Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဏ္ဍစုံဆောင်းပါး

 

ဆန္ဒနဲ့ လက်တွေ့

ရဲဘော်ကိုပေါက်
(၆၊ ၃၊ ၂၀၀၈)

အခုတလော နအဖစစ်အုပ်စုကို တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင် နိုင်ငံရေး အဖွဲ့အစည်းများအကြား အတော်ကို လှုပ်ခတ်သွားစေတဲ့ နိုင်ငံရေးလေထုတရပ် ဖြစ်ထွန်းနေပါ တယ်။ အဖွဲ့အစည်းအလိုက်သော်လည်းကောင်း၊ တသီးပုဂ္ဂလအရသော်လည်းကောင်း လှုပ်ခတ် တာပါ။ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေကြတဲ့ အဖိနှိပ်ခံ ပည်သူများအတွက် အရေးတကြီး ဆုံးဖြတ် ရမယ့် နိုင်ငံရေးပြဿနာတခုပါ။ ပြဿနာကို စတင်လိုက်သူကတော့ စစ်အုပ်စုနအဖပါပဲ။

မြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ်ကို သံဃာတော်တွေဦးဆောင်တဲ့ စက်တင်ဘာလူထုအုံကြွမှု ကြီးက ပုဒ်မဖြတ်ပေးလိုက်ပါတယ်။ ၂၀၀၇ ကုန်ဆုံးသွားပေမယ့် ၂၀၀၈ နိဒါန်းဟာ သံဃာတော် တွေအပါအင် တိုက်ပွဲဝင် လူထုသွေးတွေနဲ့ တအုံနွေးနွေး ဖွင့်လှစ်ခဲ့တာပါ။ စစ်အုပ်စု အတော် ကြပ်ရိုက်သွားခဲ့ပါတယ်။ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားတယ်။ ကုလသမဂ္ဂနဲ့ အိပ်ချင်ယောင် ဆောင်နေတဲ့ နိုင်ငံတချို့လည်း အလန့်တကြား ထကြည့်ပြောဆိုလာရတယ်။ ကုလသမဂ္ဂက သံတမန်နည်းအရ ချဉ်းကပ်ပါတယ်။ ဂမ်ဘာရီလာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ တယ်။ နအဖက ဗိုလ်အောင်ကြည်ကို ကိုယ်စားလှယ်ခန့်ပြီး နေအိမ်အကျဉ်းကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေတယ်။ ဒိုင်ယာလော့မဟုတ်ပါ။ အဓိက ကတော့ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဒေါ်အောင်ဆန်းစုကြည်အား အတင်းအဓမ္မ လက်ခံခိုင်းစေတာပါ။ ချုပ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားတခွန်း ထွက်လာပါတယ်။ အကောင်းဆုံးကို မျှော်လင့်၊ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ ဖြစ်ပါတယ်။

မြန့်မာ့နိုင်ငံရေးသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီစကားကို ပြောခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောပါတယ်။ အခြေအနေခင်း လုံးဝမတူပါ။ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တုန်းက အစစအရာရာ အသာစီးကပါ။ ရရင်ရ မရရင်ချ ပါ။ အဲဒီတုန်းက လွတ်လပ်ရေး မရ ရင် ချ နိုင်မယ့် အခြေအနေတွေ အားကောင်းပါတယ်။ ညီညွတ်ရေး အရရော၊ တိုက်ပွဲ(လက်နက်ကိုင်၊လူထု)အရရော အခြေအနေကောင်းပြီးသားပါ။ ဖက်ဆစ်ဂျပန် ကို တော်လှန်နိုင်ခဲ့တာလည်း ဗိုလ်ချုပ်အောင်ဆန်းအတွက် စကားနောက်တရားပါသလို တရား နောက်မှာပါမယ့် အားကလည်း အဆင်သင့်ပါ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခြေအနေနဲ့ ကွာတယ်ဆိုရင် မငြင်းကြူးလို့ ထင်ပါတယ်။ ဒါ ပကတိ အရှိတရား ဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားမှာပါတဲ့ အကောင်းဆုံးကိုမျှော်လင့် ဆိုတာမှာ အဆိုးဆုံးကို ရင်ဆိုင်ကျော်လွှားပြီးမှ သီးပွင့်လာမှာ ဖြစ်ပါတယ်။ No pain, No game (အနာခံမှ အသာစံရမယ်) လို့ ပြောလိုက်တာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ ဆန္ဒစွဲလား၊ ပကတိလက်တွေ့လားဆိုတာတော့ စက်တင်ဘာအုံကြွမှုကြီးနဲ့ လူထုအရေးတော်ပုံအဆက်ဆက် က သက်သေပြခဲ့ပြီးပါပြီ။ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ကျနော်တို့ ဘာတွေ ဘယ်လို ပြင်ဆင်ထားပါ သလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ အသိဆုံးပါ။ ဒီအချိန်မှာ နအဖစစ်အုပ်စုက (၁/၂၀၀၈) နဲ့ (၂/၂၀၀၈) ကြေညာချက်များနဲ့ ပြည်သူလူထုကြီးကို စိမ်ခေါ်လိုက်ပါတယ်။ (၁/၂၀၀၈) က နအဖရဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကို အတည်ပြုဖို့ ဆန္ဒခံယူပွဲလုပ်မယ်။ ၂၀၀၈၊ မေလမှာ ဖြစ်တယ်။ (၂/၂၀၀၈) ကတော့ ရွေးကောက်ပွဲ ကျင်းပမယ်။ (၂၀၁၀) ခုနှစ်မှာ လုပ်မှာဖြစ်ပါ တယ်။

