Yoma3

Tuesday
Feb 09th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

E-mail Print
စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောက်ခြေတပ်မှူးများ စိတ်ဝင်စားခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်သည် မှန်ကန်ခြင်းမရှိဟု သုံးသပ်ပြောဆိုနေကြသည်။

“စားဝတ်နေရေးကိစ္စကို တပ်ကိုပဲမှီခိုနေရလို့ စိတ်သွားတိုင်း ကိုယ်မပါကြဘူး။ အပြောင်းအလဲတရပ်ဖြစ်မှ အခြားအဆင့်အတန်းများအတွက် အဆင်ပြေမှာပါ” ဟု အမည်မဖော်လိုသည့် ဒုဗိုလ်မှူးကြီးတဦးက ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် လုံခြုံရေးတာဝန်ကျ စစ်သားတဦး (Photo: AP)ရွေးကောက်ပွဲဖြစ်ပေါ်လာပါကလည်း စစ်အစိုးရသာ ရာသက်ပန် သက်တမ်းရှည်မည်ဖြစ်ပြီး ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီးအဆင့်များမှာ ထပ်ဆင့် ရာထူးတိုးမြှင့်ခြင်းမခံရသည်က တပ်တွင်း အကြပ်အတည်းအလွန်ကြီးမားနေကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲက ဘယ်သူပဲနိုင်နိုင် အာဏာရှင်စနစ်ပဲဖြစ်မယ်။ ဒီမိုကရေစီပြည့်ဝအောင် ရမယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး။ မဲသွားပေးလည်း အလကားပဲ” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူနှင့် အောက်ခြေဝန်ထမ်းများကို စားဝတ်နေရေးကိစ္စများဖြင့် လုံးချာလိုက်အောင် ဖန်တီးထားပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားအောင် ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

“တပ်မှာက အသက် ၆၀ ပြည့်ရင် နားရမယ်လေ။ သူတို့က တကယ်တမ်း မနားရဲပါဘူး။ ဒါကြောင့် ကျနော်တို့အဆင့်တွေ အောက်ခြေမှာ ပိတ်ဆို့နေတာ။ ဒီကိစ္စကို အားလုံးက မကျေနပ်ကြဘူး။ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မေလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အတွင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။
 

 

ကိုမင်းကိုနိုင်၏ နောက်ကြည့်မှန်ဝတ္တု

 Fax – 055545495

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         
AHRC Urgent Appeals: Yoma3 News
Request Message
General Aung San
Daw Aung San Suu Kyi

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
(From 24.12.08, 5:00 pm)

လက်ရှိဧည့်သည်

We have 116 guests online