Yoma3

Friday
Jul 30th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း လှိုင်သာယာစက်မှုဇုံအမှတ် (၂) မှ Lucky ရှူးဖိနပ်စက်ရုံ ဆန္ဒပြတောင်းဆိုမှုကို တာဝန်ရှိသူများလိုက်လျော

လှိုင်သာယာစက်မှုဇုံအမှတ် (၂) မှ Lucky ရှူးဖိနပ်စက်ရုံ ဆန္ဒပြတောင်းဆိုမှုကို တာဝန်ရှိသူများလိုက်လျော

E-mail Print
ယမန်နေ့ မတ်လ (၈) နေ့ မနက် (၈) နာရီတွင် လှိုင်သာယာစက်မှုဇုံအမှတ် (၂) မှ Lucky ရှူးဖိနပ်စက်ရုံမှ အလုပ်သမား ၅၀၀ ခန့် လုပ်အားခတိုးမြှင့်ပေးရေးအပါအ၀င် အချိန်ပိုကြေးများ ရရှိဖို့အတွက် ဆန္ဒပြခဲ့ရာ တောင်းဆိုချက်အချို့ကို စက်ရုံတာဝန်ရှိသူများက လိုက်လျောခဲ့သည်။

ဆန္ဒပြအလုပ်သမားများသည် ရန်ကုန်-ပုသိမ်းလမ်းမကြီးတွင် ငြိမ်းချမ်းစွာ ထိုင်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြပြီး အဆိုပါအလုပ်သမားများ၏ တောင်းဆိုချက်အချို့ကို အာဏာပိုင်များနှင့် စက်ရုံတာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်း လိုက်လျောခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြအလုပ်သမားများနှင့် နီးစပ်သူဒေသခံက “အလုပ်သမားတွေရဲ့ တောင်းချက်တွေကို လုပ်ပေးတယ်။ အဓိကက ရှားပါးစရိတ်နဲ့ လစာတိုးတောင်းတာလေ။ အိုတီကြေးတွေ မလုံလောက်တာတွေ၊ အဲဒါတွေ သဘောတူပေးလိုက်တယ်။ နောက်တော့မှ ဘယ်လိုအခြေအနေဖြစ်မလဲဆိုတာ မသိရဘူးပေါ့လေ” ဟု ပြောသည်။
 
အလားတူ ဆန္ဒပြမှုများ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုံများတွင် ယခင်လမှစ၍ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ ယခုလ (၃) ရက်နေ့က ရွှေပြည်သာစက်မှုဇုံ အမှတ် (၃) ဖန်ချက်ဝန် ဦးရွှေအိုးလမ်းမှာရှိတဲ့  Grand Royal ၀ီစကီစက်ရုံက အလုပ်သမားတထောင်ကျော်၊ မတ်လ (၄) ရက်နေ့နှင့် (၅) ရက်နေ့မှာ ရွှေပြည်သာစက်မှုဇုံ (၃)၊ UIB၊ အာရှသမာဓိစက်ရုံနှင့် Yes One အထည်ချုပ်စက်ရုံ။ မတ်လ (၆) ရက်နေ့တွင် လှိုင်သာယာစက်မှုဇုံ (၅) မှ ငွေကံ့ကော် အထည်ချုပ်စက်ရုံ အလုပ်သမားများနှင့် Super၊ ကောင်းချီမင်္ဂလာ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုံ အလုပ်သမားများ လစာငွေ မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြတောင်းဆိုချက်များကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် စက်ရုံတာဝန်ရှိသူတွေဘက်မှ မှန်မှန်ကန်ကန် ဖြေးရှင်းပေးခြင်း မရှိဘဲ တချို့စက်ရုံအလုပ်သမားများမှာ နှစ်ခါပြန် ဆန္ဒပြတောင်းဆိုရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်အလုပ်သမားအသိုင်းအဝိုင်းကြား ပြောဆိုနေကြပါသည်။
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 228 guests online
General Aung San
Daw Aung San Suu Kyi