Yoma3

Thursday
Sep 09th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တွန်းခဲ့

ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တွန်းခဲ့

E-mail Print

ပညာရေး ဒုဝန်ကြီး၏ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွင် The Voice ဂျာနယ်ဖတ်ရန် တိုက်တွန်းသွားပြီး အခြားစည်းရုံးမည့်ပါတီများကို မယုံကြရန် ပြောဆိုခဲ့ကြောင်း ကျောင်းသားတဦးက ပြောသည်။

ယခုလ (၈) ရက်နေ့က မိတ္ထီလာ စီပွားရေးတက္ကသိုလ်သို့ ပညာရေး ဒုဝန်ကြီး အောင်မျိုးမင်းရောက်ရှိကာ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးသင့်သည်ကို ပြောဆိုသွားခြင်း ဖြစ်သည်။

“ဝန်ကြီးက The  Voice  ဂျာနယ်ကိုဖတ်ကြပါလို့ တိုက်တွန်းတယ်၊ သူပြောတာက အခုလို တိုက်တွန်းပေမဲ့ သူထုတ်ဝေတဲ့ ဂျာနယ် မဟုတ်ဘူးပေါ့၊ ဂျာနယ်ကို လက်က ကိုင်ပြီး ထောင်ပြတယ်၊ မကြာခင်ဆိုရင် မြို့ရွာတွေမှာ ပါတီတွေလာပြီးတော့ စည်းရုံးရေး ဆင်းတော့မယ်၊ အဲဒါ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုရင် ပြောတိုင်း မယုံနဲ့၊ ပါတီတွေက ဆုံးဖြတ်ခွင့်ရှိမှာ မဟုတ်ဘူး၊ လွှတ်တော်ကသာ ဆုံးဖြတ်သွားမှာဖြစ်တယ်၊ နိုင်ငံလူဦးရေ ၅၇ သန်းရှိတဲ့ထဲက ၁၀ သန်းလောက်က မဲမပေးဘူးဆိုရင်တောင် ကျန်တဲ့ လူဦးရေနဲ့ ဆုံးဖြတ်သွားမယ့်အကြောင်း ပြောတယ်” ဟု ကျောင်းသားတဦးက ရှင်းပြသည်။

ယင်းအစည်းအဝေးပွဲတွင် ကျောင်းသားများက လှောင်ပြောင်ရယ်မောခဲ့သည့်အတွက် ဝန်ကြီးက ပါမောက္ခချုပ်ကို အပြစ်တင်ပြောဆိုခဲ့ကြောင်း ၎င်းကျောင်းသားက ဆက်ပြောသည်။

“ပြောသွားတာ အရှည်ကြီးဘဲ၊ အဲဒီမှာ ကျောင်းသားတွေက ဦးအောင်မျိုးမင်း ပြောနေတုန်း တယောက်တပေါက် နောက်ပြောင်နေကြတာ၊ အစည်းအဝေးပြီးခါနီးမှာ အားလုံးလိုလို ဝိုင်းရယ်ကြတော့ ဝန်ကြီးလည်း တော်တော်စိတ်ဆိုးသွားတယ်၊ ပြီးတော့ ပါချုပ်ကို ငေါက်ငမ်းပြီး ထွက်သွားတယ်” ဟု ပြောသည်။

အဆိုပါ အစည်းအဝေးတက်ရောက်ရန်အတွက် မိတ္ထီလာ စီပွားရေးတက္ကသိုလ်မှ ကျောင်းသား/သူ၊ ဆရာ/မ (၃၀၀) ကို မဖြစ်မနေ တက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“တခန်းကို ကျောင်းသား (၁၀) ယောက် မတက်မနေရခေါ်တယ်၊ ဆရာ/မ၊ ကျောင်းသား/သူ အားလုံး ၃၀၀ လောက်တက်ရတာ၊ ကျောင်းသားကတော့ (၂၀၀) လောက်ရှိတယ်” ဟု ဆက်ပြောသည်။

ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ စစ်အစိုးရ ဝန်ကြီးများသည် သက်ဆိုင်ရာ၊ နေရာဒေသအလိုက် စည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်နေလျှက်ရှိပြီး သစ်တောဝန်ကြီး ဦးသိန်းအောင်သည်လည်း ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ဝင်ရောက်ရွေးချယ်ခံရန် အစွမ်းကုန် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိသည်။

 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 39 guests online
General Aung San
Daw Aung San Suu Kyi