|
လူပျို၊ အပျိုများ အချစ်ရေး စန်းပွင့်သော
ကာလဖြစ်သည်။ မင်းစိုးရာဇာအကြီးအကဲတို့နှင့် မိတ်ဆွေဖြစ်မည်။ ငယ်ရွယ်သူ
အိမ်ထောင်သည်များ သားသမီးထွန်းကားမည်။ ဝါသနာမပါ စိတ်ပါဝင်စားခြင်း
မရှိသည့် လျှို့ဝှက် အတတ်ပညာတခုသင်ကြားရ၍ စိတ်ညစ်တတ်သည်။
လုပ်ငန်းခွင်တွင် ဆရာသမား၊ အကြီးအကဲတို့၏ အခွင့်အရေးပေးမှု၊
အဆင်ပြေမှုများ ရှိနေ သော်လည်း လက်အောက်ငယ်သားများနှင့် အဆင်မပြေဘဲ
ရန်သူသဖွယ် ထိပ်တိုက်ရင်ဆိုင်ရ ခြင်းများ ကြုံတွေ့ရ၍ စိတ်ညစ်ရတတ်သည်။
မိသားစုအတွင်း ဆွေမျိုးသားချင်းများ
အိုးအိမ်အမွေကိစ္စကြောင့် စိတ်ဝမ်းကွဲ စကားများ အထင်အမြင်လွဲကာ
မိမိဂုဏ်သိက္ခာ ထိခိုက်၊ သိက္ခာအချခံရတတ်သည်။ အပြောအဆို
စကားမှားတတ်သည်ကို သတိထားဆင်ခြင်ပါ။ တရားထိုင်ပါက တရားထူးရနိုင်ပြီး
ဆရာသမား၊ မိဘအကြီးအကဲတို့၏ မျက်နှာသာပေး ချစ်ခင်ခြင်းခံရမည်။
မထင်မှတ်ဘဲ ရာထူးတက်ခြင်း (သို့) အမွေ၊
ငွေအမြောက်အမြား ရကိန်းရှိ၍ မွေးနေ့တွင် ထီထိုး ပါက ထီပေါက်နိုင်သည်။
၂- ၃ ဂဏန်းများ အကျိုးပေးသည်။ ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်တဲ့
အလုပ်များ အောင်မြင်မည်။ မိတ်ဆွေအပေါင်းအသင်းတို့၏ ကူညီမ' စမှုကြောင့်
အလုပ်အကိုင် များ ဆင်ပြေမည်။ ဆန့်ကျင်ဘက်လိင်တို့ထံမှ
အဖိုးတန်ပစ္စည်းများ မေတ္တာလက်ဆောင် ရရှိမည်။
အလုပ်အကိုင်တွင် သူများရဲ့အခွင့်အရေးတွေကို
ကိုယ်ကရနေ၍ စီးပွားရေး အလွန်ကံကောင်း နေမည်။ ရတဲ့ဝင်ငွေများသလောက်
အသုံးအစွဲ အလွန်ကြီးသည့် ကာလဖြစ်နေမည်။ ရာထူးတိုး၊ လစာတိုး၊
အခွင့်အရေးကောင်းတွေ ရနေသော်လည်း သားသမီး (သို့မဟုတ်)လက်အောက်ငယ်
သားတို့၏ ပြဿနာများကို လိုက်လံဖြေရှင်းပေးနေရတတ်၍ ငွေကုန်၊ အချိန်ကုန်၊
လူပန်း စိတ်ညစ်ရတတ်သည်။ သို့သော် သူတို့က ကျေးဇူးမသိတတ်၍
စိတ်ကသိကအောင့် ဖြစ်ရလိမ့် မည်။
သွားနှင့် နားရောဂါ ဒုက္ခပေးမည်။
သွေးလေမညီညွတ်ဖြစ်မည်။ လေထိုးလေအောင့်ရောဂါ တခါတရံ ဖြစ်တတ်သည်မှအပ
ကျန်းမာရေးကောင်းသော ကာလဖြစ်သည်။
ယတြာ။
။
မိတ်ဆွေသူငယ်ချင်းတဦးအား လက်ကိုင်ပုဝါတစ်ထည် လက်ဆောင်ပေး ခြင်းဖြင့်
တစ်လလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေပါသည်။ |