ဒီတော့ ဒီမိုကရေစီရေးတိုက်ပွဲဝင် အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသံတွေ ထွက် လာရပါတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲကို သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲပေးမလား။ အချိန် ကလည်း (၃) လကျော်ကျော်ပဲ ရှိတော့တာ။ မြန်မြန်ဆုံးဖြတ်၊ မြန်မြန် အကောင်အထည်ဖော် လှုပ်ရှား။ အဓိကအကျဆုံးက အဖိနှိပ်ခံ ပြည်သူလူထုကြီးကို ဘယ်လိုမက်ဆေ့ခ်ျပေးပြီး ဘယ်လို နည်းပရိယာယ်နဲ့ တိုက်ပွဲဝင်မလဲဆိုတာပါ။ အရေးကြီးပြီး အမှားမခံပါဘူး။ ဆန္ဒစွဲနဲ့ ပြောလို့မရ ပါဘူး။ လက်တွေ့နဲ့ ကိုက်ညီရပါမယ်။ လက်တွေ့ဆိုတာမှာ နအဖစစ်အုပ်စုရဲ့ သန္ဓေနဲ့ လက္ခဏာ၊ အဖိနှိပ်ခံ ပြည်သူလူထုကြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ အစဉ်အလာနဲ့ လက်ရှိ မိမိ တို့ရဲ့ ပကတိအနေအထားတို့ ပါရပါမယ်။ ဖြစ်ချင်တာကို အူထဲ၊ အသည်းထဲကနေ ပြောရရင် နအဖစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို တစက္ကန့်မဆိုင်း အမှုန့်ချေ ဖျက်သိမ်းလိုက်ချင်တာပါ။ ဒါ ဆန္ဒပါ။ ဘဝကတော့ အဲဒီလို ခွင့်ပြု၊ မပြု အများသိပြီး ဖြစ်ပါတယ်။

မြန်မာပြည်စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံ ပြည်သူလူထုကြီးက မစေ့စပ် စတမ်း တိုက်ပွဲင်ခဲ့ပါတယ်။ ဒါ သမိုင်းပါ။ အကျိုးစီးပွားအရ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ရန်ဘက်ပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ဒီမို ကရေစီစနစ်နဲ့ အကျိုးစီးပွား မဖြစ်ထွန်းနိုင်ပါ။ ၁၉၈၈ အရေးတော်ပုံကြီး ရလဒ်အဖြစ် ဗိုလ်နေင်းစစ်အုပ်စုနဲ့ မဆလ ပြုတ်ကျခဲ့ရပါတယ်။ ဗိုလ်စောမောင် (နဝတ)စစ်အုပ်စုက (၁၉၉၀) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို မတတ်သာလို့ ကျင်းပပေးရတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ရှင်းပါတယ်။ ဘယ် တော့မှ ဒီမိုကရေစီမပေးပါဘူး။ ဗိုလ်စောမောင်ကို စိတ္တဇဝေဒနာရှင် အရူးအဖြစ်နဲ့ ရာထူးက ဖယ်ရှားပစ်လိုက်ပြီး ကတိအားလုံးကို ဖျက်ပစ်ပါတယ်။ နအဖက အချိန်ဆွဲတဲ့ ဗျူဟာနဲ့ အတုအယောင် အမျိုးသားညီလာခံကို ကျင်းပပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းပြည့် တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်ဆိုပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အခြေခံဥပဒေကို အဓမ္မ ရေးဆွဲပါတယ်။ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို အကောင်အထည်ဖော်ပါတယ်။ တချိန်ထဲမှာ ပြည်သူလူထုနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်သူများရဲ့ တိုက်ပွဲရလဒ်တွေကို ငြင်းပယ်ပါ တယ်။ ရှုပ်ထွေးအောင်လုပ်ပါတယ်။ ဝယ်ယူ၊ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်..... စတဲ့ ချေမှုန်း ရေးကိုလည်း အစဉ်တစိုက် လုပ်ပါတယ်။ စစ်အာဏာရှင်စနစ်က စစ်အာဏာရှင်အလုပ်ကို လုပ်ပါတယ်။

