Yoma3

Wednesday
Sep 08th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ

အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ

E-mail Print

(၆၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် လူငယ်စကားဝိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)က  ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍  “စစ်အစိုးရအနေနဲ့က ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု အခန်းကဏ္ဍကို ပျောက်ပျက်မှေးမှိန်အောင် လုပ်ဆောင်နေတယ်၊ အာဇာနည်နေ့ဟာ မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့ မှတ်တမ်းဖြစ်တယ်ဆိုတာကို အဓိက မီးမောင်းထိုးပြချင်တယ်၊ ပြီးတော့ ဒီနေ့ခေတ် လူငယ်တွေကို သမိုင်းလက်ဆင့်ကမ်းချင်တဲ့အတွက် ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဒုဥက္ကဌ ဒေါက်တာအေးကျော်က ပြောသည်။

စစ်အစိုးရအနေဖြင့် တပ်မတော်ကို ဦးစီးတည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အခန်းကဏ္ဍကို မှေးမှိန်ပျောက်ပျက် သွားအောင် လုပ်ဆောင်နေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ဟာ နိုင်ငံတော်အုပ်ချုပ်ရေးအခန်းကဏ္ဍမှာ ပါစရာမလိုဘူး၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးကိုဘဲ တာဝန်ယူရမယ်ဆိုတာကို မှာခဲ့တာရှိပါတယ်၊ ဒါကို ဒီကနေ့ တပ်မတော် ခေါင်းဆောင်တွေက နိုင်ငံရေးမှာ တပ်မတော်က အဓိကအခန်းကဏ္ဍမှာ ရှိရမယ်လို့ ယူဆတာဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်းကို မှေးမှိန်အောင်ပြုလုပ်တာ ဖြစ်တယ်၊ နောက်တခုက ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယလွတ်လပ်ရေးကြိုးပန်းမှု အခန်းကဏ္ဍကို ဖျောက်ဖျက်ချင်လို့ ဒီလိုပြုလုပ်တာဖြစ်တယ်” ဟု ဆက်လက်ပြောသည်။

ယနေ့ကျရောက်သည့် (၁၉) ဇူလိုင် အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ လူငယ်များ၊ ရွှေ့ပြောင်းမြန်မာကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး အာဇာနည်နေ့ အမှတ်တရသမိုင်းကြောင်းများကို ပြောဆိုခဲ့ကြသည်။

အခမ်းအနားတက်ရောက်လာသည့် ကျောင်းသူတဦးက “သမီးစိတ်ထဲမှာ အရမ်းဝမ်းနည်းပါတယ်၊ သမီးမြန်မာနိုင်ငံမှာနေတုန်းကို ဒီအာဇာနည်နေ့ကို ဘာမှန်းတောင်မသိခဲ့ရဘူး၊ အခုမှသိရတော့ ဝမ်းနည်းမိတယ်၊ သမီးတို့ နောင်လာနောက်သားတွေအတွက် ဒီလိုအာဇာနည်နေ့တွေ၊ အထိမ်းအမှတ်နေ့တွေကို လက်ဆင့်ကမ်း ပြောကြားပြုလုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။

အလားတူ ယနေ့ကျရောက်သည့် အာဇာနည်နေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ဒေသတွင်းရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာကြည့်တိုက်များနှင့် အခြား မြန်မာရွေ့ပြောင်း စာသင်ကျောင်းများတွင်လည်း အသီးသီးပြုလုပ်ခဲ့သည်။

 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 58 guests online
General Aung San
Daw Aung San Suu Kyi