|
ဒီလူ ဒီမိုကရေစီချစ်ပုံများဖြင့် ကြောက်များကြောက်ပါဘိလို့ စလိုက်ရရင်ကောင်းမလား
မသိ။
တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီကို လက်နက်နဲ့ဒီမိုကရေစီလဲဖို့
တရားပြခဲ့သူကြီး
ဟာ အခုအခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း
သူတို့ရဲ့ရပ်တည်ချက်နဲ့
"စည်းကမ်း
ရှိတဲ့ ဒီမိုကရေစီ"
လဲသင့်တယ်လို့
တရားပြနေပြနေပြန်ပြီ။
ခုတလော
လူပြောများ၊ လူဆဲများနေတဲ့ မောင်စူးစမ်းရဲ့ဆောင်းပါးတပုဒ်ထဲက
အသုံး
အနှုန်းတခုက ဒီလိုဖြစ်ပါတယ်။
"စစ်တပ်၏
အပြုကဏ္ဍကို
အသိအမှတ်ပြုရန်ဖြစ်သည်”
ဆိုတာ
ပါပဲ။
နအဖစစ်တပ်မှာ မောင်စူးစမ်းပြောသလို
“အပြုကဏ္ဍ”ရှိသလောက်ရှိတယ်လို့ပဲ
ဆိုကြ
ပါစို့။ စစ်တပ်ရဲ့အဖျက်ကဏ္ဍကိုရော
ဘယ်လိုသဘောထားကြမလဲ။ မောင်စူးစမ်းဟာ စစ်တပ်ရဲ့
အဖျက်ကဏ္ဍကို လုံးဝမပြောဘူး။
ဒီနေ့ဗမာပြည်ကြီး ဘယ်လိုဖြစ်နေတယ်ဆိုတာကို သူမသိ
မဟုတ်။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ထားတဲ့ ကိန်းဂဏန်းမျိုးစုံကိုလည်း
သူလက်လှမ်းမမှီတာမဟုတ်။ အဖြစ်မှန်ကို သူသိတယ်။ မပြောရဲတာလို့ဆိုရင်တော့
သူ့အပေါ်
ညှာညှာတာတာစဉ်းစားရာ
ကျလိမ့်မယ်ထင်တယ်။
တချို့နီးစပ်သူများအဆိုအရ
မောင်စူးစမ်းရဲ့
ဒီအယူအဆဟာ
အခုမှမဟုတ်၊ အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်စ ကာလကတည်းက သူ့ခေါင်းထဲမှာရှိခဲ့ပြီး
ဒေါ်အောင်
ဆန်းစုကြည်ကိုတောင်မှ
ထုတ်ဖော်ပြောဖူး၊ တရားချဖူးတယ်လို့ သိရတယ်။ သူ့ဆောင်းပါးထဲမှာ
လည်း သူပြောခဲ့တာတွေကို ရေးသလောက်ရေးထားတယ်။ ကျန်တဲ့လူတွေက ဘာပြန်ပြော
တယ်ဆိုတာကိုပဲ မရေးတာ။
အခုတလော မောင်စူးစမ်းရေးတဲ့ ဆောင်းပါးများအရဆိုရင် သူဟာ ဗိုလ်နေဝင်းရဲ့
မဆလစနစ်ကို ကန့်ကွက်ခဲ့တယ်လို့
ဆိုတယ်။ ဟုတ်ချင်လည်းဟုတ်လိမ့်မယ်။ ဒါပေမဲ့ သူဟာ အဲဒီတုန်းက စစ်တပ်က
အာဏာသိမ်းထားတာ မကောင်းဘူး၊ စစ်တပ်တပါတီ အာဏာရှင်စနစ်
မကောင်းဘူးလို့တော့
မပြောခဲ့တာ သေချာတယ်။ သူ အဲဒီလိုဆိုခဲ့ကြောင်း မှတ်တမ်းလည်း
မရှိ
ဘူး၊
သူကိုယ်တိုင်လည်း ထုတ်မပြောဖူးဘူး။ သူပြောခဲ့တာဟာ ဗိုလ်နေဝင်းရဲ့
စစ်အစိုးရ ဘယ်လိုလုပ်ရင်
ပိုတည်မြဲနိုင်မယ်ဆိုတာပဲ။ မဆလအစိုးရကျဆုံးတာဟာ သူပြောသလို မဆလ
လမ်းစဉ်ကို မစွန့်လွှတ်လို့ ဆိုချင်ဟန်တူတယ်။ ပြန်မပြောနိုင်သူရဲ့
မြေပုံပေါ်မှာခွရပ်ပြီး