အဖိနှိပ်ခံပြည်သူလူထုကြီးက နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ပါတယ်။ နအဖစစ်အုပ်စု ရဲ့ လမ်းပြမြေပုံ (၇) ချက်ကို လက်မခံပါဘူး။ စစ်အုပ်စုရဲ့ အခြေခံဥပဒေကိုလည်း လုံး လက် မခံဘူး။ ဒီမိုကရေစီရေး အဖွဲ့အစည်း၊ ခေါင်းဆောင်တွေရဲ့ တိုက်ပွဲဝင် ကြွေးကြော်သံတွေကို အသက်နဲ့ရင်းပြီး အုံကြွတိုက်ပွဲဝင်နေတာ ပြည်သူလူထုဖြစ်ပါတယ်။ အခု နအဖက (၁/၂၀၀၈) ပြည်သူ့ဆန္ဒခံယူပွဲဆိုတဲ့ ကြေညာချက်နဲ့ ပြည်သူလူထုကို စိန်ခေါ်လိုက်ပါပြီ။ ပြည်သူလူထု ဘာ လုပ်မလဲ။ သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲ သွားပေးမလား။ ဒါကို ဒီမိုကရေစီရေး တိုက်ပွဲင် အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်များက လူထုကို ဘယ်လိုမက်ဆေ့ခ်ျပေးပြီး ဘယ်လို ကြွေးကြော် နဲ့ ဦးဆောင်တိုက်ပွဲဝင်ကြမယ်ဆိုတာ အရေးကြီးဆုံး ဆုံးဖြတ်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီ ခေါင်းဆောင်နှစ်ဦးနဲ့ မီဒီယာ အင်တာဗျူးထဲက ကောက်နုတ်ချက်တချို့ကို ကိုးကားဖော်ပြလိုပါတယ်။ သူတို့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်ကပါ။

NLD အမတ် လည်းဖြစ် MPU ရဲ့ တွဲဖက်အတွင်းရေးမှူး လည်းဖြစ်တဲ့ ခွန်မြင့်ထွန်းရဲ့ အမြင်ကတော့.....
(“
ကျနော်တဦးတည်းအမြင်အရ ပြောရမယ်ဆိုရင်တော့ နအဖရေးတဲ့ ဖွဲ့စည်းပုံအသွင်ကူးပြောင်း ရေးဆိုတဲ့ ကာလဆိုတဲ့ အချက်ထဲမှာ အချက်တချက်က ဘာပါသလဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်မဲနဲ့ အတည်ပြုပြဌာန်းမယ်လို့ ပါတယ်။ ဟို မဲလာပေးတဲ့ လူထက် က်ကျော် မဟုတ်ဘူးနော်၊ မဲပေးပိုင်ခွင့်ရှိသူအားလုံးရ့ ထက်ဝက်ကျော်လို့ ပြောတဲ့အတွက် ကျနော်တဦးတည်းရဲ့ သဘောထားကတော့ ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပြည်သူလူထုအနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့အတွက်ကို ကျနော့် တဦးတည်း သဘောထား အဲဒီလိုရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကတော့ သူ့ဘဝလက်တွေ့အခြေအနေမှာ တော့ သေနတ်နဲ့ ထောက်ပြီးတော့ မဲထည့်ခိုင်းရင် သူက ဒါ ဆန့်ကျင်ကန့်ကွက်တဲ့မဲ ပေးသွာ မှာပါပဲ။ ဒီအခြေအနေကို လူထုက ဆုံးဖြတ်သွားမယ်လို့ မြင်ပါတယ်”)။ ဖေဖော်ဝါရီ ၂၃၊ ၂၀၀၈။ BBC (မြန်မာပိုင်းအစီအစဉ်)

