|
အချစ်ရေးတွင်စန်းပွင့်၍ ငွေရွှင်နေသော ကာလဖြစ်သည်။ မင်းစိုးရာဇာ
အကြီးအကဲတဦးနှင့် မိတ်ဆွေဖြစ်ခြင်း၊ သူတော်ကောင်းမိတ်ဆွေသစ်များ
တိုးပွားခြင်း၊ တရားထူးတရားမြတ်များ နာကြားရခြင်းဖြင့် စိတ်ချမ်းသာ
မင်္ဂလာယူရသည့် ကာလဖြစ်သည်။ သားသမီး၊ ညီငယ် ညီမငယ်
လက်အောက်ငယ်သားများအတွက် အစစအရာရာ ပူပင်နေရမည်။ ဖခင်၏ကျန်းမာရေး
ညံ့သည်။
ဆန့်ကျင်ဘက်လိင်တို့၏ အကူအညီပေးမှုကြောင့် ရာထူးလစာတိုးခြင်းနှင့်
အလုပ်အကိုင် အခွင့်အရေးကောင်းများလည်း ရရှိမည်။ တနင်္လာ၊
အင်္ဂါသားသမီးတို့နှင့် ချစ်သူအသစ် ဖြစ်ရ မည်။ ကောင်းသောအကြံအဉာဏ်များ
ပေးနိုင်လိမ့်မည်။ ပင်ကိုယ်သဘာဝအရ မထင်ပေါ်လို ခြင်း၊ လျှို့ဝှက်စွာ
နေထိုင်လိုခြင်းရှိနေသော်လည်း တဖြည်းဖြည်း လူသိများ၍ ထင်ပေါ်
ကျော်ကြားလာမည်။
စီးပွားရေး၊
လူမှုရေးတွင် အထူးကောင်းမွန် အောင်မြင်နေသော်လည်း ပညာရေး အညံ့ရှိသည်။
မိသားစုအတွင်း စီးပွားရေးကောင်း အဆင်ပြေနေသလို လူကြီးသူမတို့၏
အကူအညီရမည်။ ပတ်ဝန်းကျင်၏ ယုံကြည်လေးစားခြင်း ခံရမည်။ ယခင်က မိမိထက်
အဆင့်မြင့်သူ၊ သြဇာ အာဏာ ကြီးမားသူတို့နှင့် ယှဉ်ပြိုင်နေရသော်လည်း
မိမိက အနိုင်ရမည်။ ညီငယ်တဦးနှင့် တခါတရံ စကားများတတ်သော်လည်း
မိသားစုအတွင်း ညီညွတ်နေ ပီး ရထားတဲ့ ငွေကြေး အတွက် အဆင်ပြေ
ပျော်ရွှင်နေမည်။
ရွှေ၊ ငွေ၊
ရတနာ အဖိုးတန်ပစ္စည်းများသူများကို မငှားမိစေနှင့်၊ အလိမ်ခံ ရတတ်သည်။
သူများ လင်မယားကြား၊ မိသားစုအတွင်း စကားများရန်ဖြစ်ခြင်းများတွင်
ကြားဝင်မဆောင်ရွက်ပါနှင့်၊ သူတို့အပူ ကိုယ်ခံရတတ်သည်။ ကိုယ့်စေတနာကို
စော်ကားခံရ၍ စိတ်မချမ်းမသာ စိတ်ညစ်ရ တတ်သည်။ ကိုယ့်ဂုဏ်သိက္ခာလည်း
ထိခိုက်တတ်သည်။ ကား၊ ရထား၊ ဆိုက်ကယ်တို့နှင့် မတော်တဆ ထိခိုက်နိုင်မှု
ရှိသော်လည်း ပွန်းပဲ့ရုံမှတပါး မစိုးရိမ်ရပါ။ ဆေးထိုးမှားတတ်သည်ကို
သတိပြုတင်ခြင်ပါ။
ယတြာ။
။
မိမိကိုးကွယ်သော ဘုရားအား သောက်တော်ရေကပ်လှူခြင်း၊ ရေသပ္ပါယ် ခြင်းဖြင့်
လဘ်လာဘတိုးပွား၍ ကျက်သရေမင်္ဂလာ၊ ဂုဏ်သိက္ခာ တက်စေပါမည်။ |