Yoma3

Thursday
Sep 02nd
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီက လူထုလှုပ်ရှားမှု ပို့စ်ကဒ်များ ဖြန့်ဝေ

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီက လူထုလှုပ်ရှားမှု ပို့စ်ကဒ်များ ဖြန့်ဝေ

E-mail Print
သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီက ကြွေးကြော်သံ (၄)းချက်ပါသည့် ပို့စ်ကဒ်များ ဖြန့်ဝေခြင်းလှုပ်ရှားမှုကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နိုင်ငံအဝှမ်း သမဂ္ဂများ ပေါ်ပေါက်ရေး၊ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်ရေးဟူသည့် ကြွေးကြော်သံ (၄) ချက်အကောင်ထည်ဖော်ရာတွင်  ပြည်သူများ ပါဝင်လာစေရန်အတွက် ယခုကဲ့သို့ လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အိမ်နံရံတွင် ကပ်ထားသည့် ပို့စ်ကဒ်တခုအဆိုပါလှုပ်ရှားမှုကို ရန်ကုန်၊ ပဲခူး၊ မှော်ဘီ၊ မန္တလေး၊ ကျောက်ဆည်၊ စစ်ကိုင်း၊ စဥ့်ကိုင်နှင့် ပြင်ဦးလွင်မြို့များရှိ ဘုန်းကြီးကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ဈေးဆိုင်များ၊ ဓါတ်တိုင်များနှင့် နေအိမ်များတွင်  ပို့စ်ကဒ် အခု ၅၀၀ ကျော်အား ဖြန့်ဝေကပ်ထားခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီကို သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ) အပါအဝင် ပြည်တွင်းအင်အားစု ၁၄ ဖွဲ့တို့က လုပ်ငန်းစဉ် (၇) ရပ်ချမှတ်ကာ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီတွင် သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ လွတ်လပ်သော သတင်းနှင့် နည်းပညာအစည်းအရုံး၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်(ပြည်တွင်း)၊ မြန်မာနိုင်ငံ အလုပ်သမားများအစည်းအရုံး၊ မြန်မာနိုင်ငံ စာပေပညာရှင်များအစည်းအရုံး၊ အသိပညာရှင် အတတ်ပညာရှင်များ အစည်းအရုံး၊ တောင်သူလယ်သမားများသမဂ္ဂ၊ တိုင်းရင်းသားလူငယ်များ အစည်းအရုံး၊ မြန်မာနိုင်ငံ သုခုမပညာသည်များအစည်းအရုံး၊ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ၊ တောင်ငူတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် လွိုင်ကော်တက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပါဝင်သည်။
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 14 guests online
General Aung San
Daw Aung San Suu Kyi