Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

{စက်တင်ဘာ၊ ၂၀၀၇}

 

 

တသက်လုံး လျှို့ဝှက်စွာ လုပ်ဆောင်နေသော လုပ်ငန်းများ ဘူးပေါ်သလို ပေါ်တတ် သည်။ အထူးသဖြင့် အိမ်ထောင်ရေးဖေါက်ပြန်မှုများ ရှောင်ရှားသင့်သည်။ လင်ငယ်/မယားငယ် ထားခြင်း၊ ကြာကူလီကိစ္စ အမှုအခင်းဖြစ်တတ်သည်ကို သတိပြုပါ။ အမှုအခင်းဖြစ်က ရှုံးမည်။ ထောင်ကျကိန်းရှိသည်။ ဂုဏ်သိက္ခာကျစေမည့် လုပ်ငန်းများကို လုပ်မိ၍ ပတ်ဝန်းကျင်မှာ မျက်နှာမပြနိုင်ဘဲ ရှိမည်။

ရင်းနှီးသူ မိတ်ဆွေက ငွေလိမ်သွားလို့ မိသားစုအတွင်း စကားများ ရန်ဖြစ်ရမည်။ အတွင်းရန် သတိပြုပါ။ လူမှုရေးကိစ္စများအတွက် စိတ်ရှုပ်ထွေးနေမည်။ ရန်သူ၊ မိတ်ဆွေ မခွဲခြား နိုင်ဘဲ ရှိနေမည်။ အဆင်ပြေချောမွေ့မည်ဟု ကြံစည်ထားတဲ့ ကိစ္စတွေ လက်တွေ့မှာ ခက်ခဲ ပျက်စီးနေမည်။ စိတ်ဆင်းရဲစရာ အမင်္ဂလာသတင်းများ ကြားရမည်။ ညီငယ်ညီမငယ်၊ သားသမီး တို့ရဲ့ ပညာရေး၊လူမှုရေးတို့နှင့် ပတ်သက်၍ သူများရဲ့ အကူအညီရလို့ စိတ်ချမ်းသာနေရမည်။ ငွေ ဝင်နေမည်။ စိတ်ကူးယဉ်ပြီး လုပ်နေတဲ့ အလုပ်တွေ ပျက်စီးလိမ့်မည်။ အချစ်ဆုံး မိတ်ဆွေ များနှင့် စကားများရန်ဖြစ် တတ်သည်။

စကားပြောမှားလို့ ရသင့်ရထိုက်သော အခွင့်အရေးတွေ ဆုံးရှုံးရမယ်။ အဝေးမှ အဆက်အသွယ်၊ သတင်းကောင်း၊ အကူအညီရလို့ ငွေဝင်မည်။ အတူနေမိသားစုအတွင်း ချစ်ခင်ညီညွတ်ပါက မမျှော်လင့်ဘဲ ပျော်ရွှင်စရာ ငွေကြေးအမြောက်အများ ရရှိလမ့်မည်။ စီးပွားရေးအဆင်ပြေ စိတ်ချမ်းသာပြီး အ၀တ်အစားကောင်း၊ အစားအသောက်ကောင်းတို့ဖြင့် ဇိမ်ရှိရှိ နေရမည်။

မိသားစုအတွင်းမညီညွတ်ပါက ပြဿနာများ တခုပြီးတခုဝင်လာနေသလို ကျန်းမာရေး လည်း ချို့တဲ့ကြလို့ ငွေအထွက်များနေတတ်သည်။  မတော်တဆ ထိခိုက်မိတတ်သည်။   သွေးထွက်သံယို အသေးစားဖြစ်မည်။ အူနဲ့ ပတ်သက်၍လည်း ဥပါဒ်ကြုံလိမ့်မည်။ ဆေးထိုးမှား တတ်သည်။

ယတြာ။              ။ မွေးနေ့တွင် ဘုရား၌ ဆီးမီး (၉)တိုင် ထွန်းညှိပူဇော်ပြီး လိုရာဆုတောင်းပါ။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org