|
ထက်ခြမ်းကွဲ တိုင်းပြည်
ခွန်ဆိုင်း (၁၆
. ၃ . ၂၀၀၈)
ပြီးခဲ့တဲ့
ပြည်ထောင်စုနေ့မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
သူရဲ့ကိုယ်ပိုင်စိတ်ကူး ပဲလား၊ တယောက်ယောက်က ရေးပေးတာကို ဖတ်တာပဲလား။
တိုင်းပြည်ပြိုကွဲအောင် ပြည် တွင်းပြည်ပ အတိုက်အခံတွေက
လုပ်နေကြတယ်လို့ပြောတယ်။ စိတ်ပျက်ဖို့ကောင်းပုံက တိုင်း ပြည်ဟာ
သူတို့စစ်အုပ်စု မတရား အာဏာယူကတည်းက ထက်ခြမ်းကွဲနေခဲ့တာ။ တိုင်းရင်းသား
တွေအချင်းချင်း ညီညွတ်ရေးတွေ ပိုပြိုကွဲခဲ့တာ၊ ဆက်ပြိုကွဲနေခဲ့တာ၊
စစ်အာဏာရှင်တွေ အဆက်ဆက် နှိပ်ကွပ်မှုတွေအောက်မှာ မခံနိုင်လို့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပိုပိုများ လာခဲ့ရတာ။ ဒါတွေကို
မသိချင်ယောင်ဆောင်ပြီး သူများကို လက်ညှိုးထိုးတယ်။ တရားခံရှာ တယ်။
ဒါမှမဟုတ် ဒါတွေ တကယ်မသိရလောက်အောင် အမြော်အမြင်နဲတာလား။
ဒီနေရာမှာ
အရေးတကြီးထပ်ပြောဘို့၊ ထပ်သိဘို့လိုတာက တိုင်းပြည်ဟာ ရှေ့လျှောက်
ဆက်ပြီးလည်း အစိတ်စိတ်ပြိုကွဲဦးမယ့် အကြောင်းပါဘဲ။ လောလောဆယ် လူတိုင်း
အလွယ် တကူ မြင်သာတဲ့၊ ရင်ဆိုင်ခံစားနေကြရတဲ့ အချက်က ဒေါင်လိုက်
ထက်ခြမ်းကွဲနေတဲ့ကိစ္စ။ ဒါက ဒီမိုကရေစီကတဖက်၊ အာဏာရှင်တွေကတဖက်
ဖြစ်လာတဲ့ ဧရာမကွဲကြောင်းကြီး။ ဒီကွဲကြောင်း ကြီးက ကြာလေကြီးလေ
ကြီးသထက် ကြီးလာတယ်။ အလံဘယ်တော့မှမလှဲမယ့် ဒီမိုကရေစီကို အမှန်တကယ်
ယုံသူတွေ၊ အနိမ့်ဆုံး အခြေခံ စံတန်ဖိုးတွေဟာ လူထုတွေနဲ့ ထိုက်တန်တယ်၊
ရယူခံစားစေရမယ်ဆိုတဲ့ ပိုင်းဖြတ်ထားတဲ့ အင်အားစုတွေရယ်၊
ဒီအာဏာရှင်စနစ်ကြီးအောက် မှာ ဘာတွေဘယ်လိုကြိုးစားလုပ်လုပ်
မသေရုံကလွဲပြီး ခိုင်မာတဲ့ ဘာစီးပွားတွေမှ ဖြစ်မလာဘဲ ပျက်စီးကြ၊
ဆင်းရဲတွင်းနက်သထက်နက်ကြ၊ ဘာဆက်လုပ်ရမှန်းကို မသိကြတော့တဲ့ ဒုက္ခ
ရောက်နေတဲ့ လူထုကြီးက တဖက်။
တခြားတဖက်မှာတော့ ယူနီဖေါင်းဝတ်ထားရင်၊ သေနတ်ကိုင်ထားရင် ဥပဒေဟာ ငါ့ဟာ၊
ငါ့စိတ်ကြိုက်၊ စိတ်ကူးတည့်တာ လုပ်ချင်တာ ဘာမဆိုလုပ်၊ လုပ်ခွင့်ရှိတယ်၊
ခိုင်းလို့ရ တယ်ဆိုတဲ့ အမိန့်ကိုပဲ ပေးတတ်တဲ့၊ အာဏာနဲ့ပတ်သက်လာရင်
လူထုဆီက လာရတယ်ဆိုတာ ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေမယ့်၊ ဒီလို
ဒီမိုကရေစီစနစ်ကို မယုံပေမယ့်၊ မဆလ လက်ထွက်တွေပီပီ
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတာ လုပ်ခဲ့ဖူးသလိုမျိုး
ဒီမိုကရေစီ(မိတ်အင်မြန်မာ) Democracy (
made in Myanmar )
လုပ်ကြတယ်။ လူထုဆန္ဒနဲ့ ကမ္ဘာ့ဆန္ဒ ကို မလွန်ဆန်နိုင်လို့ ဆေးမီးတိုတခု
ဖြစ်သလိုရှာပေးတာမျိုး မပေးချင်ပေးချင် အကွက်ချပေးရ ပေမယ့် ငွေကြေး၊
အခွင့်အရေးနဲ့ သြဇာခံတွေမွေးပြီး ဆက်ချုပ်ကိုင်ရင်ရမှာလို့ ပိုင်းဖြတ်
