|
အင်တာနက်စာမျက်နှာများကို မိနစ်မလပ်ထိုင်ကြည့်နေသည့် မဲဆောက်တနေရာတွင်
ဖြစ်သည်။ အင်တာနက်စာမျက်နှာတခုကို မည်သူကမသိ ဖျက်ဆီးသွားဟုဆို၏
---------
ယခု
ထိုင်းစံတော်ချိန်
(၅) နာရီခွဲသည်အထိ မြန်မာ့အလင်းသတင်းစာ
မပေါ်လာသောကြောင့် အနှီမြန်မာ့အလင်းတွင်လည်း
မည်သူကမသိ ဖျက်ဆီးသွားပြီလားဟု စဉ်းစားနေခိုက်
------
သိပ်မကြာခင်က ၀ယ်ထားသော နိုကီယာလက်ကိုင်ဖုန်း ထမည်လေသည်။ ဟလို-----
ဟုတ်ကဲ့ အော်----
အော်
တဖက်ကပြောတာက လောင်စာဆီဈေးတက်၍ မြန်မာ့အလင်းသတင်းစာတိုက်မှ
အလုပ်သမား များ ကားမစီးနိုင်ဘဲ လမ်းလျှောက်လာရာ ဆူးလေဘုရားထိပ်၌
ကြံ့ဖွံ့နှင့် စွမ်းအားရှင်းများက ရိုက်နှက်ကာ ဖမ်းဆီးသွားသည်ဆိုသည့်
သတင်းပင်။
ကျုပ်
ရန်ကုန်မြို့ခံတဦးထံ ကမန်းကတန်း ဖုန်းဆက်မေးကြည့်ရာ
မြင်တွေ့လိုက်သူက ------- မင်းတို့ဘယ်ကလဲလို့မေးရော -----
မြန်မာ့အလင်းအဖွဲ့လို့ပြောတာနဲ့------
လာပြန်ပြီလားနောက်တဖွဲ့ဆိုကာ ရိုက်သူရိုက်၊ ဖမ်းသူဖမ်းနှင့်
(၁၀၁) လိုင်းကားပေါ် ခေါ်သွား သည်ကို ဖောက်သည်ချသည်။
သတင်းဆိုသည်
တနေရာတည်းမှ အတည်ပြု၍မရသောကြောင့် ထပ်ဆက်ကြည့်ရာ ဟလို -----
ဟုတ်ပါတယ် -------
ဒီလိုဖြစ်တာပါ။ မနေ့ညက
ပြန်ကြားရေးဝန်ကြီးက အရေးပေါ်အစည်းအဝေး ခေါ်တယ်ခင်ဗျ ------ အဲ့ဒီမှာ
သူက -----------
ဓါတ်ဆီနဲ့လည်ပတ်နေတဲ့ စက်တွေအားလုံးကို (CNG) ပြောင်းသုံးဖို့
နိုင်ငံတော်အကြီးအကဲက
ညွှန်ကြားလာသည့်အတွက် သတင်းစာတိုက်မှ
စက်များကိုလည်း (CNG) ပြောင်းသုံးဖို့ အမိန့် ပေးပါတယ်။
အဲ့ဒါ
လက်ထောက်ညွှန်မှူးက ချက်ခြင်းပြောင်းရင် အချိန်မရတာကြောင့်
သေချာစီစဉ်စေလို ကြောင်း တင်ပြတယ်။ ကျနော်တို့ဌာန စက်တွေက
လျှပ်စစ်နဲ့ပါလို့ ပြောလည်းမရဘူး၊ အကြီးအကဲရဲ့အမိန့်ပဲတဲ့----။
ဒါဆို
ဖမ်းထားတဲ့လူတွေကော ပြန်ရောက်ပြီးလားဆိုတော့ ----------
စစ်ကြောရေးက
လက်လွန်သွားလို့ တယောက်ဒဏ်ရာရထားတယ်။ ပြန်ပို့ဖို့ကလည်း
မှော်ဘီ ဘက်ထိ ခေါ်သွားတာလေ။ ကားထဲမှာ ဓါတ်ဆီမရှိတော့လို့
နောက်ကျမယ်လို့တော့ ကြားတယ် ခင်ဗျ -----။
သြော် ------------- |