|
ရွေးကောက်ပွဲ (၁၇)နှစ်ပြည့် သူတို့၏အမြင်
ရိုးမ ၃။ မေ
၂၅၊ ၂၀၀၇
ဦးဉာဏ်ဝင်း
(NLD ပြောရေးဆိုခွင့်ရှိသူ)
၁၉၉၀
ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရတာဟာ (၁၇)နှစ် ရှိပါပြီ။ စစ်အစိုးရက
ဒီရလဒ်ကို အခုထိ အကောင်အထည် ဖော် လုပ်ဆောင်ပေးတာ မရှိပါဘူး၊
ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
NLD အနေနဲ့ပြောချင်တာကတော့ (၉၀)ခုနှစ် ရွေးကောက်ပွဲ ဟာ
တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အစိုးရက ကြီးကြပ်ပြီး တော့ တရားမျှတတဲ့
ရွေးကောက်ပွဲလို့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကလည်း လက်ခံထားတဲ့
ရွေးကောက်ပွဲ၊ အဲဒီတော့ရွေးကောက်ပွဲဥပဒေအရ ပုဒ်မ (၃)အရလည်း
ရွေးကောက်ပွဲပြီးလို့ရှိရင် ပြည်သူ့လွှတ်တော် ခေါ်ပေးရမယ်။
ပြည်သူ့လွှတ်တော်ကသာ ဆုံးဖြတ် သွားမှာ။ အဲဒီလိုအခြေအနေမှာ အခုထိ
(၁၇)နှစ်ကြာနေတာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရက မိမိလုပ်ထားတဲ့
ဥပဒေကိုတောင် မိမိ မလေးမစားဆောင်ရွက်နေတာလို့ ကျွန်တော်တို့ အဲဒီလို
ပြောချင်ပါတယ်။
တလောကပဲ ရေဒီယိုအင်တာဗျူးတခုမှာ မြန်မာ့နိုင်ငံရေးလေ့လာသူအချို့က
အပြောင်းအလဲ အတွက် လမ်းစဟာ စစ်အစိုးရကလုပ်နေတဲ့ အဆင့် (၇) ဆင့်ကို
ပူးတွဲအကောင်အထည်ဖော် ခြင်းဘဲ ဖြစ်တယ်၊ စစ်အစိုးရနဲ့
ပူးပေါင်းလုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီအပေါ်မှာ NLD ရဲ့ သဘောထားက
ဘယ်လိုပါလဲ။
ကျွန်တော့်အမြင်ကတော့ သတင်းစာဆောင်းပါးတွေမှာလဲ ဒီသဘောတွေ တွေ့ပါတယ်။
အဲဒီ ဟာက ဘာလဲဆိုရင် Follow Me ပေါ့ဗျာ။ အားလုံးက တပည့်ခံကြပါ၊
ခေါင်းလျှိုဝင်ကြပါ။ ခေါင်းလျှိုဝင်ရင် အလုပ်ဖြစ်မယ်လို့
ဒီလိုပြောနေတာပဲ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတရပ် အနေနဲ့တော့
မိမိမယုံကြည်တဲ့ဟာကို ခေါင်းလျှိုပြီး အလုပ်လုပ်ဖို့
အကြောင်းမရှိဘူးလို့ အဲဒီလို ပြောချင်တယ်။
ဝတ်ပြုဆုတောင်းတာတို့၊ လက်မှတ်ထိုးတောင်းဆိုတာတို့၊
တွေ့ဆုံဆွေးနွေးဖို့ တဖက်ကပဲ ပြော နေလို့မဖြစ်တော့ဘူး။
အဆင့်တဆင့်ကိုတက်ဖို့ လိုပြီလို့ အချို့နိုင်ငံရေးအကဲခတ်သူတွေက
