြမှာပါ။ 2008 April (10)
ရက်နေ့က Thai နိုင်ငံ၊ ရနောင်းနားမှာ Thai ကို ခိုးဝင်ရင်း
အအေးခန်းကားပေါ်မှာ အသက်ရှုကြပ်ပြီး သေသွားခဲ့တဲ့ မြန်မာနိုင်ငံသား
(၅၄)ဦး အဖြစ်အပျက်ဟာ ရက်ပိုင်းပဲရှိပါသေးတယ်။ ဒါက လူသိတဲ့
အဖြစ်အပျက်ပါ။ လူမသိတဲ့ ကျနော်တို့နိုင်ငံသားတွေရဲ့ ဆိုးဝါးတဲ့
အဖြစ်အပျက်တွေ ဘယ်လောက်များ များနေပြီလဲ။
အပြစ်တင်တာများတယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ တကယ်လက်တွေ့က
ဒီထက်ပိုဆိုးပါတယ်။ ကျနော့်အနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်လို့
Third World Country ရဲ့ အနိမ့်ဆုံးကနေ ပိုပြီးတိုးတက်စေချင်ပါတယ်။
ဒါပေမယ့် ဒီလိုအခြေခံဥပဒေမျိုးနဲ့တော့ တိုးတက် ဖို့ မမြင်ပါဘူး။
ဒီအတွက် အခုမေတ္တာရပ်ခံစာကို ပေးပို့ရခြင်းဖြစ်ပါတယ်။
စင်္ကာပူရောက်တဲ့ မြန်မာတွေ WP နဲ့နေနေ၊ EP နဲ့နေနေ၊ PR နဲ့နေနေ citizen
ခံခံ မြန်မာဟာ မြန်မာပဲလို့ ယုံကြည်ပါတယ်။ အားလဲကိုးပါတယ်။ ကမ္ဘာပေါ်မှာ
မြန်မာအများဆုံး ရောက်နေတဲ့ First World Country၊
မြန်မာပြည်နဲ့အနီးဆုံး၊ မြန်မာပြည်နဲ့ ဆက်သွယ်မှု အများဆုံး၊
ပညာတတ်မြန်မာ အများဆုံး၊ အမှန်တရားကိုလိုလားတဲ့ မြန်မာလူငယ်တွေ အများ
ဆုံး ရောက်နေတဲ့ နိုင်ငံပါ။ ခင်ဗျားတို့ ပြန်လာသည်ဖြစ်စေ၊
ပြန်မလာသည်ဖြစ်စေ မြန်မာ ဖြစ်တယ်ဆိုတာနဲ့ ဒီအခြေခံဥပဒေဟာ
တနည်းမဟုတ်တနည်း ပတ်သက်နေရမှာပါပဲ။ အနည်းဆုံး ခင်ဗျားတို့ရဲ့
မိဘဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ မြန်မာပြည်မှာ ကျန်နေရင်
ပတ်သက်ရမှာပါပဲ။
ခင်ဗျားတို့
ဘာတွေလုပ်ပေးနိုင်ပါသလဲ
2008 April 25th, 26th, 27th, 28th,
29th မှာ စင်္ကာပူ မြန်မာသံရုံးမှာ မြန်မာများ
ကြိုတင်မဲပေးလို့ ရပြီလို့ သိရပါတယ်။ မဲသွားပေးစေချင်ပါတယ်။
တကယ်ပဲကောင်းတယ်လို့ ယူဆပြီး ထောက်ခံမဲ (√)
ပေးရင်လဲ လူကြီးမင်းတို့သဘောပါ။ ကျနော့်အနေနဲ့ ကောင်းမွန်တဲ့ community
မှာ နေနေရတဲ့ စင်္ကာပူရောက် မြန်မာအများစုအနေနဲ့ မြန်မာနိုင်ငံကိုလည်း
ဒီလိုကောင်းမွန်တဲ့ community ပဲ ဖြစ်စေချင်တယ်။ အခုမဲပေးရမယ့်
အခြေခံဥပဒေမျိုးကို မကြိုက်တဲ့ လူတွေလို့ပဲ နားလည်ပါတယ်။ ကြိုက်လို့ပဲ
ထောက်ခံမဲ (√)
ပေးပေး၊ မကြိုက်လို့ပဲ (X) ကြတ်ခြေခတ်ခတ် သွားပေးစေချင်ပါတယ်။
ခင်ဗျားတို့ပေးတဲ့ ကန့်ကွက်မဲ (X) တွေ ထောက်ခံမဲ (√) ဖြစ်သွားခဲ့ရင်တောင် ခင်ဗျားတို့ တာဝန်မဟုတ်ပါဘူး။
တပ်မတော်အစိုးရ၊ သံရုံးကလူတွေ၊ ကော်မရှင်တွေရဲ့ တာဝန်သာဖြစ်ပါလိမ့်မယ်။
ခင်ဗျားတို့ သမိုင်းပေးတာဝန်ကို သာ ကျေပွန်ပါစေလို့
မေတ္တာရပ်ခံအပ်ပါတယ်။
