Yoma3

Friday
Jul 30th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home သတင်း (HRDP) အဖွဲ့ဝင်များ လူ့အခွင့်အရေးနေ့အခမ်းအနား ပြုလုပ်

(HRDP) အဖွဲ့ဝင်များ လူ့အခွင့်အရေးနေ့အခမ်းအနား ပြုလုပ်

E-mail Print

ယနေ့ကျရောက်သည့် အနှစ် (၆၀) မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့အခမ်းအနားကို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အဖွဲ့ဝင်များက ကျင်းပပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် ယမန်နေ့က ကြိုတင်ကျင်းပလိုက်ခြင်းဖြစ်ပြီး ငွေဆောင်၊ ချောင်းသာ၊ ပုသိမ် ၊ ပန်းတနော်၊ ဘိုကလေး၊  ပြည်၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ်များမှ (HRDP)အဖွဲ့ဝင်ပေါင်း ၁၈ ဦး တက်ရောက်ခဲ့ကြသည်။

၅၉ နှစ်မြောက် လူ့အခွင့်အရေးနေ အခမ်းအနားအခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ “လူ့အဖွဲ့အစည်းမှာ ရှိတဲ့သူတွေက လူ့အခွင့်အရေးဆိုတာကို သိရှိလက်ခံနိုင်ဖို့၊ သက်ဆိုင်ရာ ဒေသအသီးသီးမှာ တာဝန်ယူနေတဲ့ အစိုးရတွေကိုယ်တိုင်က ဒီကိစ္စကို အကောင်အထည်ဖော်ပေးဖို့ ဆိုတာတွေကို ဆွေးနွေးတယ်၊ လူ့အခွင့်အရေးတွေကို အစိုးရရော လူထုရော သိရှိလိုက်နာဖို့အတွက် ရည်ရွယ်လုပ်တာပါ”ဟု (HRDP)အဖွဲ့ဝင် ကိုမောင်မောင်လေးက ပြောသည်။

နိုင်ငံတကာက လူ့အခွင့်အရေးကို စံချိန်စံညွှန်းများနှင့် သတ်မှတ်ထားသော်လည်း နိုင်ငံအတော်များများသည် မြန်မာနိုင်ငံကဲ့သို့ ချိုးဖောက်မှုများရှိနေသည်ကို တွေ့နေရပြီး လူအခွင့်အရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာရန်အတွက် သက်ဆိုင်ရာ အစိုးရများ၊ နိုင်ငံတကာအစိုးရများနှင့် လူ့အခွင့်အရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လိုကြောင်း ၎င်းက ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ပုသိမ်မြို့နယ်မှ (HRDP)အဖွဲ့ဝင်တဦးက “တနိုင်ငံလုံးမှာ အိမ်ပေါ်က အောက်ဆင်းတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြင်နေရတာပါပဲ၊ အာဏာရှင်လက်အောက်မှာ ကျနော်တို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ များနေတယ်၊ ပုသိမ်ဘက်မှာဆိုရင် ငွေဆောင်မြို့နယ်ခွဲဘက်မှာ အဓမ္မ မြေယာသိမ်းဆည်းမှုတွေ များပါတယ်၊ ကုမ္မဏီတွေက အစိုးရနဲ့ပေါင်းပြီး ဒေသခံ မသိနားမလည်တဲ့ ပြည်သူတွေအပေါ်မှာ မြေယာသိမ်းဆည်းမှု များတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဆုံးရှုံးနေရတယ်”ဟု ပြောသည်။

ယခုကဲ့သို့ အခမ်းအနားကို ကြိုတင်ပြုလုပ်ရခြင်းသည် ယခင်နှစ်များကျင်းပခဲ့စဉ်က ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ စောင့်ကြည့်မေးမြန်းမှုများကို ခံခဲ့ရ၍ဖြစ်ကြောင်း (HRDP)အဖွဲ့ဝင်များက ပြောသည်။

ဘိုကလေးမြို့နယ်တွင် လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်၍ ၂၀၀၄ ခုနှစ်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်ပျက်တခုကို (HRDP)အဖွဲ့ဝင် ကိုစောဗန်ကူးက “ဘိုကလေးဘက်မှာ  ကျနော်တို့ ၂၀၀၄ ဒီဇင်ဘာ (၆) ရက်နေ့မှာ လူ့အခွင့်အရေး အချက် (၃၀) ပါဝင်တဲ့ စာအုပ်ကို ဖြန့်ဝေတာ အဖမ်းခံ၊ တရားစွဲခံရတယ်၊ အဲဒါ အစိုးရတွေကိုယ်တိုင် ကုလသမဂ္ဂမှာ လိုက်နာပါမယ်လို့ လက်မှတ်ထိုးထားတာ၊ အဲဒီစာအုပ်ဝေတဲ့ ကျနော်တို့ အဖမ်းခံရတယ်ဆိုတော့ ဒီစာအုပ်က အသက်မဝင်တော့သလို ဖြစ်နေတာ”ဟု ပြောသည်။

ယခုပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသည် မြန်မာနိုင်ငံတွင် (HRDP)အဖွဲ့က တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်များကို ဘိုကလေးမြို့နှင့် ကြည့်မြင့်တိုင်မြို့နယ်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 230 guests online
General Aung San
Daw Aung San Suu Kyi