ပြောနေပါတယ်။ အဲ့ဒီအပေါ်မှာ အမြင်ဘယ်လိုရှိပါသလဲ။
ဆုတောင်းတဲ့ဟာကို ကျွန်တော်ပြောချင်တာက ဒါဟာ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဘာသာရေးကိုးကွယ်ခွင့် ဒီနှစ်ခု
အကျုံးဝင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် အခုလို အနှောင့်အယှက်ပေးတာ
ဖမ်းဆီးတာတွေအားလုံးဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ
ကိုးကွယ်ခွင့်ကို ချိုးဖောက်နေတာ တရားမျှတမှုမရှိဘူး။ အပြည်ပြည်ဆိုင်ရာ
standard နဲ့ ကြည့်မယ်ဆိုရင် ဒါတွေဟာ လူ့အခွင့်အရေးကို
ချိုးဖောက်နေတာလို့ ကျွန်တော် ပြောချင်ပါတယ်။ အဓိကတော့
အာဏာလက်မလွှတ်ချင်တဲ့သဘောပါပဲ။
နိုင်ငံရေးပါတီတွေ အနေနဲ့က ဒီလို ဥပဒေအရရှိသော်လည်းပဲ
တွေ့ဆုံဆွေးနွေးရေးကို တောင်း ဆိုနေတာက အပြန်အလှန် တစ်ဖက်နဲ့တစ်ဖက်
ညှိနှိုင်းဆောင်ရွက်ဖို့ နိုင်ငံရေးပါတီ အဖွဲ့ချုပ် အနေနဲ့ကတော့
ပါတီကောင်းစားရေးအတွက် မဟုတ်ဘူး။ တိုင်းပြည်ကောင်းစားရေးအတွက်
တောင်းဆိုနေတာပါ။ အဲဒီတော့ ဒီတောင်းဆိုချက်ကို
လိုက်လျှောခြင်းမရှိတာကတော့ မိမိ လက်ရှိအုပ်ချုပ်နေတဲ့၊ ရရှိနေတဲ့
အခွင့်အရေးများကို လက်မလွှတ်ချင်တဲ့သဘော ဖြစ်နေတယ် လို့
အဲဒီလိုပြောချင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ခေါ်ယူရေးဆိုတဲ့
လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အပြောင်းအလဲလုပ်ဖို့များ ရှိပါသလား။
ကျွန်တော်တို့ ဒီရွေးကောက်ပွဲက လွှတ်တော်ခေါ်ယူရေးကိစ္စ၊ အားလုံးသော
ကိစ္စများကို ညှိနှိုင်း တဲ့ စားပွဲဝိုင်းမှာ ရှင်းလို့ရတယ်လို့
ကျွန်တော်တို့ခေါင်းဆောင်တွေက အစဉ်အမြဲပြောတယ်။ ဒါကြောင့်
တကယ်ညှိနှိုင်းလာတဲ့အခါမှာ အပေးအယူလုပ်ဖို့ အဆင်သင့်ပါ။ ဘယ်ကိစ္စကို
စားပွဲ ဝိုင်းမတိုင်ခင် ကြိုတင်ပြီးတော့ ဘယ်ကိစ္စကို ဘာညာဆိုတာမျိုး
ပြောလို့ရှိရင်လည်း pre-connection ဖြစ်ပါတယ်။ ဒါကြောင့်
စားပွဲဝိုင်းမှာ အားလုံးညှိနှိုင်းလို့ရတယ်လို့ အဲဒီလို ပြောချင် ပါတယ်။
စစ်အစိုးရက အခုလုပ်နေတဲ့ ညောင်နှစ်ပင်ကထွက်လာမဲ့ ဖွဲ့စည်းပုံအတိုင်း
ရွေးကောက်ပွဲအသစ် လုပ်မယ်လို့ ဆိုပါတယ်။ ခုလို ၁၉၉၀
ရွေးကောက်ပွဲနှစ်ပတ်လည်မှာ ပြည်သူလူထုကို ဘာများ ပြောချင်ပါသလဲ။