အကွက်ချနေတဲ့ နံမည်ခံ ဒီမိုကရေစီသမားတွေက တဖက်မှာ။
ဒီတိုင်းပြည်ရဲ့ ထက်ခြမ်းကွဲကြောင်းဟာ ရှေ့ကို ပိုပိုဆိုးသွားဘို့ဘဲ
ရှိပါတယ်။ နအဖ သံတမန်ပရိယာယ်ကြောင်းနဲ့ သူများကြားကောင်းရုံ
ပြောလာခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာလည်း ဘာမှ အနှစ်မပါတာကို
ဒီလပိုင်းတွေထဲမှာဘဲ နိုင်ငံတကာက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီ။
ကုလရဲ့ မြန်မာနိုင်ငံအရေးကို ကြားဝင်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ပေါင်း (၃၀)
ကျော်ကို နှစ် (၂၀) လုံးလုံး သောက်ဂရုမစိုက် ငါတကောဝါဒနဲ့
လုပ်ပြခဲ့တာတွေဟာလည်း သမိုင်းတရားခံဘယ်သူလဲဆိုတဲ့ မေးခွန်းအတွက်
အဖြေလုံလောက်တယ်။ ဒီဒေါင်လိုက် ဟက်တက်ကွဲကြောင်းတွေအပြင်
အလျားလိုက်ကွဲကြောင်းတွေကလည်း ဆက်တိုက်ပေါ်၊ တိုင်းပြည်ကို
ကပ်သုံးပါးဆိုက်အောင် ဆွဲချသွားဘို့ ရှိနေပါတယ်။ စစ်တပ်ထဲမှာ၊
ရပ်ကွက်ထဲမှာ၊ ကျောင်းသားတွေကြားမှာ၊ ဌာနဆိုင်ရာအချင်းချင်း၊
စီးပွားရေလုပ်တဲ့သူအချင်းချင်း၊ လူမှုရေး လုပ်သူအချင်းချင်းတွေကြားမှာ၊
သံဃာတော်တွေကြားမှာ၊ ဘာသာရေးခေါင်းဆောင်တွေကြား မှာ၊
ဘာသာတခုနဲ့တခုကြားမှာ၊ ဗမာလူမျိုးကြီးနဲ့ လူမျိုးငယ်စုတွေကြားမှာ၊
တိုင်းရင်းသား လူမျိုးစုအချင်းချင်းကြားမှာ၊ တိုင်းရင်းသားလူမျိုး
တစုထဲတောင် အချင်းချင်းကြားမှာ၊ အကုန်လုံး အလျားလိုက် ဒေါင်လိုက်
ကွဲကြမှာပါ။
စစ်အာဏာကိုခိုင်အောင် အလွှာအသီးသီးမှာ အရပ်ဝတ်ပေးလေလေ၊ နအဖ
သဘောကျအဖွဲ့တခု တိုးလေ၊ ကွဲကြောင်းကြီးလေပါဘဲ။ ဘာကြောင့်ပါလဲ။
ဒီအရေခြုံစနစ်မျိုးဟာ အချင်းချင်း သွေးခွဲသပ်လျှိုထားမှ၊ ခွဲထားမှ၊
ကွဲနေမှ ဆက် အသက်ရှင်တတ်တဲ့ စနစ်ဖြစ်လို့ပါဘဲ။ လူတွေ
အကြောက်တရားမရှိတော့တဲ့နေ့၊ လွတ်လွတ် လပ်လပ် ထုတ်ဖေါ်ရဲလာကြတဲ့နေ့မှာ
သူဟာ ဘုန်းဘုန်းလဲကျသေဆုံးသွားရမယ့် စနစ်ဖြစ်နေလို့ ပါ။ ကွဲကြောင်းတွေ
ဘယ်လိုဖြစ်သလဲ။ ဥပမာတခုလောက်နဲ့ရှင်းပြရရင် ကြပ်ပြေးမင်းနေပြည်
တော်နဲ့ ဆက်နွယ်တာမျိုးပေါ့။ နေပြည်တော်ကြပ်ပြေးကိုရွေ့ဘို့
ဘယ်သူဆုံးဖြတ်သလဲ။ ဒါ လူထုသိခွင့်မရှိဘူး။ ဒါ လူထုနဲ့ မဆိုင်ဘူး။
ဘယ်သူမှ တိုင်ပင်စရာမလိုဘူး။ စစ်ရေးအမြင်ရှိတဲ့ မင်းသမတ ဆုံးဖြတ်တာ
ပြောမလား။ စစ်ရေးအမြင်နောက်တမျိုးရှိတဲ့ နောက်ထပ် မင်းသမတ တက်လာရင်ကော
ပိုလုံခြုံအောင် တရုတ်နယ်စပ်ရွှေ့စို့ဆိုလည်း ရွှေ့ကြရဦးမှာလား။
မင်းခစား ဝန်ထမ်းတွေဘ၀က မိသားစုစားဝတ်နေရေးနဲ့ အငတ်မခံနိုင်သေးသမျှ
လိုက်ရွေ့ပြီး နအဖ ယန္တယားကို မောင်းကြရဦးပေါ့။ ဒါကို ဗိုလ်ချုပ်တွေ
အကုန်သဘောတူတယ်။ ၀န်ထမ်းတွေက အကုန်ပျော်မယ်ထင်သလား။ ဘယ်တူမလဲ။
ဘယ်ပျော်ပါ့မလဲ။ ကြပ်ပြေးဟာ မြို့တော်တခု တည်ရမယ့် နေရာမဟုတ်တာ