ပြီးရင် ကန့်ကွက်မဲတွေ ဘယ်လောက်ဆိုတာ အတတ်နိုင်ဆုံး စုစည်းပြီး Blog
များ Website များမှာ တင်စေချင်ပါတယ်။ 25၊ 26၊ 27၊ 28၊ 29 ကို
အသံလွှင့်ဌာနများကလည်း စိတ်ဝင်တစား ဖော်ပြမယ်လို့ ယုံကြည်ပါတယ်။
ကျနော်အနေနဲ့တော့ စင်ကာပူက မဲပေးတဲ့ လူအများစုဟာ ကန့်ကွက်မဲ (X)
ဖြစ်မယ်လို့ ယူဆရပါတယ်။ ခင်ဗျားတို့ရဲ့ အသံဟာ မြန်မာ ပြည်မှာ
ပြန်ဟိန်းနိုင်ပါတယ်။ လူသန်း (၅၀) လုံး မသိရင်တောင်မှ လူ (၅ သိန်း)၊ (၁
သန်း) ကို သိစေနိုင်ပါတယ်။ တပ်မတော်အစိုးရ သိစေနိုင်ပါတယ်။
ပြည်သူလူထုထဲက တချို့ဖြစ်တဲ့ စင်္ကာပူက လူအများစုကတော့ မကြိုက်ကြောင်း
သူတို့ကို သိစေနိုင်ပါတယ်။ ခင်ဗျားတို့သည် မြန်မာပြည်ရဲ့
အကြိုမဲပေးခြင်းဆိုတာ မမေ့ကြစေလိုပါ။ အလေးအနက် ထားကြစေချင်ပါတယ်။
မြန်မာပြည်ကလူတွေက စင်္ကာပူမှာ ကျောင်းနေခွင့်ရတဲ့လူတွေ၊ စင်္ကာပူမှာ
အလုပ်လုပ်ခွင့်ရတဲ့ လူတွေကိုဆိုရင် အထင်ကြီးတတ်ကြပါတယ်။ ခင်ဗျားတို့က
No (X) ဆိုရင် သူတို့လဲ ခင်ဗျားတို့ အပေါ် အထင်ကြီးမှု၊ အားကျမှုနဲ့
ဘာထည့်ရမလဲ ဝေခွဲမရတာကနေ No (X) ဖြစ်နိုင်ပါတယ်။
စင်္ကာပူက မြန်မာအများစုက mail တွေ သုံးနိုင်ကြပါတယ်။ စင်ကာပူက
လူငါသောင်း (၅၀၀၀၀)က တစ်ဦးကို မြန်မာပြည်က မိတ်ဆွေ၊ သူငယ်ချင်း
ဆွေမျိုး (၁၀) ဦးကိုပဲ mail ပို့နိုင် တယ်ဆိုရင် မြန်မာ (၅) သိန်း
ခင်ဗျားတို့ message ကို ရနိုင်ပါတယ်။ သူတို့သဘောတူရင် သူတို့က
တီးတိုးပြန်ပြောတဲ့ မြန်မာ (၅) ဦးစီ ထပ်ပြန့်သွားရင်
မြန်မာနှစ်သန်းခွဲ (၂.၅)သန်းထံကို ပြန့်နိုင်ပါတယ်။
ပြန့်သွားမယ့်သူအားလုံး No (X) မယ်လို့ မဆိုလိုပါ။ ခင်ဗျားတို့ message
ရောက်သွားမှာတော့ အမှန်ပါပဲ။ သူတို့အတွက် စဉ်းစားစရာတော့ ရမှာပါ။
အခြားနိုင်ငံများက ရွှေမြန်မာများကို မအားကိုးလို့မဟုတ်ပါ။ အားလုံးကို
အားကိုးပါ တယ်။ အားလုံးလုပ်နိုင်လေလေ ကောင်းလေလေပါပဲ။ စင်္ကာပူလို
ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတစ်ချို့ ကတော့ USA, JAPAN, KOREA, UK နဲ့
နိုင်ငံတစ်ချို့ဖြစ်နိုင်ပါတယ်။ သူတို့လဲ email (သို့) fax (သို့) ph
သုံးပြီး ကူညီနိုင်ကြပါတယ်။ စင်္ကာပူကတော့ သေးသေးကျဉ်းကျဉ်း မြန်မာတွေ
နီးနီးကပ်ကပ် ပိုရှိလို့ပါ။ သံရုံးကို မဲသွားပေးမယ်ဆိုရင်လဲ
ပေးနိုင်ချေရှိတဲ့ အနေအထားရှိလို့ပါ။
First world Country မှ ရွှေမြန်မာများခင်ဗျား Third World Country က
မြန်မာများ ကို စာနာသောအားဖြင့် 25th,26th, 27th,
28th, 29th မှာ စင်္ကာပူမြန်မာသံရုံးကိုသွားပြီး
Vote No ကန့်ကွက်မဲ (X) ပေးပေးကြပါခင်ဗျား။
အားကိုးယုံကြည်စွာဖြင့် -
မြန်မာနိုင်ငံသားတစ်ဦး |