ကျွန်တော်တို့ ပထမဆုံးတွေ့ရှိချက်ကတော့ တိုင်းပြည်မှာ တရားမျှတတဲ့
ရွေးကောက်ပွဲတစ်ခု လုပ်ပြီးတော့ ဆက်လက်ဆောင်ရွက်ရမဲ့ ကိစ္စတွေကို
မဆောင်ရွက်တဲ့၊ မကောင်းတဲ့ အစဉ်အလာကြီးတွေဟာ ဆက်ရှိနေတဲ့အတွက်
နောင်လုပ်မဲ့ ရွေးကောက်ပွဲမှာ အာမခံချက် မရှိဘူးလို့
အဲဒီလိုပြောချင်ပါတယ်။
ကျွန်တော်တို့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့
ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထု တရပ်လုံးက
ရွေးကောက်ပွဲမဲပေးတုန်းကအတိုင်း ဆန္ဒရှိကြမယ်ဆိုရင်
တနေ့နေ့တချိန်ချိန်မှာ ဒီကိစ္စက အောင်မြင်လိမ့်မယ်လို့ အဲဒီလို
ယုံကြည်နေပါတယ်။
မင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)

မကြာခင်မှာပဲ လူထုဆန္ဒ အကြီးမားဆုံး ဖော်ထုတ်ခွင့်ရခဲ့ တဲ့
ရွေးကောက်ပွဲဟာ (၁၇)နှစ် ပြည့်ပါတော့မယ်။ ဘာကြောင့် တိုင်းပြည်မှာ
ဒီမိုကရေစီ အရပ်သားအစိုးရ တရပ် မပေါ်ပေါက်နိုင်တာပါလဲ။
အကြောင်းအချက်တွေကတော့ အများကြီးပေါ့။ အဓိက ကတော့
ရွေးကောက်ပွဲလုပ်ပေးခဲ့တဲ့ အဖွဲ့အစည်းကိုယ်၌ ကိုက သူ့ရဲ့ကတိတွေ
ပျက်ကွက်တာပဲ။ ဖြည့်ဆည်းဖို့ အချိန်မီ ပျက်ကွက်နေတာက
အရင်းခံအကြောင်းပဲ။ အဲဒီအပေါ်မှာတော့ ဒီမိုကရေစီသမားတွေရဲ့ အခွင့်အရေး
တွေပေါ်မှာ ဆုပ်ဆုပ်ကိုင်ကိုင် မဖန်တီးနိုင်ခဲ့တာလည်း
ပါကောင်းပါမှာပေါ့။
ဒီကနေ့ နိုင်ငံနေရာအတော်များများမှာ လူထုတွေ့ရဲ့ ရင်ဖွင့်လာမှုတွေ၊
ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အခွင့်အရေးတောင်းဆိုမှုတွေ များလာပါတယ်။ ဒါကို
စစ်အစိုးရက ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက် တယ်လို့ ဆိုပါတယ်။
မတည်ငြိမ်မှုတွေဟာ တကယ်ပဲဖြစ်နေတာလား၊
မတည်ငြိမ်မှုဆိုတဲ့နေရာမှာ သူတို့ပြောနေတဲ့ တည်ငြိမ်မှုဆိုတာ
သူတို့ဟာသူတို့ ပြောနေတဲ့ စကားလုံးအတိအကျကတော့ တည်ငြိမ်မှုကို
ပျက်ပြားစေမမယ့်မျိုးကို ပြောတာပါ။ သူတို့ တည်ငြိမ်မှုဆိုတာက သူတို့ရဲ့
အာဏာတည်မြဲနေမှုကို ဆိုလိုတာပါ။ ကျွန်တော်တို့ ပြည်သူတွေ ဘက်ကကျတော့
ကိုယ့်ရဲ့အခွင့်အရေးကို တောင်းဆိုကြတဲ့အခါမှာ သူတို့အာဏာတည်မြဲမှုကို