တွေးတတ်သူတွေ ပါမှာပေါ့။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တာဝန်ရှိတဲ့
ဝန်ကြီးနဲ့ဌာနလည်း တုတ်တုတ်မှ လှုပ်ရဲလိုက်ဘူး။ ဒီလိုမြို့မျိုးတည်ရင်
အနဲဆုံး ပတ်ဝန်းကျင်မိုင် ၅၀ သဘာဝတောရိုင်းတွေ အကုန်ပျက်သွားတာ
ဘယ်သူငြင်းမလဲ။ ဒါပေမယ့် အမိန့်နာခံမှုအရ ဘယ်အရာရှိက အဓွန့်တက်ရဲသလဲ။
ဒါ ဒီစနစ်ရဲ့ မွေးရာပါ မေးခိုင်ရောဂါတမျိုး။ မကျေနပ်လည်း တာဝန်အရ
ဝတ်ကြေ၀တ်ကုန်လိုက်လုပ်ကြရုံပေါ့။ ဒီမေးခိုင်ရောဂါမျိုးက အမြဲ
စိတ်နှစ်ခွ လက္ခဏာပေးတယ်။ ရင်ထဲမှာရှိတာတစိတ်၊ ပါးစပ်ကထွက်တာတစိတ်။
စားပေါက်
ချောင် ဗိုလ်ချုပ်တွေက အိမ်တလုံးထပ်ဆောက်ဘို့ကိစ္စ ထမင်းစား
ရေသောက်ပေမယ့် အောက်ခြေအရာရှိတွေ၊ အရပ်ဝန်ထမ်းတွေဘ၀က မိသားစုကို
ရုံးပိတ်ရက် မှာ ပြန်ပြေးတွေ့ကြရုံ၊ ဆွေတကွဲ မျိုးတကွဲ သားတကွဲ
မကြေမနပ်နဲ့ ကြားရက်တွေမှာ ရုံးတက် ရုံးဆင်းလုပ်ရုံ ကူးချီသန်းချီ
လုပ်နေကြရုံဘဲပေါ့။ သူတို့ အကောင်းဆုံး မျှော်လင့်ဖြေသိမ့်နေမှာ တွေက
အနီးအနားက တသက်လုံး ခုတ်ထွင်ရှင်းလင်း လုပ်ကိုင်နေထိုင်လာကြတဲ့
တိုင်းရင်းသား လယ်သမားတွေဆီက လယ်မြေတွေကို စစ်အစိုးရပီပီ ထုံးစံအတိုင်း
မတရား သေနတ်ပြ ခြိမ်းခြောက် နိုင်ငံတော်အာဏာဆိုတာနဲ့
ဓါးပြတိုက်သိမ်းပိုက်လိုက်တဲ့အခါ အဲဒီမြေတွေထဲက မြေလေးတကွက်လောက်
ခွဲတမ်းလေးရမလား မျှော်ကြရတာမျိုးပေါ့။ ကြွေးတင်ဘုရင်ဆပ်လိမ့် မယ်။ ဒီ
မတရားသံသရာ အကုသိုလ်ကံကြွေးကလည်း ဘုရင်ဘဲဆပ်ရမှာပ။ လောလောဆယ် တော့
မြေတကွက်ရတဲ့နေ့ ပြန်ရောင်းစား၊ အရင်းအနှီးလေးရှာ၊ ဒီခေတ်
ဝန်ထမ်းတယောက်ရဲ့ အစွမ်းကုန်တွေးခွင့်နဲ့ အိပ်မက်က ဒီလောက်ပါဘဲ။
ဒီတော့ ဥမကွဲသိုက်မပျက်သမားနဲ့ ဥကွဲ အသိုက်ပျက်တွေကြားမှာ၊
လယ်သမားတွေနဲ့ အစိုးရကြား အတွင်းကြေ ကွဲကြပေါ့။
အခွင့်ထူးခံဗိုလ်ချုပ်တွေကတော့ ပေ (၁၀၀) ကျော် (၂၀၀) ပတ်လည်
တိုက်ကြီးတွေနဲ့ ဇိမ်ကျနေချိန်မှာ ၀န်ထမ်းတွေက ရုံးစားပွဲတွေဆက်
ကုတင်လုပ်အိပ်နေကြတုန်းပေါ့။ ဒီတော့ လည်း အခွင့်ထူးခံသမားတွေနဲ့
အောက်ခြေပိုင်းတွေကြား အစိုင်အခဲတွေ အသေအချာနဲ့ အတွင်း ကြိတ်ကွဲနေကြတာ
သဘာဝပေါ့။ ဒီဗိုလ်ချုပ်တွေကကွာ၊ ကြပ်ပြေးအိမ်မှာတောင် နိုင်ငံတော်
စားရိတ်နဲ့ ရေလောင်းအိမ်သာကို သိန်း ၅၀ အကုန်ခံတယ်။ ငါတို့ကတော့
တသက်လုံးလုပ်တာ တောင် အိမ်တခန်းမပိုင်သေးဘူးပေါ့။ အောက်ခြေမှာဘဲ သူတို့
တိုးတိုးပြောကြ။ ၀၀စား၊ ဝေးဝေး နေ၊ ၀င်မပါနဲ့၊ ၀တ်ကြေ၀တ်ကုန်လုပ်။
ဒီလောက်ဘဲရတာ။ လာမယ့် စနေအိမ်ပြန်ရမယ့် ရက် ကလေး တွက်နေကြပေါ့။
ပတ်ဝန်းကျင်အနီးအနားက တိုင်းရင်းသား ကရင်ရွာတွေခမျာတော့ ရုပ်ရှင်ထဲက
အတိုင်း ဗိုလ်ကြီးတို့ရောက်လာမှဘဲ ကျမတို့ရွာလေး
ပြေးရပျက်ရပါပြီပေါ့ရှင်။ ချက်ချင်းရွေ့စေ အမိန့်ထုတ်လိုက်တာများ။