“အစက
ငါမပြောဘူးလား”လို့
ဆိုနေတာနဲ့ တူနေတယ်။
မဆလအစိုးရကို(အခုမှ)ဝေဖန်ရာမှာ မောင်စူးစမ်းက
“အာဏာရှိလျှင်
လူ့အဖွဲ့အစည်း ကို ပြောင်းပစ်နိုင်သည်ဟူသော
အယူအဆကိုလည်း စာရေးသူက ဝေဖန်ခဲ့ရသည်”ဆိုတာလည်း
ပါတယ်။ အဲဒီလိုပြောနည်းဟာ နအဖအစိုးရအတွက်ရော အကျုံးမဝင်ဘူးလား။
အာဏာသုံးပြီး အခြေခံဥပဒေကိုရေးဆွဲ၊ အတည်ပြု၊
သူတို့ဖြစ်စေချင်တဲ့
“စည်းကမ်းရှိတဲ့ဒီမိုကရေစီ”ဆိုတာကို
ထူထောင်၊ ဒါတွေကို မောင်စူးစမ်းက သူ့ရဲ့
မဟာဗျူဟာရှုဒေါင့်ကနေကြည့်ပြီး
ဘယ်လိုပြော
မလဲ။ “အရှင်းမင်းကြီးရဲ့
ခြင်္သေ့ကြီးတွေက
ဟိုဖက်ကမ်းကို ခုန်ကူးတော့မလိုလိုပဲ”လို့
ပြောမယ်နဲ့
တူတယ်။
ဒါကြောင့် မောင်စူးစမ်း ဒီတလောရေးနေတာတွေဟာ စစ်တပ်အာဏာသိမ်းထားမှု
ခိုင်မာရေးအတွက်
သဘောတရားတွေသာ ဖြစ်နေတယ်။ အားလုံးသိတဲ့အတိုင်းပဲ နအဖ
စစ်အာ
ဏာရှင်တွေအဖို့
အခုအခါ အရေးတကြီး လိုအပ်နေတာတခုက သူတို့
အာဏာကို
လက်မလွှတ်
တာဟာ တရားနည်းလမ်းကျကြောင်း ထောက်ခံတဲ့ သဘောတရားတစုံသာဖြစ်တယ်။
ဗိုလ်နေဝင်းမှာက
ဟုတ်တာမဟုတ်တာအပထား၊ ဦးဘညိန်လို၊ ဦးချစ်လှိုင်လို သဘောတရား
ဆရာတွေ
ရှိတယ်။
နအဖမှာက တဦးမှမရှိဘူး။
အခု ဆရာမောင်စူးစမ်းဟာ အဲဒီ ဟာကွက်ကို ဖြည့်လေသလား
စဉ်းစားစရာဖြစ်နေတယ်။ သူ ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ၊ ရဲရင့်
တင့်ဆွေလို့
ကလောင်နာမည်ခံထားတဲ့
စာပေစီစစ်ရေးက စာပေကင်ပေတိုင်လို့ နာမည်ကြီးတဲ့
ဗိုလ်မှူးတင့်ဆွေဆိုသူကတော့ မြန်မာတိုင်းမ်စ်ထဲက သူ့ရဲ့ဆောင်းပါးတစောင်ထဲမှာ
ဆရာ
မောင်စူးစမ်းရေးတာတွေကို ကျမ်းကြီးကျမ်းဂန်သဖွယ် ကိုးကားထားတယ်။
တွေ့နေရတာက ဆရာမောင်စူးစမ်းဟာ သာမန်စာဖတ်သူတွေကိုဆိုရင် ကမ္ဘာမှာ
နောက်ဆုံးပေါ်တယ်လို့ ယူဆရတဲ့
အယူအဆတွေကို ကိုးကားပြီး ထုတယ်။ နည်းနည်းလက်ဝဲ
နွယ်သူတွေလို့ ထင်ရသူတွေကိုဆိုရင် လက်ဝဲစာပေတွေထဲက သူ
အသုံးတည့်ရာတွေ ကောက်
နှုတ်ပြီး
ထုတယ်။ ဘယ်ကဟာကိုပဲ ကိုးကား-ကိုးကား
အနှစ်ချုပ်လိုက်ရင် လက်ရှိတည်ရှိနေတဲ့
အခြေအနေ၊ တနည်းအားဖြင့် အစိုးရကိုသာ လက်ခံကြ၊ ဘယ်နည်းနဲ့မှ အံတုဖို့မကြိုးစားနဲ့
ဆိုတာပဲ။
တည်ရှိနေတဲ့စနစ်၊
တည်ရှိနေတဲ့အစိုးရကို
လက်ခံကြ၊ တည်ရှိနေတဲ့
ကိုယ့်ဘဝအတိုင်း
တင်းတိမ်ကြလို့ ရေးတာပဲ။
ဖူကူးယားမားက သမိုင်းဟာ အဆုံးတိုင်သွားပြီ၊ ကမ္ဘာကြီးကို
