|
ဤလအတွင်း
လက်ချမီးမယ်တော်စောင့်ရှောက်မှုကြောင့် ငွေကြေးအတွက် မပူပင်ရဘဲ
ငွေရလွယ်မည်။ အဆင့်အတန်းမြင့်မြင့် တွေးခေါ်တတ်၍
အောင်မြင်ကျော်ကြားလိမ့်မည်။ စစ်ဘက်ဆိုင်ရာကြောင့်သော်လည်းကောင်း၊
စစ်မှုလက်မှုအတတ်ပညာ၊ စစ်ပစ္စည်းတို့ကြောင့် သော်လည်းကောင်း ငွေကြေးဥစ္စာ
တလုံးတခဲတည်း ရရှိရတတ်သည်။ ခရီးဝေး ဘုရားဖူးသွားရ သည့် အခွင့်အရေးရမည်။
ရာထူးတိုး၊ လစာတိုးမည်။
ဖခင် (သို့)
ဦးကြီး၊ အကိုကြီး၊ အကြီးအကဲတို့ ကျန်းမာရေးဆိုးဝါးမည်။ ဆေးရုံတက်
ရောက်ကုသရသည့်အထိ ဖြစ်တတ်သည်။ အိမ်မီးလောင်ခြင်း၊ ပျက်စီးခြင်း၊
ပြောင်းရွေ့ရခြင်းတို့ ဖြစ်တတ်သည်။ သားသမီး (သို့) ညီငယ်ညီမ
ငယ်လက်အောက်ငယ်သားတို့ အမှုအခင်းဖြစ်၍ ထောင်ကျတတ်သည်။
အချစ်ရေးတွင် အပြန်အလှန်နားလည်မှုရှိနေ၍ စိတ်ချမ်းသာမည်။ အတူနေ မိသားစု
အတွက် နာမည်ကောင်းရ၍ စိတ်အေးချမ်းသာမည်။ ငွေရစရာရှိလျှင် ဒီအချိန်မှာ
သွားတောင်း ပါက အခက်အခဲမရှိ မုချရမည်။ အလုပ်အကိုင်အင်တာဗျူးရှိက
အောင်မြင်မည်။ လက်ဖျားငွေသီး ၍ ဆန့်ကျင်ဘက်လိင်တို့အကြား
စန်းပွင့်နေတတ်သော်လည်း အိမ်ထောင်ရှိသူ ကျား/မတို့နှင့် မငြိစွန်းအောင်
သတိထားရှောင်ကျဉ်ပါ။
မူးယစ်ဆေးဝါးကြောင့် လူမှုအသိုင်းအ၀ိုင်းအတွင်း သိက္ခာကျ မျက်နှာပျက်ရတတ်
သည်။ စီးပွားရေးကံ အလွန်ကောင်းနေသဖြင့် ထီထိုးသင့်သည်။ ပညာရေးတွင်လည်း
အလွန် ကောင်း၍ စာမေးပွဲများ အောင်မြင်မည်။ ရပ်ဝေးရှိ
ဆွေမျိုးသားချင်းများထံမှ မင်္ဂလာသတင်း ကောင်းများ ကြားရတတ်သည်။
မိဘအကြီးအကဲ၊ ဆရာသမားတို့နှင့် အဆင်ပြေသော်လည်း သားသမီး၊ ညီငယ်၊ညီမငယ်၊
လက်အောက်ငယ်သားတို့နှင့် စကားများရန်ဖြစ်တတ်သည်။ အရာရာတွင်
စိတ်တိုင်းမကျ သွန်သင်ဆုံးမနေသော်လည်း သူတို့အား ဆရာလုပ်သည်ထင်၍
ငြိုညင်ခံရတတ်သည်။
အပြင်တန်း
ပျော်ရွှင်စိတ်ချမ်းသာနေသည်ဟု ထင်ရသော်လည်း ရင်တွင်း၌ ပူဆွေး သောက
ရှိနေတတ်သည်။ အညောင်းမိ၍ ဒူလာမီးယပ်ရောဂါ ဖြစ်တတ်သည်။
ယတြာ။
။
ဘုရားတွင်
ခရေပန်းပွင့် (သို့မဟုတ်) ကန့်ကော်ပန်း (သို့မဟုတ်) ဂန္ဓမာပန်း (၉)
ပွင့် လှူဒါန်းပြီး ဘုန်းတော်ကြီး၊ သူတော်စင်တို့အား
ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းခြင်းဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုများ
ရရှိခံစားရပါမည်။ |