Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

{စက်တင်ဘာ၊ ၂၀၀၇}

 

 

ဤလအတွင်း ယခင်အများက အထင်သေး၊ အထင်လွဲနေမှုများ ပပျောက်၍ ကောင်း သတင်း ကျော်ဇောမည်။ ဆရာသမားတို့က ယုံယုံကြည်ကြည် တာဝန်ပေးလို့ အခွင့်အရေး ကောင်း ရမည်။ နေရာကောင်း ရမည်။ ရာထူးတိုး၊ လစာတိုးမည်။ အတိုက်အခံ ရန်သူကို အောင် နိုင်၍ သြဇာရှိမည်။ ပြိုက်ဖက်များ၏ ပိုးစိုးပက်စက် အပြောခံရမည်။ သီးခံပါ။ မကြာခင် အောင်မြင်မှုအခွင့်အရေးများ တခုပြီးတခု ရလာပါလိမ့်မည်။ 

ကျောင်းစာမေးပွဲ အလုပ်စာမေးပွဲ အင်တာဗျူးတွေကို ဖြေဆိုပါက ကိုယ်က အခွင့်အရေး ပိုရပြီး အောင်စာရင်းထွက်ပါက ပျော်ရွှင်စရာကောင်းတဲ့ သတင်းကြားရမည်။ ပညာရေးနှင့်ပတ်သက်၍ ကံကောင်းနေပြီး သားသမီးများအတွက်လည်း စိတ်ချမ်းသာမည်။ နာမည်ကောင်းရ၍ ဂုဏ်ကျက်သရေတိုးမည်။ မိသားစု အမွေဆိုင်၊ အိမ်၊ ခြံမြေကို အစီအစဉ် မရှိဘဲ တန်ဘိုးကျစွာနှင့် ရောင်းချလိုက်ရ၍ စိတ်ညစ်ရမည်။ ငွေ အချေးအငှားလုပ်မိပါက ပြန်မရဘဲ ဆုံးရှုံးရတတ်သည်။ ရည်မှန်းထားသော လုပ်ငန်းများအတွက်လည်း ငွေမလည်ပတ်၍ ပျက်စီးရတတ်သည်။ ငွေကြေးအရှုပ်အရှင်းကိစ္စအတွက် အမှုအခင်းရင်ဆိုင်ရသည်အထိ ဖြစ် တတ်သည်။ မင်းစိုးရာဇာက ကိုယ့်ဖက်ကပါပြီး ကူညီလိမ့်မည်။

မျှော်လင့်မထားဘဲ လျို့ဝှက်တဲ့ ငွေဝင်မယ်။ ပညာရှိ သူတော်ကောင်းများနှင့် မိတ်ဆွေ ဖြစ်ပြီး အကြံအစည်သစ်များ ရမည်။ ကံကောင်းနေ၍ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်သည်။ အစားအသောက်ကောင်းများ စားရပြီး အ၀တ်အစားကောင်းများ ရမည်။ ရပ်ဝေးမှ ဆွေမျိုး သားချင်း မိတ်ဆွေသူငယ်ချင်းများထံမှ သတင်းကောင်းများကြားရမည်။

အဖိုးတန် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ အရောင်း အ၀ယ်မှား၍ အလိမ်ခံရတတ် သည်ကို သတိပြုပါ။ ငွေကြေးဆုံးရှုံးမှုများအတွက် မိသားစုအတွင်း၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်း အကြီးအကျယ် စကားများရတတ်သည်။ အိမ်နေရာ အပြောင်းအလဲရှိသည် (သို့မ ဟုတ်) ပျက်စီးနေသော အိမ်ကို ပြန်လည်ပြုပြင်ရမည်။

အချစ်ရေးတွင် ကြားလူတဦးဝင်ရောက် နှောက်ယှက်နေ၍ အဆင်မပြေ အထင်အမြင် လွဲခံနေရတတ်သည်။ အချစ်ရေးတွင် အချိန်မပေးနိုင်၍ စိတ်ပင်ပန်းနေမည်။ ၀မ်းဗိုက်နှင့် ပတ်သက်သော ရောဂါ၊ အစာအိမ်ရောဂါဖြစ်တတ်သည်။ အစားအသောက် မမှန်၍ အာဟာရ ချို့တဲ့ အားနည်းနေတတ်သည်။ ရေချိုးမှားပြီး လေဖြတ်နိုင်သည်ကို သတိပြုပါ။    

ယတြာ။              ။ ဘုန်းကြီးကျောင်းတွင် ယပ်တောင်(၃)ခု လှူဒါန်းပါက အဆိုးများပျောက်၍ အကောင်းများ ရောက်လာပါမည်။ 

 


 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org