|
မိခင်ဘက်မှ
ဆွေမျိုးအကြီးအကဲ ဦးကြီး၊ ဘကြီးတို့၏ အကူအညီရ၍ ရပိုင်ခွင့် အမွေ
ငွေကြေး အကျိုးခံစားခွင့်ရရှိမည်။ မိမိရည်မှန်းထားသော အလုပ်များ
ဖြစ်မလာဘဲ ပျက်စီးသွားလို့ စိတ်ဆင်းရဲနေရမည်။ လူမှုရေးကိစ္စများကြောင့်
ငွေကုန်ကြေးကျများမယ်။ စက်မှုလက်မှုလုပ်ငန်း များ လုပ်ကိုင်ရမည်။
ယာဉ်ပစ္စည်းများ ၀င်မည်။ အငြိမ်မနေရ လှုပ်ရှားရုန်းကန်နေရသော်လည်း
လုပ်သလောက် အကျိုးခံစားခွင့် မရဖြစ်နေမည်။
အချစ်ရေးတွင် စန်းပွင့်နေ၍ ချစ်သူ၏ အထင်အမြင်လွဲမှား ခံရတတ်သည်။
အလုပ်အကိုင် (သို့) အိုးအိမ် ကောင်းသော ပြောင်းရွှေ့ခြင်းဖြစ်တတ်သည်။
မိသားစုအတွင် ကျန်းမာရေးအတွက် မိမိမှာ အလုပ်ရှုပ်နေမည်။ အချစ်ရေးတွင်
စိတ်မတည်ငြိမ် စိတ်ကစားနေ တတ်သည်။
ငွေကုန်၊
အချိန်ကုန်၊ လူပင်ပန်းခံပြီး သင်ကြားထားရသော အတတ်ပညာမှာ အသုံး မဝင်သလို
ဖြစ်တတ်သည်။ စာမေးပွဲကျရှုံးခြင်းလည်း ဖြစ်တတ်သည်။ သားသမီး၊ ညီ/ညီမငယ်
လက်အောက်ငယ်သားများအတွက်လည်း ပညာရေးပူပန်နေရမည်။ လူကြီးမိဘတို့၏
ကျန်းမာရေး စိုးရိမ်နေရသည်။ သူများကိစ္စကို လိုက်လံကူညီဖြေရှင်းပေးရင်း
ကိုယ်တိုင်ပါ သိက္ခာကျမည်။ အပေါင်းအသင်း မကောင်းလို့ အမှုအခင်းကြုံမည်။
အချုပ်ခံရတတ်သည်။
ယာဉ်ရထား
ကားအက်ဆီးဒင့်ကိစ္စများ အထူးသတိထားပါ။ ခန္ဓာကိုယ်ချို့ယွင်း
ထိခိုက်ဒဏ်ရာရရှိတတ်သည်။ မကောင်းတဲ့ မိစ္ဆာတွေရဲ့ ဖမ်းဆီးခံရမှုကြောင့်
ခါးကိုက်ရောဂါ၊ အဆစ်အမြစ်ကိုက်ခဲသည့် ရောဂါဖြစ်မည်။ အပူနာပေါက်မည်။
ယတြာ။
။
ဘုရားရေ
သပ္ပါယ်ခြင်း၊ သောက်တော်ရေ အမြဲကပ်လှူပူဇော်ခြင်း၊ ကျေးငှက်လွှတ်ခြင်း၊
ငါးလွှတ်ခြင်းများ ပြုလုပ်ပေးပါက ကောင်းကျိုးချမ်းသာ အမြန်ဆုံး ရရှိပါ
လိမ့်မည်။ |