Yoma3

Friday
Jul 30th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း ဂေါပက အတွင်းရေးမှူးလုပ်ရပ်ကြောင့် ဥက္ကဌ ဒေါသထွက်

ဂေါပက အတွင်းရေးမှူးလုပ်ရပ်ကြောင့် ဥက္ကဌ ဒေါသထွက်

E-mail Print
ဖိနပ်မစီးရန်တားမြစ်ထားသော ဘုရားရင်ပြင်တွင် ဂေါပက အတွင်းရေးမှုး၏ သမီးက ဖိနပ်စီးပြီး၊ လာရောက်တားမြစ်သူများကို ရိုင်းပြစွာ ဆက်ဆံခဲ့သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ဥက္ကဌဗိုလ်မှူးမြတ်စိုး (အငြိမ်းစား)သည် ဒေါသထွက်ပြီး  ဂေါပကအဖွဲ့ ရုံးထဲမှာကြိမ်းမောင်းနေသည်ဟု ဂေါပကအဖွဲ့နဲ့  နီးစပ်သူအသိုင်းအ၀ိုင်းက ပြောသည်။

“သူက ဒီသတင်း ဟိုးလေးတကြော်ကြော်ဖြစ်သွားမှုဟာ ဂေါပကအဖွဲ့ရဲ့ ဂုဏ်သိက္ခာထိခိုက်စေကြောင်း လူကြီးတွေက ကြီးတဲ့အမှု ငယ်အောင် ဖုံးဖုံးဖိဖိဆောင်ရွက်နေချိန်မှာ ဒီလိုမလုပ်သင့်ကြောင်း သူသံသယရှိတဲ့ ကျိုက်ခေါက်အင်္ဂါအသင်းက အသင်းသားတွေပဲဖြစ်ရမယ်ဆိုပြီး ကြိမ်းမောင်းနေတာပါ” ဟု ပြောသည်။

ဒီကိစ္စသတင်းထဲပါလာလို ဂေါပကအဖွဲ့ဟာ အကြိမ်ကြိမ်အစည်းအဝေးလုပ်နေကြတယ်လိုလည်း ဂေါပကအဖွဲ့က အောက်ခြေ၀န်ထမ်းတစ်ဦးက ပြောသည။်

အကယ်၍ ဒီကိစ္စကို အစပြုပြီး အခြားငွေကြေးကိစ္စတွေ ပါလာပါက သူ့အပြစ် ငါ့အပြစ်နဲ့ အချင်းချင်းကွယ်ရာမှာ ပြောနေကြပြီး ၎င်းဘုရားပွဲသည် ရန်ကုန်ပတ်ဝန်းကျင်ဒေသတွင် အကြီးဆုံးဖြစ်ကြောင်းနှင့် ဘုရားပွဲ အောက်ခြေနေရာ ကျယ်တဲ့အလျှောက် ဆိုင်ခန်းတွေ ထောင်နဲ့ချီ ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“တနှစ်တနှစ်ဘုရားပွဲမှာ ဆိုင်ခန်းတွေကို သူတိုအချင်းချင်းနားလည်မှုနဲ့ ဂေါပက၀န်ထမ်းတွေက ကိုင်ထားပြီး အမှန်တကယ်ရောင်းချမည့် ဈေးသည်တွေကို ဆိုင်ခန်းခအမြတ်တင်ပြီး ရောင်းချတဲ့ ငွေမပါ တရားဝင်ဆိုင်ခန်းခမှ ရရှိငွေကတောင် အသားတင် ကျပ်သိန်းရာကျော်ထိ ရှိနေတယ်ဆိုတာ နှစ်စဉ်ဈေးလာရောက် ရောင်းချနေတဲ့ မည်သည့်ဈေးသည်မဆိုသိပြီးသားပဲ့” ဟု ပြောသည်။

ဒါပေမယ့်လည်း ဆိုင်ခန်းရရှိရေးအတွက် မိမိတို့ကို ဦးစားမပေးမှာ စိုးတဲ့အတွက်ကြောင့် မည်သူမှ ထိုကိစ္စကို စကားမဟရဲကြပဲ ယခုနှစ် ဘုရားပွဲရှိ ဆိုင်ခန်းခဈေးသည် လမ်းမကြီးပေါ်တွင် ဆယ်ပေကို တစ်သိန်းဈေးပေါက်ပြီး လူစည်ကားမှုအလိုက် လမ်းသွယ်များတွင် ရှစ်သောင်းမှ သုံးသောင်းအထိ အစားစားရှိသည်ဟု ပြောသည်။  

ကျိုက်ခေါက်ဘုရား ဂေါပကများ၏ လာဘ်စားမှု၊ မောက်မာမှုတွေသည်လည်း ဘုရားပတ်ဝန်းကျင်ရွာတွေမှာ မထူးဆန်းသော ကိစ္စတခုလို ဖြစ်နေပါပြီဟု ကျိုက်ခေါက်ဘုရားတွင် ငါးရောင်းနေသော ဈေးသည်တဦးကလည်း  ပြောသည်။
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 231 guests online
General Aung San
Daw Aung San Suu Kyi