Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

{အောက်တိုဘာ၊ ၂၀၀၇}

 

 

စီးပွားရေး၊ လူမှုရေးတို့တွင် စကားပြောမှားဆိုမှားဖြစ်တတ်သည်ကို သတိထားဆင်ခြင်ပါ။ ဟန်ဆောင်မိတ်ဆွေများနှင့်အတူ အလုပ်လုပ်ကိုင်နေရတတ်သည်။ အလုပ်များကိုလဲ ပြီးစီး အောင်၊ ပြီးပြတ်အောင် မလုပ်နိုင်ဘဲ ဖြစ်နေတတ်သည်။ မိမိတတ်မြောက်သည့် အတတ်ပညာ တခုပေါ် မူတည်၍ ၀င်ငွေများရရှိမည်။ လုပ်ငန်းတွင် အပြိုင်အဆိုင်များရှိနေသော်လည်း မိမိက အနိုင်ရရှိမည်။

ပညာရေးကောင်းသည်။ စာမေးပွဲအင်တာဗျူးတို့ ဖြေဆိုပါက အမှတ်ကောင်းကောင်းဖြင့် အောင်မည်။ မိမိ၏ရန်ဘက်များက ငွေကြေးကိစ္စကြောင့် မောက်မောက်မာမာ ပြောဆိုခံနေရ သော်လည်း သီးခံခြင်းဖြင့် အောင်မြင်နိုင်သည်။ သားသမီးများ၊ လက်အောက်ငယ်သား ညီငယ်၊ ညီမငယ်များအတွက် စိတ်ချမ်းသာမည်။ ၎င်းတို့အတွက် မင်္ဂလာသတင်းများ ကြားရတတ်သည်။ ခရီးဝေးများ သွားရသော်လည်း ရေလမ်းခရီးကို သတိထား သွားလာပါ။

ဘေးက ရန်တိုက်ပေး၍ မိသားစုအချင်းချင်း၊ အိမ်သူအိမ်သားအချင်းချင်း ရန်ဖြစ်တတ်သည်။ အကျိုးမဲ့ ငွေကုန်သွားလိမ့်မည်။ တပါးသူအား မိမိက ကူညီပေးဖူးသည့် ကိစ္စတခုအတွက် သူများကလည်း မိမိကို ပြန်လည်ကူညီလိမ့်မည်။ အဖိုးတန်ပစ္စည်း၊ ဇိမ်ခံပစ္စည်း လက်ဆောင်ရ လိမ့်မည်။ လူပျိုလူလွတ်များ ရည်ရွယ်ထားသူ ချစ်သူရည်းစားနှင့်မဟုတ်ဘဲ ခရီးသွားဟန်လွဲ မထင်မှတ်ဘဲ အိမ်ထောင်ကျ ကိန်းရှိသည်။ သို့သော် မိမိအပေါ် နားလည် ခွင့်လွှတ်နိုင်သော ရေရှည်အိမ်ထောင်ဖက်ကောင်း တယောက်ဖြစ်သည်။ စနေသား/သမီးများ(တ၊ ထ၊ ဒ၊ ဓ၊ န) အမည်ပါသူများနှင့် အိမ်ထောင်ဖက်ဖြစ်လျှင် ပိုကောင်းသည်။ မိမိအတွက်လည်း ဂုဏ်သိက္ခာ တက်၊ သြဇာအာဏာ ပို၍ ထက်မြတ်မည်။

ရာထူး၊ လခတိုးခြင်း၊ အလုပ်အကိုင်နေကောင်းသို့ ပြောင်းရခြင်းဖြင့် ကံကောင်းနေမည်။ မိမိရည်မှန်းချက်အတွက် ကြိုးစားနေထိုင်နေတာတွေ အနှောင့်အယှက်ကင်းစွာ တက်လှမ်းနိုင်၍ အဆင်ပြေ စိတ်ချမ်းသာနေရမည်။ မိမိ မိတ်ဆွေသူငယ်ချင်း လူရင်းတဦးအား ငွေချေးငှားမိခြင်း ဖြင့် အလိမ်ခံရတတ်သည်။ မိမိ၏ ရန်ဘက်များက မည်မျှပင် ဝေဖန်ပုတ်ခတ်ပါစေ အထူး တိုးတက်အောင်မြင်နေသော ကာလဖြစ်နေပါမည်။

ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း စသည့် ၀မ်းဗိုက်ရောဂါများ ဒုက္ခပေးမည်။ ဂရုမစိုက်ပါက ခွဲစိတ် ရသည်အထိ ဖြစ်တတ်သည်။     

ယတြာ။              ။ ကလေးသူငယ်များအား မုန့်ဝေငှခြင်း၊ ကျေးငှက် အစာကျွေးခြင်းတို့ မကြာခဏ ပြုလုပ်ပေးပါက အဆိုးများပျောက်၍ အကောင်းများ ရောက်ရှိခံစားရပါမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org