ခြိမ်းခြောက်တယ်လို့။ ပြည်သူတွေဘက်ကတော့ ကိုယ်အခွင့်အရေးကို
နည်းလမ်းပေါင်းစုံနဲ့ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဖော်ထုတ်နေကြရတာပါပဲ။
ဒါပေမဲ့ကျွန်တော်ဆီမှာ အခက်အခဲဖြစ်နေ တာက အဲဒီလို ဖော်ထုတ်တဲ့
ပြည်သူတွေဟာ တံဆိပ်အမျိုးမျိုး အကပ်ခံပြီးတော့ ဖြိုခွင်းခံနေရ တာပါ။
အခြေခံဒီမိုကရေစီ မရဘူးဖြစ်နေတာ။ အဲဒီတော့ တိုင်းသူပြည်သားတွေရဲ့
အခွင့်အရေး အကြောင်းကို ပြောကြမယ်ဆိုရင် ဒီတည်ငြိမ်မှုကို
ခြိမ်းခြောက်တယ်လို့ ငြိမ်ဝပ်ပိပြားမှု ခြိမ်း ခြောက်တယ်လို့ဆိုတဲ့
စကားလုံးတွေနဲ့ ကန့်သတ်ခွင့်မရှိဘူး။ နိုင်ငံသားတွေရဲ့ အခွင့်အရေး
အပေါ်မှာ ဘယ်အရာကမှ လာပြီးလွှမ်းမိုးစေဖို့တော့ မသင့်ပါဘူး။
၈၈ မျိုးဆက် ကျောင်းသားများက (၉၀)ခု ရွေးကောက်ပွဲရလဒ်ကို
ဘယ်လိုမြင်ပါသလဲ။ ဒီရလဒ် ကို အခုထိ စစ်အစိုးရက အသိအမှတ်မပြုတော့
လူထုဆန္ဒကို ပြည့်ဝအောင် ၈၈ မျိုးဆက်များရဲ့ ကျြိးပမ်းမှုတွေ
ဘယ်လိုရှိနိုင်ပါသလဲ။
(၉၀)ခု ရွေးကောက်ပွဲရလဒ်ဆိုတာက ဒီမိုကရေစီသမားမှန်ရင် ပြည်သူ့ဆန္ဒကို
လေးစားရပါလိမ့် မယ်။ ကျွန်တော်တို့ ၁၉၉၀ ရလဒ်ဟာ တိုင်းပြည်အတွက်
အဖြေရှာဖို့အတွက် အကုန်လုံး ဘက်ပေါင်းစုံက ပိတ်နေပြီးတော့ block
ဖြစ်နေတာပေါ့။ အဲဒီလိုအခြေအနေမျိုးမှာ ဒီ ၉၀ ရလဒ် ဟာ
အခြေခံအချက်အလက်ပါ။ ဆိုလိုတာက ပြဿနာကို စေ့စပ်ဆွေးနွေးပြီးတော့
အဖြေရှာရ မယ်။ အဲဒီရလဒ်နဲ့ ချိတ်ဆက်ပြီးတော့ ဖြေရှင်းဖို့ဆိုတာက
ဒါကျွန်တော်တို့ အနိမ့်ဆုံးအဆင့်ကို ကျွန်တော်တို့ပြောနေတာ။
ကျွန်တော်တို့ဟာ အင်မတန်တင်းမာပြီးတော့ အစွန်းရောက်နေ အောင် အလုံးစုံ
အာဏာအပြည့်ဝဆိုတာမျိုးကို ဒီကနေ့ အနိုင်ရထားတဲ့ ပါတီက တောင်းနေတာ
မှမဟုတ်ဘဲ။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖြစ်အောင်
စကားပြောကြရအောင်ဆိုပြီးတော့ ဖိတ်ခေါ်လို့ ညှိနှိုင်းလို့
သဘောတူညီမှုရသွားတယ်ဆိုရင် အဲဒီအပေါ်မှာ ကျွန်တော်တို့က လိုက်ပါ ပြီးတော့
အကြံပေးရမှာဖြစ်တယ်။ အစိုးရအနေနဲ့ကတော့ သူလုပ်ထားတဲ့ ရွေးကောက်ပွဲရဲ့
ရလဒ်ကို အသိအမှတ်မပြုနိုင်တာဟာ တိုင်းပြည်မှာရှိတဲ့၊
ရွေးကောက်ပွဲကျင်းပခဲ့တဲ့ တပ်မတော် ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတယ်။
