Yoma3

Thursday
Sep 02nd
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း ကြံ့ဖွံ့အာဏာပိုင်ကို သံဃာထုနဲ့ မြို့ခံများ မကျေနပ်ဖြစ်

ကြံ့ဖွံ့အာဏာပိုင်ကို သံဃာထုနဲ့ မြို့ခံများ မကျေနပ်ဖြစ်

E-mail Print
ကြံ့ဖွံ့အတွင်းရေးမှူး၏ လုပ်ရပ်ကြောင့် သံဃာတပါး စစ်ကြောရေးစခန်းမှ ဆေးရုံတင်ထားရပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သံဃာထုနှင့် မြို့ခံလူထုက မကျေမနပ် ဖြစ်နေကြသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကြံ့ဖွံ့အတွင်းရေးမှူး အောင်ကြည်ဝင်း၏ သတင်းပေးတိုင်တန်းမှုကြောင့် ကျောက်ပန်းတောင်းမြို့၊ သုခဝတီကျောင်းတိုက်မှ အရှင်ဇောတိကကို ပြီးခဲ့သည့် ၅ ရက်ခန့်က ဖမ်းဆီးပြီး မန္တလေး၊ အိုးဘိုထောင်စစ်ကြောရေးတွင် စစ်ဆေးနေစဉ် ဆေးရုံတင်ထားရခြင်းဖြစ်သည်။

“ဖြစ်တာက အဲဒီ အောင်ကြည်ဝင်းဆိုတဲ့သူက ကျောက်ပန်းတောင်းမှာ မိတ္တူကူးဆိုင် ဖွင့်ထားတာ။ အဲဒီဆိုင်ကို အရှင်ဇောတိကနဲ့ သံဃာတပါးက မိတ္တူသွားကူးတာ။ အဲဒီမှာ သူ့သမီးနဲ့တွေ့တော့ ဦးဇင်းက မိတ္တူကူးလို့ရလားဆိုတော့ ကောင်မလေးက ဖတ်ကြည့်ပြီး ရပါတယ်ဆိုပြီး သူ့အဖေကို ပြောတာ။ ပြီးတော့ မန္တလေးကို ဖုန်းဆက်လိုက်တော့ ပါဂျဲရိုး တစီးရယ် ကားအဖြူတစီးရယ် လာစောင့်ပြီး ဖမ်းသွားတာ။ တပါးကတော့ လွတ်သွားတယ်” ဟု မြို့ခံတဦးက ပြောသည်။

ယင်းနောက် မန္တလေး၊ အိုးဘိုထောင်စစ်ကြောရေးတွင် စစ်ဆေးနေစဉ် အရှင်ဇောတိက,က အိတ်ထဲတွင် ပါလာသည့် ဘရိတ်ဓါးဖြင့် ကိုယ့်ကိုယ်ကို ပြန်လှီးလိုက်သည့်အတွက် ဆေးရုံတင်ထားရကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

“ဦးဇင်းကို ဖမ်းသွားတာက SB က ကျော်ဌေး။ သူ့ကိုတောင် ခေတ္တထိန်းထားတယ်လို့ ကြားတယ်။ တကယ်လို့ ဦးဇင်းတခုခုဖြစ်သွားရင် သူပါ ပြဿနာဖြစ်မယ့်သဘောပေါ့။ သေချာတာက ဦးဇင်းကို ဝမ်းကိုက်တာကြောင့် မန္တလေးဆေးရုံကြီးမှာ တင်ထားတယ်လို့ ပြောတယ်” ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

၎င်းအတွင်းရေးမှူး အောင်ကြည်ဝင်းသည် တိုင်းကြံ့ဖွံ့ကိုယ်စားလှယ်တဦးဖြစ်ပြီး ကျောက်ပန်းတောင်းမြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသူဖြစ်ကြောင်း ဆက်ပြောသည်။

ယင်းလုပ်ရပ်နှင့်ပတ်သက်၍ “သူ့အိမ်မှာ ထိုင်ဆွမ်းကြွတဲ့ ကိုယ်တော် ၅ ပါးရှိတယ်။ အခုဆို သူ့အိမ်ကို ဘယ်ရဟန်းသံဃာတွေမှ ဆွမ်းခံမကြွတော့ဘူး။ ကျောင်းပန်းတောင်းမြို့ပေါ်က လူတွေရော၊ သံဃာတွေရော တော်တော်ကို မကျေမနပ်ဖြစ်နေတယ်။ သူတို့မိသားစုကို တခုခုကို လုပ်ချင်နေကြတာ” ဟု  မြို့ခံက ဆက်လက်ပြောသည်။
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 14 guests online
General Aung San
Daw Aung San Suu Kyi