နောက်တဦးကတော့ ဒေါက်တာတင့်ဆွေပါ။ Burma Digest မှာ ဖော်ပြထားတဲ့ ဒေါက်တာတင့်ဆွေရဲ့ အတုအယောင် လူထုဆန္ဒခံယူပွဲ တိုက်ဖျက်ရန်မှာ (ဒိုင်လင်မာ)မဟုတ် ဆိုသည့် ဆောင်းပါးမှ ကောက်နုတ်ချက်ပါ။
(
အကယ်၍ နအဖ၏ ၂၂/၂/၂၀၀၆ နေ့ထုတ် မြန်မာ့အလင်းစာမျက်နှာ ၆-၇ ကပါ။ ကူးပြောင်း ရေးကာလ ပြဌာန်းချက်များ အမှတ် (၁) အရ ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်း ပြီးသည့်နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာတည်သည် ဟူသည့်အတိုင်း တကယ်လုပ် မည်ဆိုပါက၊ ဆန္ဒခံယူပွဲအား သပိတ်မှောက်ရန် ဆော်ဩရပါမည်။) လို့ ဆိုထားပါတယ်။

ဒီနေရာမှာ ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့ နှစ်ဦးစလုံးရဲ့ အာဘော်(နုတ်ထွက် စကား)ဟာ အရေးကြီးပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ဒီမိုကရေစီခေါင်းဆောင်တွေလည် ဖြစ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေလည်း ဖြစ်နေလို့ပါပဲ။ ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်က ပြောခဲ့ပါတယ်။ နှစ်ဦးစလုံး ကိုင်တွယ် ပြောဆိုခဲ့တာက နအဖရေးဆွဲနေတဲ့ အခြေခံဥပဒေမူကြမ်းပါ အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များကို ကိုင်ပြောတာပါ။ ခက်တာက နအဖရဲ့ အခြေခံဥပဒေမူကြမ်းက အတည်မပြု ရသေးပါ။ ဆန္ဒခံယူပွဲကို ဖြတ်သန်းရမှာပါ။ အတည ဖြစ်၊ မဖြစ်ကလည်း ဆန္ဒခံယူပွဲရလဒ်က ဆုံးဖြတ်ရမှာပါ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဝက်ကျော်ရဲ့ ဆန္ဒမဲဖြင့် အတည် ပြု၊ မပြုကိုလည်း နအဖက ရှင်းရှင်းလင်းလင်း မကြေညာပါဘူး။ နအဖရဲ့ ဖေဖေါ်ဝါရီ (၂၆) ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ ဆိုတာမှာ လည်း ဒီအချက်ကို ဘာမှပြောမထားပါဘူး။ ဒါကို ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့ကတကယ်လုပ်မည်ဆိုပါက ကို အခြေခံပြီး နအဖ အနေနဲ့ ဆန္ဒခံယူပွဲဥပဒေ နောက်ဆက်တွဲ ထပ်ထုတ်လေဦးမလားဆိုပြီး မျှော်လင့်ချက်နဲ့ ပကတိအပေါ်အခြေမခံဘဲ ဆန္ဒခံယူပွဲကို သပိတ် မှောက်ရေးတိုက်ပွဲနည်းနာ တင်ပြထားတာကတော့ တာဝန်ခံမှုအပိုင်းအရ ပြောရရင် မလုပ်သင့် ဘူးလို့ ထင်ပါတယ်။ ဥပဒေမဟုတ်တာကို အဟုတ်လုပ်ကိုးကားတဲ့အတွက် လူထုကို မှားယွင်းတဲ့ မက်ဆေ့ခ်ျပေးသလို ဖြစ်နေပါတယ်။ ဆန္ဒခံယူပွဲလုပ်မယ့်အချိန်ကလည်း အတော့ကို နီးကပ်နေ ပါတယ်။ မီဒီယာတွေရဲ့ စွမ်းဆောင်နိုင်မှုကလည်း အချိန်နဲ့တပြေးညီ လူထုဆီကို ရောက်ရှိနေပါ တယ်။ မှန်ကန်တဲ့ တိုက်ပွဲနည်းနာတွေ လူထုဆီကိုရောက်ဖို အရေးကြီးပါတယ်။ တဦးချင်း သဘောထားလို့ ဆိုရာမှာလည်း ပြည်သူလူထုကို ကိုယ်စားပြုခဲ့တဲ့ ကိုယ်စားလှယ်တွေဖြစ်လို့ လည်း အရေးပါ၊ အရေးကြီးလွန်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် တို့ရဲ့ အကျဉ်းကျအခြေအနေကနေ ရှားရှားပါးပါးထွက်ပေါ်လာတဲ့ နှုတ်ထွက်စကားတွေလိုမျိုး တန်ဖိုးကြီးလို့ပါ။

