Yoma3

Friday
Jul 30th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း လိုင်စင်မဲ့ မြေတူးစက်ဖမ်းမိခြင်းနှင့် ဆက်စပ်၍ ခရိုင်ရဲမှူး အရေးယူခံနေရ

လိုင်စင်မဲ့ မြေတူးစက်ဖမ်းမိခြင်းနှင့် ဆက်စပ်၍ ခရိုင်ရဲမှူး အရေးယူခံနေရ

E-mail Print
ပြီးခဲ့သည့်လ (၂၆) ရက်နေ့က ကရင်ပြည်နယ်၊ နောင်လုံတောင်ကြားတွင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ မြေတူးစက် ၂ စီးအမှုနှင့်ပတ်သက်၍ ဘားအံခရိုင် ရဲတပ်ဖွဲ့မှူးကြီး မောင်မောင်အား ရုံးတင်စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိသည်။

အဆိုပါ မြေတူးစက်များသယ်လာသည့် ဆေးတပ်ကြပ် မျိုးအောင်အား စစ်ဆေးနေစဉ်အတွင်း ထွက်ပြေးလွတ် မြောက်သွားသည့်အတွက် တာဝန်ရှိသူ ခရိုင်ရဲမှူးအား ယခုလ (၁၁) ရက်နေ့တွင် ရုံးတင်စစ်ဆေး နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတဦးက ပြောသည်။

“အခုအခေါက်က ၃ ခေါက်မြောက် သယ်လာတာ၊ အရင် ၂ ခေါက်ကလွတ်သွားပြီး ဒီတကြိမ်မှ မိတာ၊ ဖမ်းခိုင်းတာက ပ.ယ.က ဗိုလ်မှူးချုပ် ဇော်မင်းက ရဲမှူးကြီးကျော်မြင့်ကို ခိုင်းခဲ့တာ၊ သူကတဆင့် မြို့နယ်မှူး ဒုရဲမှူးဝင်းမြင့်နဲ့ နယ်ထိန်း ဒုရဲအုပ် ဝင်းနိုင်တို့ကို တဆင့်ဖမ်းခိုင်းလိုက်တာ” ဟု ပြောသည်။

ဖမ်းဆီးရမိသည့် Caterpillar အမျိုးအစား မြေတူးစက်နှစ်လုံးကို ပျဉ်းမနားမြို့ရှိ Soo_ Pin Company က ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ပြီး မြဝတီမြို့ ဒီကေဘီအေ အမှတ်(၁၀) ဂိတ်မှ တင်းသွင်းလာခြင်းဖြစ်ကာ စက်တစီးလျှင် သိန်း ၅၀ နှုန်းဖြင့် တပ်ထိန်း ဒုတပ်ကြပ် အောင်ဖြိုးဝင်းနှင့် ဆေးတပ်ကြပ် မျိုးအောင်တို့က သယ်ဆောင်လာခြင်း ဖြစ်သည်။

“သယ်လာတာက စုစုပေါင်း ၃ စီး၊ နောက်တစီးက ကျုံဒိုးက ခမရ(၅၄၅)ထဲမှာ ဖွတ်ထားတာကနေ ဗိုလ်မှူးချုပ် ဇော်မင်းက မြန်မာသစ် တောက်ငှက် (company)ကို ငှားထားတယ်။ အဲဒီတစ်စီးတော့ အမှုမဖွင့်ဘူး” ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် မျိုးအောင်ဆိုသူမှာ လိုင်စင်မဲ့ကားများကို သွင်းယူ သယ်ဆောင်နေခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေသူဖြစ်ပြီး အာဏာပိုင်များနှင့် အဆင်ပြေသူတဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပြည်ထဲရေးဝန်ကြီးက လက်တဆုံးနှိုက်ဖော်ထုတ်ဖို့ မှတ်ချက်ပေးတယ်၊ ဒီမျိုးအောင်ဆိုတဲ့သူက ခုစစ်ဆေးတော့မှ စစ်ပြေးမှန်း သိကြတာ၊ ဒါကလည်း သူထွတ်ပြေးသွားပြီးမှ သိကြတာလေ၊ နားမလည်တာက စစ်ပြေးက တပ်ထိန်းနဲ့တွဲပြီး အလုပ်လုပ်နေတာကို တပ်ထိန်းက မဖမ်းဘူးလား၊ ပြီးတော့ ကျနော်တို့ ရဲက မှု/ကူ၊ ဒ/န၊ နယ်ထိန်း၊ ဦးစီး(၁)တို့နဲ့လည်း အရမ်းရင်းနှီးကြတယ်၊ ဒီကောင်က လိုင်စင်မဲ့ကားဆို အကုန်လုပ်တယ်၊ သူတို့ တတွေဘဲ မျိုးအောင်ကားတွေ ငှားငှားစီးနေကြတာဘဲ” ဟု ပြောသည်။

ယင်းအမှုအား လာရောက်စစ်ဆေးသူမှာ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေအေးဖြစ်ပြီး ယခုအခါ ရဲမှူးကြီးမောင်မောင်ကို နေပြည်တော်သို့ ပို့ဆောင်ထားပြီး မည်ကဲ့သို့ အရေးယူမည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 234 guests online
General Aung San
Daw Aung San Suu Kyi