Yoma3

Friday
Jul 30th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း ကလေးစစ်သားနှင့်ပတ်သက်၍ သင်တန်းများဖွင့်နေသော်လည်း ကလေးငယ်များ စစ်သားအဖြစ် စုဆောင်းခံနေရ

ကလေးစစ်သားနှင့်ပတ်သက်၍ သင်တန်းများဖွင့်နေသော်လည်း ကလေးငယ်များ စစ်သားအဖြစ် စုဆောင်းခံနေရ

E-mail Print
အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပညာပေး နည်းပြသင်တန်းကို ပြုလုပ်နေသော်လည်း အသက်မပြည့်သေးသည့်  ကလေးငယ်များ စစ်သားအဖြစ် စုဆောင်းခံနေရလျှက်ရှိသည်။

စစ်အစိုးရက ယခုလ ၁၅ ရက်နေ့မှစ၍ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပညာပေး နည်းပြသင်တန်းကို ၅ ရက်တာ ပြုလုပ်နေလျှက်ရှိသည်။

ထိုကဲ့သို့ စစ်အစိုးရက လုပ်ဆောင်နေသော်လည်း ၂၀၀၉ ခုနှစ်အတွင်း ကလေးစစ်သားအမှုပေါင်း (၁၂၁) မှုရှိခဲ့ကြောင်း လမ်းပြကြယ် ဦးအေးမြင့်က မကြာသေးခင်က ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါ သင်တန်းသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အကျဉ်းဦးစီးဌာနာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနနှင့် နိုင်ငံခြားရေးဌာနတို့မှ သင်တန်းသား ၄၀ ဦးတက်ရောက်နေလျှက်ရှိသည်။

ယခုနှစ်ဆန်းပိုင်းတွင်လည်း ကလေးစစ်သားစုဆောင်းမှုများ ဆက်လက်ရှိနေပြီး ပဲခူးမြို့မှ မောင်ဝေချိုဦး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်မှ မောင်အောင်ကိုဇင်နှင့် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှ မောင်ကျော်မင်းထွန်းတို့ သုံးဦးကို သက်ဆိုင်ရာက မိဘများထံ ပြန်ပို့ဆောင်ခဲ့သော်လည်း ကျန်ကလေးငယ်များမှာ စစ်အခြေခံသင်တန်းကျောင်းများတွင် ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ ယခုနှစ်တွင်း ကလေးစစ်သားနှင့်ပတ်သက်သည့် အမှုပေါင်း (၇) မှု တိုင်ထားလျှက်ရှိပြီး ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် (ILO) ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာကယ်ရီတာ ပီအိုလာနှင့်အဖွဲ့အား လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်တို့ တွေ့ဆုံစဉ် ကလေးစစ်သားနှင့် ပတ်သက်သည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။  

ယခုနှစ်ဆန်းပိုင်းအတွင်း မြောက်ဥက္ကလာမြို့နယ်မှ အဖဦးသိန်းထွန်း၏သား မောင်အောင်ကျော်သူအပါဝင် ကလေးစစ်သားအဖြစ် စုဆောင်းခံရသူ (၉) ဦးရှိကြောင်း ဦးအေးမြင့်က ပြောသည်။

စစ်အစိုးရအနေဖြင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် လမ်းညွှန်ချက် (၃) ခုချမှတ်၍ ဖွဲ့စည်းထားခဲ့သော်လည်း နအဖ၏ စစ်သည် အင်အားလိုအပ်ချက်အရ  အသက်မပြည့်သည့် ကလေးငယ်များမှာ လစဉ်စစ်သားအဖြစ် စုဆောင်းခံနေရလျှက်ရှိသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကွမ်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိနေလျှက်ရှိပြီး ရခိုင်ပြည်နယ်သို့ သွားရောက်ကာ လူ့အခွင့်အရေးအခြေအနေများ လေ့လာစုံစမ်းနေလျှက်ရှိသည်။
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 229 guests online
General Aung San
Daw Aung San Suu Kyi