Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

{အောက်တိုဘာ၊ ၂၀၀၇}

 

 

ယခုလတွင် နိုင်ငံခြားသား၊ ဘာသာခြားတို့နှင့် မိတ်ဆွေဖြစ်ခြင်း၊ အလုပ်အကိုင် တွဲလုပ်ရခြင်း တို့ ရှိတတ်ပါသည်။ ပြည်ပနိုင်ငံများသို့ အလုပ်ကိစ္စဖြင့် သွားရတတ်သည်။ ရန်သူပြိုင်ဘက်များ အား အနိုင်ယူယှဉ်ပြိုင်နိုင်သော်လည်း မိတ်ဆွေသူငယ်ချင်းတို့နှင့် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ရတတ် သည်။ အထူးသဖြင့် အချစ်ရေးတွင် အလုခံရတတ်သည်။

အနီးကပ်မိတ်ဆွေ၏ ဒုက္ခပေးခံရသော်လည်း ရပ်ဝေးမှ သူငယ်ချင်းမိတ်ဆွေတို့၏ အကူအညီ အထောက်အပံ့ ရရှိနေမည်။ မိတ်ဆွေသူငယ်ချင်း၏ အိုးအိမ်၊ အလုပ်အကိုင်အား ထိန်းသိမ်း စောင့်ရှောက်ပေးခြင်းဖြင့် မိမိအတွက် အောင်မြင်မှု အကျိုးကျေးဇူးရရှိမည်။ အတူနေ မိသားစု အတွင်း ပညာရေး အခွင့်ထူးရရှိခြင်း၊ ဂုဏ်ထူးတို့ဖြင့် ထူးခြားစွာ အောင်မြင်ခြင်းတို့ကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ရမည်။

အိမ်ထောင်သည် ဇနီးမယား၊ လင်ယောက်ျားတို့ အကြောဆွဲခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်သော ကြောင့် အနီးကပ် နေ့မအိပ်၊ ညမအိပ် ပြုစုစောင့်ရှောက်ရကာ ပင်ပန်းလိမ့်မည်။ စစ်ဘက် ဆိုင်ရာမှသော်လည်းကောင်း၊ စက်မှုလက်မှု လုပ်ငန်းများမှသော်လည်းကောင်း ငွေတလုံးတခဲ အမြောက်အများ ရနိုင်သည်။ အလုပ်ပင်ပန်းနေမှုကြောင့် မိမိကိုယ်တိုင် စိတ်တိုကာ ပြောမှား ဆိုမှား ဖြစ်တတ်ပြီး စကားများရန်ဖြစ်ရတတ်သည်ကို သတိပြုပါ။

ဆန့်ကျင်ဖက်လိင်တို့နှင့် ရင်းနှီးအကျွမ်းဝင်မှုကို စွပ်စွဲပုတ်ခတ်ပြောဆိုခြင်း ခံရတတ်သည်။ နိုင်ငံခြားသားများနှင့် ပတ်သက်သော လုပ်ငန်းများသော်လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်း များသော်လည်းကောင်း ငွေကြေးအမြောက်အများရခြင်း၊ နာမည်ကောင်းရခြင်းတို့ ရှိမည်။ အများအကျိုး ဆောင်ရွက်မှုကြောင့် ဂုဏ်သိက္ခာတက်၊ နာမည်ကောင်းရသလို ထင်ပေါ် ကျော်ကြားအောင်မြင်မှုများ ရရှိမည်။ သူများ၏ အမှုအခင်းများတွင် ပါဝင်ပတ်သက်ရခြင်း၊ သက်သေခံရခြင်းတို့ ဖြစ်တတ်သည်။

မိမိကိုယ်တိုင်သော်လည်းကောင်း၊ လင်ယောက်ျား၊ ဇနီးမယား၊ ချစ်သူရည်းစားတို့သော်လည်း ကောင်း ကျန်းမာရေး အညံ့ရှိသည်။ ရေချိုးမှားမှုကြောင့် တကိုယ်လုံး ကိုက်ခဲဖျားနာပြီး အဆင်မသင့်ရင် လေဖြတ်တတ်သည်။ အထိတ်တလန့်တခုကြောင့် နှလုံးရောဂါရတတ်၍ ရောဂါအခံရှိပြီးသူများ အထူးဂရုစိုက်ရမည့် ကာလဖြစ်သည်။

ယတြာ။              ။ မွေးနေ့တိုင်း ဖယောင်းတိုင် ၉ တိုင် ပူဇော်ခြင်း၊ အကြောင်းအရာကိစ္စများ ကြုံလျှင် သက်စေ့မီးပူဇော်ခြင်းဖြင့် အဆိုးအညံ့များကို လျှော့ချပြီး အကောင်းအမြတ်များ တိုးပွားနိုင်ပါသည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org