မဲပေးခဲ့တဲ့ ပြည်သူတွေကိုလည်း ဂုဏ်သိက္ခာ ထိခိုက် စေတယ်။
ခြုံပြောလိုက်ရင် တမျိုးသားလုံးဂုဏ်သိက္ခာ ထိခိုက်စေတယ်။ အဲဒါကြောင့်
ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုတဲ့အနေနဲ့ အဲဒီရလဒ်ပေါ်မှာ ချိတ်ဆက်တဲ့
ဖြေရှင်းမှုတခုခု ကို လောလောဆယ် ပြည်သူနဲ့ ညှိနှိုင်းပြီးတော့ အဖြေတခု
ရှာနိုင်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ လက်ငင်းပြဿနာ
အကုန်လုံးကို ဖြေရှင်းသွားနိုင်မယ်။
စစ်အစိုးရက ညောင်နှစ်ပင်ကထွက်လာမဲ့ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအသစ်ကို
အတင်းအကြပ် လုပ်လာမယ်ဆိုရင် အစဉ်တစိုက်တောင်းဆိုနေတဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဖြစ်လာနိုင်ဖွယ်ရှိပါ့မလား။
ကျွန်တော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တံခါးဖွင့်ထားတာကို
ကျွန်တော်တို့က ပြောတာ။ အဲဒါ ဖြေရှင်းတဲ့နေရာမှာလည်း
စိတ်နှလုံးအခံကတော့ ပြန်လည်သင့်မြတ်ရေးဆိုတဲ့ စိတ်နှလုံးအရင်းအခံနဲ့ပဲ
ဖြေရှင်းမှာ။ မတရားသဖြင့် အင်အားသုံးပြီးတော့ တဖက်သတ်
ခြယ်လှယ်သွားတာမျိုး၊ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ဆန့်ကျင်ပြီးတော့
မိမိအင်အားဖြင့် အနိုင်ကျင့်တာမျိုးတို့ ကျွန်တော်တို့က
လက်ခံမှာမဟုတ်ဘူး။ အဲဒါတွေကို တားဆီးရမှာ။ ပြည်သူ တွေကို ဒီဟာကို
ပညာပေးပြီးတော့ တကယ့်လမ်းမှန် ကမ်းမှန်ဖြစ်အောင်လို့ ကျွန်တော်တို့က
ပြည်သူလူထုနဲ့အတူ ချီတက်ရမှာပေါ့။
ရွေးကောက်ပွဲ (၁၇)နှစ်ပြည့်တဲ့ ယခုကာလမှာ လူထုကို ၈၈ မျိုးဆက်
ကျောင်းသားများကိုယ်စား ဘာများပြောချင်ပါသလဲ။
ရွေးကောက်ပွဲဆိုတာက ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ဖော်ထုတ်ပြသဖို့
အခွင့်အရေး ရတာပါ။ ပြည်သူလူထုက သူတို့ရဲ့သဘောထားကို သတ္တိရှိရှိ
(၉၀)ခုနှစ်က ဖော်ပြခဲ့ပြီးပြီ။ အလားတူပဲ ပြည်သူလူထုက
ကိုယ့်သဘောထားအမှန်ကို အခွင့်အရေးကြုံလာရင် သတ္တိရှိရှိ
ပြနိုင်ဖို့လိုတယ်။ အဲဒီအခွင့်အလမ်းကိုရအောင်လည်း ပြည်သူတွေက
ရှာကြံပြီးတော့ ကျွန်တော် တို့နဲ့အတူ အားထုတ်ဖို့လိုပါတယ်။
x x x x x |