Yoma3

Friday
Jul 30th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း စက်ရုံအလုပ်သမားများဆန္ဒပြပွဲကို လုံခြုံရေးထူထပ်စွာချထားလျှက်ရှိ

စက်ရုံအလုပ်သမားများဆန္ဒပြပွဲကို လုံခြုံရေးထူထပ်စွာချထားလျှက်ရှိ

E-mail Print
လှိုင်သာယာစက်မှုဇုန်အတွင်းမှ စက်ရုံများတွင် အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားနေလျှက်ရှိပြီး လမ်းဘေးတလျှောက် လုံခြုံရေးများတင်းကြပ်စွာ ချထားကြောင်း အလုပ်သမားတဦးက ပြောသည်။

အိုပယ်ဝမ်း၊ အိုပယ်တူး၊ တိုင်ကီ(သုံးထပ်)စက်ရုံများမှ အလုပ်သမား ၂၀၀၀ ခန့်သည် ယမန်နေ့ ညနေပိုင်းကတည်းက တောင်းဆိုချက် (၃) ချက် ရရှိရေးအတွက် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု ပြောသည်။

“အခု ညှိနှိုင်းနေတုန်းဘဲ၊ လုံခြုံရေးတွေကတော့ တော်တော်များတယ်၊ လုံထိန်းကား လက်နက်အပြည့်နဲ့ ၃၂ စီး၊ နောက်ထပ်ရဲကား ၇ စီး၊ မီးသတ်ကား ၅ စီးနဲ့ အချုပ်ကား ၄ စီးကို အပြင်လမ်းဘေးမှာ ရပ်ထားတယ်၊ အထဲကို ဘယ်သူမှ ဝင်လို့မရအောင် ပိတ်ထားတယ်” ဟု ပြောသည်။

အလုပ်သမားများက (၁) လုပ်အားခ လစာ တသောင်းထပ်တိုးပေးရန်၊ (၂) အလုပ်ချိန်လျော့ပေးရန်၊ (၃) အလုပ်သမားများ စားသောက်နေထိုင်သည့်နေရာများ သန့်ရှင်းရေး ဆိုသည့်အချက် (၃) ချက်ကို တောင်းဆိုထားခြင်း ဖြစ်သည်။

ယခုလက်ရှိ အလုပ်ချိန်မှာ နံနက် ၇ နာရီခွဲမှ ည ၁၁ နာရီအထိလုပ်နေရပြီး အလုပ်သမားများ တောင်းဆိုချက်များထဲမှ လုပ်အားခတိုးပေးရေးအတွက် ယခုအချိန်ထိ ဆက်လက်ညှိနှိုင်းနေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယခုဆန္ဒပြနေသည့် စက်ရုံများမှာ အထည်ချုပ်လုပ်ငန်း၊ သကြားလုံးနှင့် စားသောက်ကုန်လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး စက်မှုဇုံအတွင်းရှိ စက်ရုံပေါင်း ၃၀၀ ခန့်မှာ စီးပွားရေး ကျဆင်းမှုများကြောင့် လည်ပတ်နိုင် ခြင်းမရှိတော့ဘဲ ပိတ်ထားရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ယင်းစက်မှုဇုံအတွင်းမှ အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံမှ အလုပ်သမား လုပ်အားခတိုးမြှင့်တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး စက်မှုဇုံ စီမံခန့်ခွဲရေး၊ ပြည်ထဲရေးနှင့် အလုပ်သမား ညွှန်ကြားရေးမှူးဦးစီးဌာနတို့က ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
 
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 229 guests online
General Aung San
Daw Aung San Suu Kyi