Yoma3

Monday
Feb 08th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း ငွေကြေးမတတ်နိုင်သဖြင့် ကျောင်းသားထက်ဝက်ခန့် ကျောင်းမတက်နိုင်

ငွေကြေးမတတ်နိုင်သဖြင့် ကျောင်းသားထက်ဝက်ခန့် ကျောင်းမတက်နိုင်

E-mail Print
ငွေကြေးမပြေလည်မှုနှင့် ကုန်ကျစရိတ်များပြားမှုကြောင့် တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသားထက်ဝက်ခန့် ကျောင်းတက်နိုင်ခြင်းမရှိတော့သည့် အခြေအနေ ကြုံတွေ့နေရသည်။

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ တောင်ကြီးတက္ကသိုလ်တွင် ယခုနှစ် ဒုတိယနှစ်ဝက် ကျောင်းတက်ချိန်တွင် တက္ကသိုလ်တခုလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ထက်ဝက်နီးပါး ကျောင်းမတက်နိုင်တော့ကြောင်း တောင်ကြီးတက္ကသိုလ်နှင့် နီးစပ်သူတဦးက ပြောသည်။

"အခုကျောင်းသားတွေ စာမေးပွဲနီးမှ ကျူရှင်ပဲ တက်ကြတယ်၊ အဆောင်ကြေးရော၊ အခြားစရိတ်တွေရောဆို တသိန်းလောက်ကျတော့ မတက်နိုင်ကြဘူး၊ တချို့အဆောင်ဆို ပိတ်လိုက်ရတာတွေတောင်ရှိတယ်" ဟု ပြောသည်။

ကျောင်းသားကျောင်းသူများအနေဖြင့် စာမေးပွဲဖြေရန် တလအလိုလောက်တွင် အတန်းပိုင်းဆရာမများထံ ကျူရှင်တက်ပြီး မေးခွန်းထုတ် ဖြေဆိုကာ ပြန်သွားခြင်းများ လုပ်နေသည်ဟု ဆက်ပြောသည်။

"ဖြေခါနီးမှာ ကျောင်းက ဆရာမတွေက တိုးတိုးတိတ်တိတ် ကျူရှင်ပေးလိုက်တာကိုပဲ တက်လိုက်ကြတာ၊ တဘာသာကို ၆,၀၀၀၊ ၇,၀၀၀ ပေးရတယ်၊ သုံးပတ်၊ တလလောက်တက်ရတာ၊ ပြီးရင်း မေးခွန်းထုတ်ပေးလိုက်တယ်၊ အဆောင်မှာ လာနေ၊ အဲလိုတက်ပြီးစာမေးပွဲဖြေပြီး တခါတည်းပြန်ကြတာ၊ ကျောင်းတက်တယ်ဆိုတာ မရှိတော့ဘူး" ဟု ၎င်းက ဆက်ပြောသည်။

ယခင်က ကျောင်းသား ၂၀ ရှိသော အဆောင်တွင် ယခုအခါ ကျောင်းသား ၃ ဦးလောက်သာရှိပြီး တောင်ကြီးတက္ကသိုလ်အနီးတွင် အဆောင် ၅၀ ရှိကာ မှတ်ပုံတင်ထားခြင်းမရှိသည့် အဆောင်များလည်း ရှိသည်။

"တချို့က အိမ်မှာ လေးငါးယောက် ထားတာရှိတယ်၊ အဆောင်ကြီးတွေ လေးငါးဆယ်ထားတဲ့ အဆောင်တွေမှာလ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပဲ ရှိတယ်၊ ပြီးခဲ့တဲ့နှစ်ကမှ ကျောင်းတက်တာရှိသေးတယ်၊ အခု တော်တော်ကို လျော့သွားတာ" ဟု ပြောသည်။

ယခုနှစ်၊ ပထမနှစ်ဝက် ကျောင်းဖွင့်ချိန်မှာ ဇန်နဝါရီလတွင် စတင်ကာ မတ်လ နောက်ဆုံးပတ်တွင် ပိတ်လိုက်ပြီး ဒုတိယနှစ်ဝက် ကျောင်းဖွင့်ချိန်ကို ဇွန် ၂ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

"ဒုတိယနှစ်ဝက်ပြန်ဖွင့်တာက ဇွန် ၂ ရက်နေ့က၊ ဒါပေမဲ့ ကျောင်းသားက သုံးပတ်လောက်နေမှ စုံတာ၊ အဲဒီစုံတယ်ဆိုတာတောင် တဝက်လောက် လျော့ကြသွားပြီ၊ အဓိကကတော့ ကုန်ကျစရိတ်က အစစအရာရာ ကြီးလာတော့ စီးပွားရေးလဲ မပြေလည်လို့ အခုလိုဖြစ်တာ" ဟု ဆက်လက်ပြောသည်။
 

 

ကိုမင်းကိုနိုင်၏ နောက်ကြည့်မှန်ဝတ္တု

 Fax – 055545495

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         
AHRC Urgent Appeals: Yoma3 News
Request Message
General Aung San
Daw Aung San Suu Kyi

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
(From 24.12.08, 5:00 pm)

လက်ရှိဧည့်သည်

We have 39 guests online