သူတို့ရှိနေတာ လုံခြုံရေး စိတ်မချရလို့တဲ့။ သူတို့ရဲ့ ပြည်ထောင်စု
စိတ်ဓါတ်ဆိုတာ ဒါဘဲလား။ ပြည်သူနဲ့တွေ့တော့ ပန်းလိုဆိုတာဒါလား။ သီချင်းက
တမျိုး၊ သတင်းစာမှာထည့်ဖို့၊ သူ့ရက်ရောက်ရင်ဖတ်ပြဘို့က တမျိုး၊
တယ်လီဗေးရှင်းထဲမှာ ဒုံးယိမ်းတွေ ကခွင့်ပေးထားတယ်။ သက်ဆိုင်ရာ
အမျိုးသားနေ့တွေတော့ သူများနိုင်ငံထဲ သွားလုပ်ကြ၊ မဆလတခေတ်လုံးလည်း
အချိန်တန်ရင် ပြည်ထောင်စုအလံလေးပေါ်လာပြီး နိုင်ငံအနှံ့ လှည့်
ပေးခဲ့တာဘဲမဟုတ်လား။ ပြီးမှ ထိုးစစ်တွေထိုးတာ။ စည်းရုံးလို့ရတဲ့၊
နဲနဲသြဇာရှိတဲ့ လူမျိုးစု ခေါင်းဆောင်ဆိုရင် သူ့အောက်ခြေနဲ့
လွတ်သွားအောင် သစ်ကွက်လေး၊ ရော်ဘာခြံလေး၊ လိုင်စင်မဲ့ကားလေးတွေ ပေး၊
လုပ်စားပါစေ၊ သတ်ထိုးထားလိုက်တာပေါ့။
မြို့တော်ရန်ကုန်သားတွေက ခုဆို သိပ်သွေးမကြီးနိုင်တော့ပါဘူး။
မြို့တော်က ဈာန် လျှောသွားပြီကိုး။ နအဖလက်ထက် မီးမလာလို့လည်း
ဖယောင်းတိုင်မီးနဲ့ နေတတ်ပါပြီ။ ကိုယ်တိုင် ရေလှည်းလည်း တွန်းတတ်နေပြီ။
ခန္တီပါရမီတွေ တက်နေတာပ။ ကိုလိုနီလက်ကျန် ပေမယ့် ခုထိ ခမ်းနားထည်ဝါဆဲ
အတွင်းဝန်များရုံးကြီးကတော့ သူ့ကို ဘယ်နေ့ စီးပွါးရေးသမား
တယောက်ယောက်လက်ထဲ လက်သိတ်ထိုး အငှားချတာခံရပြီး စားသောက်ဆိုင်တန်းတွေ
ဖြစ်ကုန်မလား၊ တော်တော်စုံစုံရတဲ့ ဟော်တယ်တွေဖြစ်ကုန်မလား
အတွေးဝင်နေပုံဘဲ။ တရားရုံး ကြီး အဖြစ်လို သူ့ဈာန်လျောမယ့်နေ့ကို
မျှော်နေရရှာပြီ။ ပြည်လမ်းနဲ့ အလုံလမ်းထောင့်က လူထုကို
ဘာအကျိုးမှပေးမသွားနိုင်တဲ့ ပြည်သူ့လွှတ်တော်ဆိုတာကတော့ မိုင်းလား
ကာစီနိုရုံ တွေ သူ့ဆီ နေရာရွေ့မလာရင် ကံကောင်း။
စီးပွါးရေးအကွက်မြင်သူတွေက ဘာလုပ်ရရင် ကောင်းမလဲ၊ ဘယ်သူ့ကိုချဉ်းကပ်ရင်
မီးသေမလဲ၊ အမြဲစိတ်ကူးကွက်တွေ ရွေ့ကြည့်နေတာ။ ဟုတ်တယ်လေ။
မြို့တော်မှမဟုတ်တော့တဲ့၊ နောက် သူ့နေရာက လွှတ်တော်ခေါ်ဘို့ ဓါတ်မစီး
တော့ဘူး။ တကယ်ဆို ဒါတွေက မဆလတုန်းက လူထုပိုက်ဆံတွေ တနင့်တပိုးနဲ့
နှစ်တွေအကြာ ကြီး အချိန်ကုန်ခံ၊ လူတွေသေ ဆောက်ထားခဲ့ရတာတွေ။
ဒါတွေက
အရေးမကြီးပါဘူးဗျာ။ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာလည်း ကမ္ဘာ့
နံပါတ် (၂၂) အမြင့်ဆုံး နံပါတ်ချိတ်တဲ့ အထပ် ၁၀၅၊ အခန်း ၃၀၀၀
ကျော်ပါတဲ့ အံ့ဘွယ် သုံးမြှောင့်ပုံ ဟော်တယ်ကြီးတခု ဆောက်ဖူးပါသဗျား။
တိုင်းပြည်ဝင်ငွေရဲ့ ၂ ရာနှုန်းတောင် သုံးခဲ့ဆိုဘဲ။ ဒီနေ့အထိ ဘယ်သူမှ
လာမတည်း၊ ပစ်ထားလိုက်ရတယ်လေ။ ကလေးတွေ၊ လူထုတွေက အငတ်ဘေးကပ်ကြီးသင့်ပြီး
လူသိန်းချီသေနေချိန်၊ နှစ်တိုင်း စားဘို့မလောက်လို့
ကုလစားနပ်ရိက္ခာအဖွဲ့က ဒေါ်လာသန်းချီ ထောက်နေရချိန်မှာဘဲ သစ္စာခံလူယုံတော်
ဗိုလ်ချုပ် တွေအတွက် ဆုချဘို့ နောက်ဆုံးပေါ် မာစီးဒီးဘင့်စ် (၁၀၀) လောက်
