Yoma3

Thursday
Sep 02nd
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး

မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး

E-mail Print
နာဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရသည်မှာ (၈) လ ပြည့်မြောက်ခဲ့သော်လည်း ဧရာဝတီတိုင်း၊ ဘိုကလေးဒေသအတွင်း ယခုချိန်ထိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျေနပ်စရာမရှိသေးကြောင်း ဒေသခံများက ပြောသည်။

မုန်တိုင်းဒဏ်ခံခဲ့ရသည့်  ဘိုကလေးမြို့နယ်အတွင်း အခြေအနေများကို ဒေသခံတဦးက “ပြန်လည်တည်ဆောက်ရေးဆိုပြီး ဒီရက်ပိုင်းထဲမှာ (၆) ရပ်ကွက်၊ (၈) ရပ်ကွက်တွေမှာ နေအိမ်ဆောက်ပေးဖို့ လုပ်နေတယ်၊ ဒါပေမဲ့လည်း တကယ်ဆင်းရဲတဲ့ (၇) ရပ်ကွက်မှာကျတော့ ဘာမှလုပ်ပေးတာ မရှိဘူး၊ အဲဒီရပ်ကွက်မှာက ပျက်စီးသွားတဲ့အိမ်တွေက သေးသေးကြီးကြီး ပြန်မပြင်နိုင်ဘူး”ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။

စစ်အစိုးရအာဏာပိုင်များက မုန်တိုင်းဒဏ်ခံလိုက်ရသည့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ပြီးခဲ့ကြောင်း ပြောဆိုနေသော်လည်း ဘိုကလေးမြို့ပေါ်တွင် အမိုးအကာများပျက်စီးသွားသည့် ကျောင်းအနည်းငယ်ကိုသာ ပြန်လည်ပြုပြင်ထားသည်ဟု မြို့ခံက ပြောသည်။

“မြို့နယ်ပညာရေးမှူးရုံးရဲ့ ခေါင်းရင်းဘက်မှာရှိတဲ့ ကျောင်းတောင်မှ ဓနိမိုး ဓနိကာနဲ့ပဲ သင်နေရတယ်၊ မြင်းကကုန်းအနောက်ဘက်က ကွင်းကျောင်းဘက်မှာဆိုရင် ကျောင်းတွေက အကုန်ပြိုသွားတာ၊ အဲဒါတွေကို အခုထိ ပြန်မဆောက်နိုင်သေးဘူး၊ ရွက်ဖျင်တဲတွေနဲ့ သင်နေရတယ်၊ မြင်းကကုန်းမှာဆိုရင် (၁၀) တန်းအပြင်ဖြေဖြေမဲ့ ကျောင်းသားတွေဆိုရင် မြို့မှာသွားဖြေရမယ်၊ အဲဒီမှာ ဖြေစရာကျောင်းက အခုထိမရှိဘူးဖြစ်နေတယ်”ဟု ပြောသည်။

ဘိုကလေးဒေသအတွင်း ပညာရေးပိုင်းဆိုင်ရာ တည်ဆောက်မှုများမှာ အလွန်နည်းပါပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် ယူနီဆက်က ထောက်ပံ့ထားသည့် သွပ်အချပ် (၅,၈၀၀) ကျော်အား ယနေ့အထိ ဝေငှခြင်းမရှိဘဲ ဘိုကလေးမြို့ပေါ် အလက (၁) ကျောင်းစတိုခန်းတွင် သိမ်းဆည်းထားကြောင်း ပညာရေးဝန်ထမ်းက ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရနှင့် နိုင်ငံတကာမှ ပေးလှူသည့် ထွန်စက်များမှာ ဒေသအတွင်း အမှန်တကယ် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများထံ ရောက်ရှိခြင်းမရှိဘဲ မြို့ပေါ်ရှိ ငွေကြေးချမ်းသာသူများနှင့် အာဏာပိုင်များနှင့်နီးစပ်သည့် အသိုင်းအဝိုင်းလောက်သာ ရရှိကြောင်း ဒေသခံ လယ်သမားတဦးက ပြောသည်။

“နိုင်ငံတော်နဲ့ အလှူရှင်တွေပေးတဲ့ ထွန်စက်တွေကို လယ်မင်းသားတွေပဲ ရတယ်၊ အဲဒီလူတွေက မြို့က ပိုက်ဆံရှိသူတွေ၊ လယ်တွေကိုဝယ်ပြီး လူငှားနဲ့လုပ်တဲ့သူတွေ အဲဒီလူတွေက စက်ရတယ်၊ အခုလက်ရှိ မြို့ပေါ်က သူတို့အိမ်မှာပဲ စက်တွေကိုထားတာ”ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲ လာရောက်စဉ်က ဒေသဆိုင်ရာ အာဏာပိုင်များက မုန်တိုင်းဒဏ်သင့်ဒေသများတွင် စပါးစိုက်ပျိုးမှုများမှာ ရာနှုန်းပြည့်မှီကြောင်း တင်ပြပြောဆိုခဲ့ကြသော်လည်း တကယ်တမ်း စိုက်ပျိုးနိုင်မှုမှာ ၃၅% နှင့် ၅၀% ကြားတွင်သာရှိကြောင်း အဆိုပါလယ်သမားက ပြောသည်။