အမေရေိကန်ကြီးစိုးတဲ့ စနစ်ကိုသာ
လက်ခံကြပေရော့လို့ တရား
ထူထောင်ခဲ့တာကို သတိရစရာပဲ။
မောင်စူးစမ်းရေးတာတွေကို သေချာဖတ်ကြည့်ရင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတည်ဆုံးမနေတယ်ဆိုတာ တွေ့ရပါမယ်။
တချိန်က သူကိုယ်တိုင် ဗဟိုဦးစီးအဖွဲ့မှာပါခဲ့တဲ့ ဆရာမောင်စူးစမ်းဟာ
အခုအခါမှာ ဘာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
အဓိကထား
ထိုးစစ်ဆင်နေသလဲလို့ မေးကောင်းမေးကြပါမယ်။ ဒါပေမဲ့ တချိန်တုန်းက
ဗမာပြည်ကွန်မြူနစ်
ပါတီရဲ့
ရန်ကုန်ခရိုင်မြေအောက်တာဝန်ခံအဖြစ်ကနေ
ထွက်၊ လက်နက်ချပြီး
ဗမာပြည်ကွန်မြူ
နစ်ပါတီကို
တိုက်ခိုက်တဲ့စာတွေ ရေးခဲ့တဲ့ သူ့သမိုင်းကို ပြန်စဉ်းစားလိုက်ရင်တော့
ဒါဟာ
မဆန်းဘူးလို့ပဲ ဆိုရမှာပဲ။
ဆရာမောင်စူးစမ်းရေးတဲ့အထဲမှာ
“လွတ်လပ်ရေးမရမီ
ကြားကာလသမ္မတဖြစ်သူ ဒေါက်တာဘဦးမှလွဲ၍ မည်သည့်သမ္မတ၊
မည်သည့်ဝန်ကြီးချုပ်မှ ခပ်အေးအေးဖြင့် နိုင်ငံရေး
ဇာတ်ခုံပေါ်မှ ဆင်းသွားရသည်ဟူ၍ မရှိခဲ့ပေ”လို့
ပါရှိပါတယ်။
သူပြောတဲ့ဒီအချက်ဟာ လုံးဝ
မှန်ပါတယ်။ ဒါပေမဲ့ ဆရာမောင်စူးစမ်းဟာ အဲဒီခေါင်းဆောင်တွေ
ဘယ်ကိန်းဆိုက်ကုန်ကြတယ်၊ ဘယ်သူ၊ ဘယ်စနစ်ကနေ ထောင်ထဲဆွဲထည့်လိုက်တယ်
ဆိုတာကိုတော့ တခွန်းမှမပြောဘူး။ သူတို့ထိုက်နဲ့သူတို့ကံလို့များ
ပြောချင်သလားမသိဘူး။ ဒါဟာ ဗမာပြည်ရဲ့
ထူးခြားချက်လို့လည်း သူက ပြောပါသေးတယ်။
ဟုတ်တယ်။ ဗမာပြည်ရဲ့ထူးခြားချက်ဟာ
စစ်အုပ်စုတွေက နိုင်ငံ့အာဏာကို ရာစုနှစ်
တဝက်နီးပါး လုယက်ဆုပ်ကိုင်ထားတာပဲ။ ဒါပေမဲ့ ဒါချည်းသက်သက်ပြောရင်
မပြည့်စုံဘူး။ တဖက်မှာ အဲဒီစစ်အစိုးရတွေကို တရက်မခြား နည်းနာမျိုးစုံနဲ့
ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်
ကို
ဖယ်ရှားနေတယ်ဆိုတဲ့အချက်ကိုလည်း
ပြောမှဖြစ်မယ်။ နို့မဟုတ်ရင်
ဗမာပြည်ကြီးနဲ့ ဗမာပြည်သားတွေဟာ
စစ်အာဏာရှင်စနစ်ကို
ကျေကျေနပ်နပ်နဲ့ တသားတည်း နေထိုင်ကြတယ်
ဆိုတဲ့ အဓိပ္ပါယ်ရောက်တယ်။
သူက “ယခုမှ
ဒီမိုကရေစီကိုပြန်စသည်”လို့လည်း
တနေရာမှာ ရေးတယ်။ သူဆိုလိုတာ နအဖအစိုးရ
လုပ်နေတာကို ပြောတာ။ သူပြောတဲ့ ဒီမိုကရေစီစတဲ့အချိန်မှာပဲ သူ့ရဲ့
နအဖ
စစ်အစိုးရဟာ
သံဃာတွေ၊ သီလရှင်တွေအပါအဝင်
ဆယ်ပေါင်းများစွာကို ထောင်နှစ်ရှည်တွေ
ချခဲ့တယ်။
အစမို့တော်တော့တယ်လို့ ဆိုရမလားပဲ။ |