ဝယ်ပစ်ခဲ့သေးတာဘဲ။ ဒါကြောင့် ဒီမှာ ဒီလောက်ငွေကုန်ကြေးကျများတဲ့
နေပြည်တော်ရွှေ့တာ ဘယ်သူဆုံးဖြတ်ခဲ့ပါ လိမ့်ဆိုတာတွေက အရေးမပါဘူး။
မြောက်ကိုရီးယား နျူကလီးယားတက်ကနော်လော်ဂျီလိုမျိုး ပိုင်ဆိုင်လာမှ
လိုတာအကူအညီပေးကြလို့ ခြိမ်းခြောက်အကြပ်ကိုင်တဲ့ နည်းသုံးလည်း ငွေနဲ့
အကူအညီ ရနိုင်တာဘဲ။
ခု
ဒီကြပ်ပြေးမှာ ဧရာမဆောက်လုပ်ရေးကန်ထရိုက်ကြီးတွေ လုပ်ငန်း ကြီးတွေ
ရှိနေပြီ။ အဲဒီမှာ ကန်ထရိုက်အလုပ်တွေက တသက်လုပ်မကုန်ဘူး။ အဲဒါရဘို့က
ဘယ်သူ့ကို ချဉ်းကပ်ရမလဲ။ ဘယ်သူ အဓိကလဲ။ ဒါက အခရာကျတယ်။ ဒီလိုအသားကျ
အာဏာရှင်နိုင်ငံ တိုင်းမှာ သား-တူ-ညီနှင့် ပတ်သက်များ တစုတစည်း
ကောင်းစားရေးဝါဒဟာ ခေတ်စား ထွန်းကားမြဲ။ တွက်ချက်မှု အခြေခံကလည်း
ဈေးတွက်လောက် မခက်ဘူး။ တက်လမ်းရှိတဲ့ ဗိုလ်ချုပ်ကို
ခမီးခမက်တော်မိဘို့နဲ့ ဆရာတင်မိဘို့ရယ်၊ ကျလမ်းရှိတဲ့ ဗိုလ်ချုပ်ကို
ယောက်ခမ မတော်မိဘို့ လိုတယ်။ ဥပမာ - န၀ရတ်ဟော်တယ်နဲ့ မြရိပ်ညို
ရွိုင်ရယ်တို့ကို နှိုင်းယှဉ်ကြည့်လို့ ရတယ်။ အလုပ်က သူ့အချိန်နဲ့သူဘဲ
ဖြစ်တယ်။ အရည်အချင်းမှီ ဖြစ်ထွန်းနေတဲ့ စီးပွါးရေးတွေ မဟုတ်ဘူးလေ။
လူမှီရတာ။ ဒါကြောင့်လည်း စစ်ဗိုလ်ချုပ်တွေကြားမှာ ကွဲကြောင်းရှိတယ်လို့
ပြောတာ။ အောက်ခြေပိုင်းမှာ တပ်ထောက်ကိုင်ရတဲ့ ဗိုလ်နဲ့ သင်တန်းပြရတဲ့
ဗိုလ်တို့ နဲနဲကွဲမှာ ပေါ့။ နယ်စပ်ဂိတ်တံတားထိပ်လုံခြုံရေးကျတဲ့
တပ်စုနဲ့ တပ်ထဲ မြက်ပေါက်ထုံးဖြူးလုပ်နေရတဲ့ တပ်စု ကွဲမှာပ။
အောက်ခြေမှာလည်း လုပ်ခလစာနဲ့ စားစရိတ်မမျှရင် အခွင့်အခါကို
သူ့နည်းနဲ့သူ ရှာဖွေကြ။ ဒါနဲ့ ကွာဟမှုကွဲကြောင်းတွေ ဖြစ်ကြရတာဘဲ။
နအဖရဲ့
ဆရာဒကာစီမံချက်က ဆရာတော်ကြီးတွေနဲ့ တပည့်သံဃာတော်တွေကြားမှာ
ကန့်လန့်ဖြစ် ကွဲကြောင်းထစေတယ်။ နအဖက နိုင်ငံရေးနဲ့ဘုန်းဘုန်းတွေ
မပတ်သက်ခိုင်းဘူး။ ဓမ္မစက်နဲ့ပြီးရင်ပြီး၊ မပြီးရင် အာဏာစက်ရှိတယ်။
သာသနာညှိုးနွမ်းပုဒ်မနဲ့ တွေ့သွားချင်သလား ပေါ့။ နအဖလုပ်တာတွေကို
ဘာမှမဝေဖန်ကြဖို့ ကိုယ်တော်တွေကို အမိန့်ထုတ်တော့ ဆရာတော် ကြီးတချို့
သံဃာထိန်းတပ်မှူးတွေ ဖြစ်လာတယ်။ ဘုန်းဘုန်းတွေမှာ နိပါတ်တော်အကိုး၊
သမိုင်း အကိုးတွေက အများကြီးသား။ လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလက
သာသနာ့အာဇာနည်တွေ တပုံတပင်။ ဘုရားရှင်လက်ထက်တော်က မြတ်စွာဘုရား
ကိုယ်တော်တိုင် မြစ်ရေလုရင်း စစ်ဖြစ် တော့မယ့် တိုင်းပြည် ၂ ခုကြားဝင်၊
ငြိမ်းချမ်းရေးတမာန်လုပ် မဟာသမယသုတ်နဲ့ ဒုက္ခတွေ ကယ်တင်၊ တရားပြနားချ
ဖြန်ဖြေခဲ့ရဘူးတာပ။ ဂျာမဏီမှာ နာဇီတွေလက်ထက်တုန်းက နာဇီ တွေက
ဂျူးတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေလုပ်နေတဲ့အချိန်မှာ ဘာသာရေးအရ
