|
ဆန့်ကျင်ဘက်လိင်ရဲ့ စိတ်ဝင်စားမှုခံရမည်ဖြစ်သော်လည်း သူများ သားမယားနဲ့
ပတ်သက်လို့ အစွပ်စွဲခံရမည်။ အထင်အမြင်လွဲခံရမည်။ အိမ်က
တန်ဘိုးရှိတဲ့ပစ္စည်း ပျောက်တတ် သည်။ လုပ်ငန်းများတွင်
လက်အောက်ငယ်သားများနှင့် အဆင်မပြေ၍ အခက်အခဲ ကြုံတွေ့ ရမည်။
အနီးကပ်လူများက ဒုက္ခပေး၍ စိတ်ညစ်ရမည်။
မျက်နှာတွင်
မတော်မတ ထိခိုက်ဒဏ်ရာရမည်။ ဆရာသမားများက မိမိအား အခွင့်အရေးပေး
လုပ်ကိုင်နေရသော်လည်း လုပ်ဖေါ်ကိုင်ဖက်အချင်းချင်းက အထင်လွဲပြီး
ငြိုငြင် ခြင်းခံရမည်။ လုပ်ငန်းများတွင်လည်း ပြီးပြတ်အောင်
အလုပ်မဖြစ်ဘဲ အလုပ်တပိုင်းတစ တန်းလန်း ဖြစ်နေမည်။
စပ်တူရှယ်ယာလုပ်ငန်းများတွင် ခင်မင်ရင်းနှီးနေသော အပေါင်းအသင်း
အချင်းချင်း စကားများရန်ဖြစ်ရမည်။
အိမ်ထောင်ရေး၊ အချစ်ရေးတို့တွင် စိတ်ချမ်းသာပြီး ဂုဏ်သိက္ခာတက်မည်။
သားကောင်းသမီးရတနာ ရမည်။ သူများရဲ့အခွင့်အရေးတွေကို ကိုယ်ကရနေ၍
အချို့သော ရည်မှန်းချက်များ အောင်မြင်မည်။ ငွေဝင်နေသော်လည်း မမြဲဘဲ
ပြန်ထွက်နေမည်။ လစာတိုး၊ ရာထူးတိုးမည့် အခွင့်အရေးအသစ်တွေ ရနေမည်။
လုပ်ဖေါ်ကိုင်ဖက်မိတ်ဆွေ အပေါင်းအသင်း တို့ရဲ့ ငြိုငြင်ရုံသာမက
ရန်မူခြင်းကိုပင် ခံရတတ်၍ စိတ်ညစ်နေရမည်။
အိုးအိမ်နှင့် ပတ်သက်လို့ စကားများရန်ဖြစ်ရမည်။ စိန်ရွှေအဖိုးတန်
လက်ဆောင်ပစ္စည်း တွေ မေတ္တာလက်ဆောင်ရမည် (သို့မဟုတ်) အမွေအနှစ်ရမည်။
ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်နေတဲ့ အလုပ်များကို သူများက ကူညီမစ၍
အောင်မြင်မည်။ အချစ်ရေးတွင် သောကြာ သားသမီးတို့နှင့်
အဆင်ပြေကောင်းသော်လည်း တနင်္ဂနွေသားသမီး အိမ်ထောင်သည်တို့နှင့် ငြိစွန်း
ပြဿနာတက်နိုင်သည်ကို သတိပြုပါ။
ကောင်းသောခရီးဝေးသွားရခြင်း (သို့မဟုတ်) ရပ်ဝေးမှ မင်္ဂလာသတင်းကောင်း
ကြားရ တတ်သည်။ အမှုအခင်းဖြစ်ပါက မင်းစိုးရာဇာတို့၏ ကူညီစောင့်ရှောက်မှု
ရမည်။ ဖခင်ဦးကြီးတို့ ကျန်းမာရေးအညံ့ရှိ၍ သေဆုံးတတ်သည်။
အိုးအိမ်ပျက်စီး ပြောင်းရွှေ့ရတတ်သည်။
ဤလ အတွင်း
ဧည့်ခံပွဲ၊ ပျော်ပွဲရွှင်ပွဲများသို့ မဖြစ်မနေ သွားရောက်နေရသော်လည်း
အပျော်အပါးလွန် ခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေးများ
ပြန်လည်ပျက်စီးတတ်သည်ကို သတိထား ဆောင်ရွက် လုပ်ကိုင်ပါ။
ဦးခေါင်းတွင်လည်း ထိခိုက်ဒဏ်ရာရရှိတတ်သည်။
ယတြာ။
။
မွေးနေ့တွင်
သစ်သီး (၃)မျိုးကို အိမ်က ဘုရားတွင် ဆပ်ကပ်ပါက စီးပွား ရေး၊ လူမှုရေး၊
အချစ်ရေး ကံကောင်းမည်။ |