Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

{အောက်တိုဘာ၊ ၂၀၀၇}

 

 

စီးပွားရေးလုပ်ငန်းများတွင် ချောင်ထိုးခံရခြင်း၊ အပြောခံရခြင်းများ ကြုံတွေ့ရမည်။ သီးခံပါ။ မကြာမီ အခွင့်အရေးများ ပြန်ရလာပါလိမ့်မည်။ အမှန်တရားကို ချစ်မြတ်နိုးသူတယောက် ဖြစ်၍ လူမှန်နေရာမှန် ပြန်ရလာပါလိမ့်မည်။ အချင်းချင်း ကတုံးကတိုက်လုပ်၍လည်း ဆရာသမားတို့ ၏ အထင်အမြင်လွဲခံရတတ်ပါသည်။ အလုပ်တွင် နေရာဝင်လုသူများ၊ ရန်ရှာသူများနှင့် ကြုံတွေ့ နေရသော်လည်း မိမိအလုပ်များကို မိမိသာ ဦးစီးလုပ်ကိုင်နေရမည်။

ညီအကို မောင်နှမတို့၏ စားဝတ်နေရေး၊ ပညာရေးတို့ကို မိမိက ပူပန်ရမည်။ တာဝန်ယူနေ ရမည်။ နှာစေး၊ ချောင်းဆိုး၊ ၀မ်းဗိုက် မကြာခဏ နာတတ်ခြင်း၊ လေထိုးလေအောင့် မကြာခဏ ဖြစ်ခြင်း၊  ကိုယ်ရှိန်ပူခြင်း စသည့် အာဂန္ဓုရောဂါလေးများ မကြာခဏဖြစ်နေ၍ အလုပ်ပျက်ပြီး စိတ်ညစ်ရတတ်သည်။ ဖခင်ဦးကြီးတို့၏ ကျန်းမာရေး စိုးရိမ်ရသည်။

မင်းစိုးရာဇာတို့နှင့် အမှုအခင်း ရင်ဆိုင်ရတတ်သည်။ အစိုးရကြောင့် မိမိမှာ စီးပွားရေး လာဘ် ပိတ်နေတတ်သည်။ သို့မဟုတ် အစိုးရက မိမိ၏စီးပွားရေးကို ဖျက်ဆီးတတ်သည်။ သားသမီး(သို့) ညီ၊ ညီမငယ်တို့၏ ပညာရေး၊ အင်တာဗျူး ကျရှုံး၍ မိမိအပေါ် ပြစ်တင်တတ်သောကြောင့် စိတ်ညစ်ရတတ်သည်။ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတို့၏ အခက်အခဲပြဿနာများကို တခုပြီးတခု ရှင်းနေရမည်။ ကံကောင်းသယောင်နဲ့ ကံဆိုးနေတတ်သည်။ ဘေးကရန်တိုက်ပေး၍ မိသားစု အချင်းချင်း၊ အိမ်သူအိမ်သားအချင်းချင်း၊ ဆွေမျိုးအချင်းချင်း ရန်ဖြစ်ပြီး၊ စိတ်ဆင်းရဲစွာ အကျိုးမဲ့ ငွေကုန်တတ်သည်။ အထူးသဖြင့် ငွေကြေးကိစ္စနှင့် စကားများရတတ်သည်။

ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ အ၀ယ်မှား၍ အလိမ်ခံရတတ်သည်။ လုပ်ငန်းစပ်တူလုပ်ပါက လည်း အချင်းချင်း အကြီးအကျယ် စကားများပြီး ရင်းနှီးထားသည့် ငွေများ ဆုံးရှုံးလိမ့်မည်။ စာရင်းသာရှိပြီး လက်ဝယ်ငွေမရှိဘဲ ဖြစ်တတ်သည်။ ရစရာရှိသော အကြွေးများလည်း ကြန့်ကြာ နေတတ်သည်။ ပတ်ဝန်းကျင်တွင် ဘ၀အနေအထား ပုံမမှန် ဖြစ်နေမည်။ ဗြုန်းကနဲ လက်ရှိ နေရာကနေ နိမ့်ကျသွား၍ စိတ်ဆင်းရဲ မျက်နှာငယ်နေရတတ်တယ်။   

ယတြာ။              ။ မိမိ၏ အင်္ကျီအဟောင်းများကို စင်ကြယ်စွာ လျှော်ဖွတ်၍ မရှိဆင်းရဲသား သက်ကြီးရွယ်အိုများသို့ လှူဒါန်းပါ။ အိမ်မှ ဘုရားကို သန့်ရှင်းရေးလုပ်၍ ပန်း၊ ရေချမ်း၊ ဆွမ်းတော် ဆပ်ကပ်ပြီး ရတနာသုံးပါးကို ရည်မှန်း၍ ဖယောင်းတိုင် ၃ တိုင် ထွန်းညှိပူဇော်ကာ လိုရာဆုတောင်းပါ။

 


 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org