တာဝန်ရှိတဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ရေငုံနှုတ်ပိတ်နေတာ၊
တချို့ ဟစ်တလာကိုအားပေး ခဲ့မိတာ မှားခဲ့ပါတယ်လို့ ဒီနေ့ခေတ်မှာ
ပြန်ဝန်ခံတာတွေ လုပ်နေရပြီ။ အဲဒီတုန်းက နာဇီတွေကို ဆန့်ကျင်ခဲ့လို့
လုပ်ကြံခံရတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပြန်လည်ဖေါ်ထုတ်ပြီး ဂုဏ်ပြု
အောက်မေ့ ချီးကျူးနေကြရပါပြီ။ သံဝေဂတွေက ယူသော်ရ၏ပေါ့။ ဘာသာရေးကို
ခုတုံးလုပ် အသုံးချပြန်ရင်လည်း ဘာသာချင်းတွေကြားမှာ အထင်လွဲစရာ
ဖြစ်တတ်ပါတယ်။
စစ်တပ်ဟာ
မဆလခေတ်မှာထဲက ဌာနဆိုင်ရာတွေကို ချုပ်ကိုင်ဘို့ ညွှန်မှူးညွှန်ချုပ်
ရာထူးကြီးတွေကို သူ့လူတွေ အရပ်ဝတ်ဝတ်ခိုင်း၊ တချို့လည်း
ယူနီဖေါင်းမချွတ်ဘဲထိုးထည့်တာ အစဉ်အလာဖြစ်နေတယ်။ စစ်ကျောင်းဆင်းရင်
အကုန်တတ်ပြီးသားဆိုတဲ့ အတော်ဆိုးတဲ့ ဗိုင်းရပ်စ်တမျိုးက
ဘယ်ဒေသမျိုးစိတ်လဲတော့မသိဘူး။ ကုရခက်တယ်။ ဌာနဆိုင်ရာတွေဟာ မတတ်သာလို့
လက်ခံရပေမယ့် လုပ်ငန်းအောင်မြင်ဘို့ အတော်စိတ်ညစ်ကြရပါတယ်။ ဒါတွေ
ကြောင့်လည်း (back-rock)
မရောက်သေးရင် အမြန်ပို့ပေးလိုက်ဆိုတဲ့ ညွှန်ကြားချက်တွေ ရေနံ
ရှာတဲ့နေရာက ကြားရတာ။ မင်္ဂလာဒုံလေယာဉ်ကွင်းသွားစစ်ရင်း
လေယာဉ်ပြေးလမ်းဘေးက မြက်ခင်းတွေကို ပန်းခြံလုပ်ခိုင်းတာတွေဖြစ်တာ။
ဒီလို အိမ်ကျယ်လုပ်နေလည်းရနေတော့ နိုင်ငံ တကာကို လှမ်းကြည့်ဘို့၊
ယှဉ်ဖို့ မလိုဘူးလေ။ ဒီနေ့ ရုံးတွေ၊ ကျောင်းတွေမှာ (၂၄) နာရီ ဂျူတီ
ဆိုတာ၊ စနေ တနင်္ဂနွေ လုံခြုံရေးဆိုတာတွေက စစ်တပ်ယဉ်ကျေးမှုမှာ
မြစ်ဖျားခံလာတာ အတိအကျပေါ့။ ပညာမတတ်တဲ့ လက်လုပ်လက်စားတွေ ခဏအသာထားလို့
ပညာတတ် ကျောင်းလောက၊ ရုံးလောကအသိုင်းအ၀ိုင်းက လူတွေတောင်
ကိုယ့်မူလအခွင့်အရေးတွေက ဘာ၊ ကိုယ့်ပိုင်ခွင့်တွေက ဘယ်လောက်အထိ
နစ်နစ်နာနာ ချိုးဖေါက်ခံနေရသလဲဆိုတာ မသိရှာ ကြတော့ဘူး။
နအဖက
ထူးထူးခြားခြား မဆလအမွေကို မြတ်မြတ်နိုးနိုး သိမ်းထားတာတွေမှာ
ဖေါင်ကြီးယူနီဗာစီတီ ပါတယ်။ ဖေါင်ကြီးယူနီဗာစီတီဆင်းတွေဟာ ပုံစံခွက်နဲ့
၎ လကျော် လောက် ထမင်းစားလိုက်ရလို့လားမသိဘူး။ တချို့
အာစလျှာစညံ့သွားတယ်။ ဘာမှပြန်ပြော နိုင်စွမ်း မရှိတော့ဘူး။ လူထုကို
အမြင်စောင်းချင်စောင်း၊ အစိုးရကို အမြင်စောင်းချင်စောင်း၊
တခုခုစောင်းသွားတာတော့ သေချာတယ်။ အမြင်တည့်အောင် ကျောင်းက
မသင်ပေးနိုင်တာ သေချာတယ်။ ဘယ်တည့်မလဲ။ သင်တန်းမှာအောင်ဘို့
သူသင်တာဖြေလေ။ ငါသိတာ၊ ငါယုံတာ ဖြေလို့မှမရတာ၊ မအောင်တာ။
ဒီခေတ်ထဲမှာ
ငွေကြေးတင်မဟုတ်ဘဲ ဖေါင်းပွလာခဲ့တာတွေထဲ ယူနီဗာစီတီတွေ၊ ဝန်ကြီးတွေ၊
ဌာနတွေ ပါတယ်။ တကယ်မှာ တနိုင်ငံလုံးက တက္ကသိုလ်ကောလိပ် အကုန်ပေါင်း