မြန်မာ့နိုင်ငံရေးဖြစ်ထွန်းမှုတွေကို နအဖစစ်အုပ်စုနဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးအကြား ဘောလုံး စကားနဲ့ပြောကြတာ ကြားရပါတယ်။ ဘောလုံးက သူ့ဘက်မှာလား၊ ကိုယ့်ဘက်မှာ လားပေါ့။ဂန္ဒီခန်းမပြီးကတည်းက ဘောလုံးဟာ ကျနော်တို့ခြေထဲမှာ မရှိတော့ပါ။ ဒါကို ပြည်သူလူထုကြီးက ၁၉၉၆ လှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှု စတာတွေနဲ့ ပြန်ရအောင် မနည်းကို လုပ်နေရတာပါ။ နအဖက အဓမ္မနည်းနဲ့ ကျနော်တို့ ပြည်သူလူထုကြီးဘက်ကို ပယ်နယ်တီချည်း လှိမ့်ကန်နေတာပါ။ ၁၉၉၀ ရွေးကောက်ပွဲလှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးတွေလို (Counter Offensive) ပြန်လှန်ထိုးစစ် အဆင်ခံရလို့ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားရတာပါ။ စက်တင်ဘာအုံကြွမှုမှာ လူထုရဲ့ သမိုင်းတာဝန်ကျေမှုက အံ့မခန်းစရာပါ။ တချို့ဆို ဟုတ်မှဟုတ်ရဲ့လားလို့ မှင်တက်မိနေကြတယ်မဟုတ်ပါလား။ မြန်မာပြည် ပြည်သူလူထုကြီးက သမိုင်းတလျှောက်လုံး တာဝန်ကျေခဲ့တာပါ။ စစ်အာဏာရှင် စနစ် သန္ဓေစတည်ဖို့ ကြိုးစားခဲ့တဲ့ အချိန်ကာလကစလို့ ယနေ့အထိပါပဲ။

ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြသူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် ဖျက်သိမ်းပစ်ဖို့ သမိုင်းတာဝန် ကျေကြဖို့ပါပဲ။ ပြည်သူလူထုရဲ့ ပကတိအနေအထား က စစ်အာဏာရှင်စနစ်ရဲ့ ဓားအောက်မှာ အချိန်နှင့်အမျှ နေနေရတာပါ။ စစ်အုပ်စု အကြောက် ဆုံးကလည်း ပြည်သူလူထုကြီးကိုပါ။ အကြောက်ဆုံးဖြစ်လို့လည်း မလှန်နိုင်အောင် အနိုင်ကျင့် ဖိနှိပ်ထားပါတယ်။ ဒါဟာ နအဖစစ်အုပ်စုရဲ့ ပင်ကိုယ်လက္ခဏာလည်းဖြစ်၊ သွေူးးသွေးတန်ူးးသွပ်မှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မရပါဘူး။ လူထုကြီးက အုံကွတိုက်ပွဲဝင်လျှက်ပါ။ ဒီမိုကရေစီရေးတိုက်ပွဲ ဦးဆောင်သူတွေက လူထုကို မှန်ကန်တဲ့ ဦးဆောင်မှုပေးရမှာပါ။ အဲဒီလို ဦးဆောင်မှုပေးဖို့ဆိုရင် လူထုနဲ့ တသားတည်းရှိဖို့ လိုပါတယ်။ ဘယ်လို တသားတည်းရှိအောင် လုပ်မလဲဆိုတာက ကိုယ့်ပြဿနာပါ။ တော်လှန်ရေးပါတီ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန် ကြေညာချက်တွေနဲ့ ကန့်ကွက်ဆန္ဒမဲပေးကြဖို့ လူထုကိုရော အဖွဲ့အစည်းအသီးသီးကိုပါ တပ်လှန့် စည်ုးံးလိုက်ပါတယ်။ တကယ်လို့ နအဖရဲ့ အဓမ္မ ဆန္ဒခံယူပွဲမှာ နအဖက တက်သတ်အနိုင် ယူပြီး ဘယ်သူကမှ လက်မခံတဲ့ ညောင်နှစ်ပင်အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ရင် ဆက်လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်မှုရှိဖို့ကိုလည်း တော်လှန်ရေးသတိနဲ့ ပိုင်းဖြတ်ချက် ရှိရပါမယ်။ လူထု ကို လက်တွေ့ကျကျ ရှေ့ကနေ မားမားမတ်မတ်ဦးဆောင်ပြီး တိုက်ပွဲဝင်ချီတက်သွားဖို့က ကျနော်တို့ ဒီမိုကရေစီရေးတိုက်ပွဲဝင် အဖွဲ့အစည်းများရဲ့ တာဝန်ဖြစ်ပါတယ်။ သမိုင်းက အညာ အတာကင်းသလို သမိုင်းကို ညာလို့လည်း မရပါဘူး။

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရေးဟာ အဖိနှ