“အောက်ခြေက လွဲမှားတဲ့ တင်ပြမှုတွေဟာ နိုင်ငံတော်အကြီးအကဲအတွက်ရော ဒေသတွင်းက ပြည်သူတွေအတွက်ရော တခုမှ အကျိုးပြုတာမရှိပါဘူး၊ အဲလိုတင်ပြမှုကြောင့် မကြာခင်မှာ အားလုံး အခက်အခဲတွေ ကြုံတွေ့ရမှာပါ၊ အခုဆို  ဧက (၅၀၀) လောက် စိုက်တဲ့သူက စပါးတင်း (၁,၅၀၀) လောက်ပဲ ရတယ်၊ တဧကကို (၄) တင်းကနေ (၁၇) တင်း ဝန်းကျင်လောက်ပဲ ထွက်တယ်၊ အထွက်နှုန်းက မမှီ၊ စပါးဈေးက ကျတာနဲ့ နွေစပါးစိုက်ဖို့ဆိုတာ မလွယ်တော့ဘူး”ဟု ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုတခုသာ ယခင်ကထက် ကောင်းမွန်လာကြောင်း မြို့ခံက ပြောသည်။

“နာဂစ်ဖြစ်ပြီး (၂) လကျော်ကြာတော့  ဘိုကလေးပြည်သူ့ဆေးရုံမှာ အရင်ကထက် နွေးထွေးမှုလေးတွေ တွေ့လာရတယ်၊ အဲလိုတွေ့ရတာကလဲ လှူဒါန်းထားတဲ့ ဆေးဝါးတွေက ဆေးရုံမှာ အများကြီးရှိနေတယ်၊ ဆရာမတွေကလဲ လူသားချင်းစာနာတတ်ပုံရတော့ အခမဲ့ကုသမှုတွေမှာ တော်တော်နူးညံ့သိမ်မွေ့လာတာကို တွေ့ရပါတယ်၊ NGO အဖွဲ့တွေကလဲ ဆေးကုသပေးတာတွေ ရှိတယ်၊ ဘိုကလေးမှာဆိုရင် ခရစ်ယာန်အသင်းတော်က အခမဲ့သွားစိုက်ပေးတာ၊ အခမဲ့ဆေးကုပေးတာတွေ ရှိတယ်”ဟု ပြောသည်။

ထို့အပြင် မကြာခင်ရက်ပိုင်းအတွင်းက နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF) က လေးနှစ်စာအတွက် ဆေးဝါးပစ္စည်းများ လှူဒါန်းမည်ဖြစ်ကြောင်း ပြောဆိုလာသည့်အတွက် ဒေသခံပြည်သူလူထုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ကောင်းမွန်နိုင်ကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။

နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် အဆိုးဆုံးမှာ လမ်းပျက်စီးမှုများကို သက်ဆိုင်ရာ စည်ပင်သာယာဝန်ထမ်းများက ပြုပြင်ခြင်းလုံးဝမရှိကြောင်း ၎င်းက ပြောသည်။

“တမြို့လုံး လမ်းတွေပျက်နေတယ်၊ စည်ပင်သာယာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေလာမယ်ဆိုလို့ (၁၈) လမ်း ကားလမ်းတံတားထိပ်ကနေ ဆေးရုံထောင့်အထိပဲ ဟန်ပြလုပ်တာရှိတယ်၊ သူတို့က ကတ္တရာတို့ ကျောက်တို့ သဲတို့ထုတ်ပြီး ရောင်းစားတာလောက်ပဲ ရှိတယ်၊ ဘိုကလေးကို (၁၅) ရက်တကြိမ်လောက် ဗိုလ်ချုပ်မှူးကြီး လာမယ်ဆိုရင်တော့ လမ်းတွေကောင်းသွားနိုင်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲဖြစ်သူက နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်ခဲ့ရာတွင် အောက်ခြေအဆင့် တာဝန်ရှိသူများက ပကတိအခြအနေမှန်များကို ဖုံးကွယ်ထားပြီး ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် အကောင်ထည်ဖော် ဆောင်ရွက်ပြီးခဲ့ကြောင်း တင်ပြပြောဆိုခဲ့ကြသည်။
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 14 guests online
General Aung San
Daw Aung San Suu Kyi