လိုက်မှ သူများတိုင်းပြည်က တကယ့်တက္ကသိုလ်လို့ခေါ်တဲ့ ကျောင်းတကျောင်းကို
တယ်အဆင့် မမှီချင်ဘူး။ တိုးတက်မှုကို အရေအတွက်နဲ့ပြရင်
လုံလောက်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးရှိသူတွေကြောင့်
ဖေါင်ကြီးယူနီဗာစီတီတွေ ပေါ်တယ်။ တခါ ကိုယ့်နိုင်ငံအစိုးရ ဝန်ကြီး
အဖွဲ့ဝင်နဲ့ ဌာနဆိုင်ရာအရေအတွက်တွေက ကိုယ့်တိုင်းပြည်ထက် ပိုကြီး၊
ကိုယ့်တိုင်းပြည်ထက် လူဦးရေအဆ ပိုအများကြီးများတဲ့ နိုင်ငံထက်
ပိုများနေ၊ ပိုဖေါင်းပွနေသေးတယ်။ အင်ဒိုနီးရှားနဲ့ ချိန်ကြည့်ပါ။
ဒါတွေဖြစ်တာက သူကောင်းပြုရမယ့်သူတွေ မွေးရင်းမွေးရင်း သူကောင်းတွေ
များပြီး နေရာကမရှိ၊ ရှိအောင်ရှာတော့ ဖေါင်းပွလာရတာလေ။ ဒီစနစ်ဟာ
အလိုလိုဘဲ အခွင့်ထူး ခံ လူတန်းစားတရပ် မွေးဖွားလာစေတယ်။ ခက်တာက
ဒီလူတန်းစားဟာ အချိန်တိုတိုနဲ့ ဘီလျံနာ ဖြစ်ချင်တဲ့ ရောဂါလည်း
ကပ်လေ့ရှိတယ်။ တိုင်းပြည်ဒုက္ခရောက်တဲ့
ရောဂါပေါ့။ တချို့က ဖြစ် သလို တွေးမယ်။ နအဖ ဓါတ်ငွေ့ထုတ်ရောင်း၊
တဖြေးဖြေး တနိုင်ငံလုံး တပြေးညီ ချမ်းသာကြ ကုန်လေသတည်းပေါ့။
ရေနံတွင်းတွေ ဖင်ခုထိုင်ထားတဲ့ ဆော်ဒီတောင် လူတွေ ခုထိ အကုန်
မချမ်းသာလာဘူး။ စော်ဘွားတွေဘဲ အဆမတန် ပိုပိုချမ်းသာသွားတာ။
ရန်ကုန်သားတွေ ကောင်းကောင်းသတိထားမိတဲ့ အချက်က ဗိုလ်ချုပ်ဈေးရှေ့က
ပနက်ချလက်စ ရပ်သွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတခု။ ကန်တော်ကြီးစောင်း
တိရိစ္ဆာန်ရုံ ဘေးက ဆောက်လက်စတန်းလန်း လက်စမသိမ်းနိုင်ခဲ့တဲ့
ဧရာမဟော်တယ်ကြီးတခုအကြောင်း။ ဆူဟာတိုသမီး ဆောက်နေတုန်း
ဆူဟာတိုပြုတ်သွားတော့ ငွေကြေးမသမာမှုတွေ တသီကြီးနဲ့ အမှုတန်းလန်းဖြစ်ပြီး
ရပ်သွားရတယ်လို့ ပြောကြတယ်။ ဒီလိုဘဲ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေ
ကြား၊ ၀န်ငယ်ဝန်ကြီးတွေကြား အချင်းများကွဲပြဲကြတော့ သင်္ကန်းကျွန်း၊
မင်္ဂလာတောင်ညွန့် တဝိုက် စစ်တပ်ဦးပိုင်က ပိုင်တဲ့ ဆောက်လက်စတန်းလန်းနဲ့
ဧရာမအဆောက်အဦကြီးတွေဟာ အများကြီးဘဲ။ တာဝန်ဆက်ယူဘို့ လူမရှိတော့တာလား၊
မူမရှိတော့တာလား၊ ငွေမကျတော့တာ လား။ ဒါမှမဟုတ် ကြပ်ပြေးနေပြည်တော်
စီမံကိန်းဝင်လာ အတည်ဖြစ်သွားလို့ ချက်မတဲ့တော့ တာ၊ နေရာရွေ့ရတာလား၊
အရင်လူလုပ်ခဲ့တာတွေ ဘောင်မ၀င် အကုန်ရပ်စေဆိုတဲ့ ဖြစ်နေကျ တွေလားမသိ။
အကုန်ရပ်၊ မိုးထဲရေထဲပစ်ထား။ မြက်၊ ခြုံတောတွေထ။ နေစရာ စားစရာမရှိ
လူတွေအဖို့ကတော့ နှမြောစရာပေါ့ဗျာ။ ရှေ့လျောက်လည်း
ဒါမျိုးတွေကြုံရမှာဘဲ။ ရန်ကုန်က ရွှေ့ရမယ့် အဆောက်အဦးတွေထဲမှာ
စိတ်ဝင်စားဘို့ကောင်းတာက စစ်သမိုင်းပြတိုက်မျိုး။ တိုင်းပြည်ငွေတွေ
တော်တော်သြထားတာ။ ဒီလို ဦးသူက စိတ်ကူးတည့်ရာ နေရာယူ၊ ညွန့်ပေ့
ဆိုတဲ့နေရာတွေ သိမ်းပိုက်။ လူထုဘဏ္ဍာ ကိုယ့်ဟာမှတ်၊ တဖက်သတ် သုံးသွားသမျှ
