|
ပတ်ဝန်းကျင်၏ အထင်အမြင်သေး၊ အထင်လွဲမှားနေမှုများ ရှိနေသော်လည်း ပတ်ဝန်း
ကျင်အား ဂရုစိုက်တွန့်ဆုတ်မနေဘဲ ကိုယ်လုပ်စရာရှိသည်များကို မဆုတ်မနစ်
ဇွဲရှိရှိဖြင့် ဆောင်ရွက်နေမှုများကြောင့် လုပ်ငန်းများတွင်
အောင်မြင်မှုရရှိသည်။ အကြံအစည်လုပ်ငန်းများ အောင်မြင်၍ စိတ်ချမ်းသာမည်။
မိတ်ဆွေကောင်းတွေ တိုးပွားနေသလို ပညာရေးလည်း ကံကောင်းနေမည်။
အုပ်ချုပ်သူတို့ရဲ့ ကူညီမစခြင်းရမိလို့ လုပ်ငန်းတွေမှာ အကျိုးဖြစ်ထွန်း
နေမည်။
ဒီအချိန်မှာ
ဘာသာရေးယုံကြည်ချက်နဲ့ တရားထိုင်ရင် တရားထူးရနိုင်သည်။ အလုပ်တွေ
အဆင်ပြေ၊ အကြံအစည်တွေ အောင်မြင်လို့ ငွေရနေသော်လည်း မိသားစုဝင် အတွင်း
ကျန်းမာရေးကြောင့် ငွေများထွက်မယ်။ မိခင်၊ ဖခင်တို့၏
ကျန်းမာရေးချို့တဲ့ အညံ့ရှိ သည်။ ကိုယ်တိုင်လဲ ၀မ်းဗိုက်ဒုက္ခပေးသလို
ဆေးစား၊ ဆေးထိုးမှားတတ်သည်ကို သတိပြုပါ။ မိတ်ဆွေ၊ ဆွေမျိုးတို့၏
လေစားခြင်းခံရသလို မိတ်ဆွေ၊ ဆွေမျိုးတို့ကြောင့်လည်း ဂုဏ်တက်နိုင် သည်။
အကြံအစည်၊
လုပ်ငန်းတွေ ကံကောင်းနေလို့ တိုးချဲ့လုပ်ဆောင်ပါ။ လုပ်ငန်းများ စပ်တူ
လုပ်ပါ။ ထီထိုးပါ။ မျှော်လင့်မထားသော ငွေများ လျှို့ဝှက်စွာ ဝင်မည်။
အ၀တ်အစားကောင်းများ ရမည်။ အစားအသောက်ကောင်းများ စားရမည်။
မင်္ဂလာသတင်းကောင်း ကြားရမည်။ သူတော် ကောင်းတို့နှင့်
မိတ်ဆွေအပေါင်းအသင်း ဖြစ်မည်။ နိုင်ငံခြားသား၊ ဘာသာခြားတို့နှင့်
မိတ်ဆွေ ဖြစ်ပြီး အလုပ်အသစ်များ လုပ်ကိုင်ရတတ်သည်။ ရာထူးလခ တိုးမည်။
နေရာအပြောင်းအလဲ ရှိသည်။ ကြိုးစားနေတာတွေ အားလုံးမှန်တယ်။
အပြိုင်အဆိုင်တွေအပေါ် အနိုင်ရမည်။
အထူးသဖြင့်
အနေနီးသော လုပ်ဖေါ်ကိုင်ဖက် ကျား/မတို့နှင့် ငြိစွန်းတတ်သည်ကို
သတိပြုပါ။ ဤကာလအတွင်း အမှုအခင်းဖြစ်ပါက မင်းစိုးရာဇာ အာဏာပိုင်တို့သည်
မိမိဘက် တွင် ရှိနေသဖြင့် အနိုင်ရမည်။ ငွေကြေးနှင့် အချစ်ရေးတို့
ကံကောင်းအဆင်ပြေ၍နေသော်လည်း အိမ်ထောင်သည် ကျား/မတို့ သတိထား
နေထိုင်သင့်သည်။ အိမ်ထောင်သည်ဆန့်ကျင်ဘက် လိင်တို့နှင့်
စွပ်စွဲပြောဆိုခံရတတ်သည်။ လေရောဂါဖြစ်မယ်။ လေထိုးလေအောင့်ရောဂါ၊
ဝမ်းဗိုက် နှင့်ပတ်သက် သောရောဂါများကို မပေါ့ဆပါနဲ့။ ခွဲစိတ်ကုသရသည်အထိ
ဖြစ်တတ်သည်။
ယတြာ။
။
အိမ်ကဘုရားတွင် ရွက်လှပန်းနှင့် ခရေပန်း၊ ကန့်ကော်ပန်းတို့ကိုတွဲ၍
ဘုရားပန်း အမြဲထိုးထားခြင်းဖြင့် ကျက်သရေမင်္ဂလာ တိုးစေပါသည်။ |