တိုင်းပြည် မှာ အကွဲအပြဲ အယိုအဖိတ်တွေနဲ့ မွဲပြာကျ
ဖြစ်နေရဦးမှာချည်းဘဲ။
ကျောင်းသားတွေထဲမှာ ကြံ့ဖွံ့ဝင်ထားရင် ကွန်ပြူတာသင်တန်း တက်ခွင့်ရမယ်။
အင်္ဂလိပ်စာသင်တန်း အခမဲ့ တက်ရမယ်။ နိုင်ငံခြားသွားခွင့်ကြုံရင်
ပိုဦးစားပေးမယ်ဆိုတဲ့ မက်လုံးတွေပေး၊ လူစုရင်း ကျောင်းသားတွေကြား
အခွင့်ထူးခံ အာဏာပိုင်လက်သတ်မွေး အလွှာတရပ် မွေးစားပါတယ်။ ဒီကလေးတွေရဲ့
မှန်ကန်တဲ့ အတွေးအခေါ်တရပ်နဲ့ အောင်မြင် ကြီးပွားခွင့်
ဖျက်ဆီးခံလိုက်ရပြီ။ ရပ်ကွက်ထဲမှာ စွမ်းအားရှင်ထဲဝင်ရင်
ဧည့်စာရင်းတိုင်စရာမလို၊ ချဲရောင်းခွင့်ရှိမယ်။
လမ်းဘေးကျူးကျော်ဆိုင်လေး စည်ပင်က မမြင်ချင်ယောင်ဆောင်ပေးမယ်၊
ဒါလေးတွေနဲ့ အခွင့်ထူးခံအလွှာလေး ဖန်ပေးထားမယ်။ သေနတ်နဲ့ စစ်သားဆိုရင်
ရွာထဲဝင်သာ သွား၊ ရွာသူကြီးက ပြာပြာသလဲ ကြိုရ၊
စားရေးသောက်ရေးစီစဉ်ရယူရတဲ့ ဦးစားပေးအလွှာတခု ပေါ့။
တပ်ကြပ်ကြီးလောက်ဆိုရင် ရဲအုပ်လောက်ကို ဟောက်နိုင်တယ်လို့
အထင်ရောက်နေတတ် တဲ့ အလွှာတခု။ ထောက်လှမ်းရေးဆို တိုင်းမှူးက
သာမန်တပ်မှူးလေးကို ပြန်ကြောက်ရတဲ့ ခေတ်ဖြစ်အောင် တန်ခိုးထွားဖူးတယ်။
အရာရှိဦးထုပ်လေး ကားစက်ဖုံးပေါ်တင်ပြထားရင်တော့ မရှာနဲ့တော့ဆိုတဲ့
အဓိပ္ပါယ်၊ ရှာဖွေရေးတွေကလည်း တောသူတောင်သားဆိုရင် နင်ပဲငဆ။
စစ်တပ်နဲ့ပတ်သက်လာရင် အေးစေသွားစေ၊ လက်ပြတတ်နေတဲ့ ခေါက်ရိုးကျိုး
အရိုးမဲ့ဝန်ထမ်း တွေ ဖြစ်သွားကြတယ်။
ရန်ကုန်က
ယာဉ်ထိမ်းရဲတွေဘ၀က ကားမဲတွေ၊ ငြိမ်းနံပါတ်တွေ၊ မင်းမနိုင်သားလေး တွေရဲ့
ကားတွေကို မကျွမ်းရင်၊ ခွဲခြားသိမထားရင် နယ်ပြောင်းတာ ကောင်းတယ်။
မူရင်း လူမှု ဝန်ထမ်းလုပ်ငန်းဖြစ်တဲ့ မီးသတ်ကို ရ၀တအကူ
ဧည့်စာရင်းစစ်အာဏာလေး ထည့်ပေးလိုက်တာ နဲ့ ဟောက်စားအလွှာလေးတခု
ဖြစ်သွားတယ်။ လူတွေဟာ ဒီစနစ်ကြီးရဲ့ စနစ်တကျ ဖျက်ဆီး
ပုံသွင်းမှုအောက်မှာ ဒေါင်လိုက်တွေ အလျားလိုက်တွေ အစိတ်စိတ်ကွဲကြ၊
ဇာတ်တူသားစားစိတ်၊ ဘယ်သူသေသေ ငတေမာစိတ်၊ ဘနဖူးလည်း သိုက်တူးကောင်းတဲ့
ငါ့ဘို့အဓိကစိတ်တွေ ဖြစ် လာရတယ်။ စစ်အာဏာရှင်တွေလိုချင်တာ
ပုံသွင်းတာကလည်း ညီညတ်တဲ့၊ အကြောက်တရား ကင်းတဲ့စိတ်နဲ့ ရင်ကော့နေတဲ့
လူမျိုးမဟုတ်ဘူး။ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးတွေ။ အတွေး တိမ်တိမ်၊
မျက်လုံးတဖက်ကန်း၊ နားတဖက်ပင်းတွေ။ လူထုကလည်း အကြောက်တရား ကင်းကင်းနဲ့
ညီညွတ်သွားပြီဆိုရင်တော့ သေနတ်တွေကို အရည်ကြိုပစ်ကြမြဲဘဲ။ နှစ် ၇၀
ကျော် သက်တမ်းရင့် အာဏာရှင်တွေကို ရက်ပိုင်းနဲ့ ပုလ္လင်ပေါ်က
ဆွဲချပစ်နိုင်စွမ်းတယ်။ သံမဏိ အင်ပါယာကြီးတွေဟာ ရက်ပိုင်းနဲ့
အငွေ့ပြန် ကောက်ကွေးသွားတယ်။ အတိတ်သမိုင်းသင်ခန်း စာ မယူသူတွေကတော့
ပ& |