Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

{အောက်တိုဘာ၊ ၂၀၀၇}

 

 

လုပ်ငန်းအတက်အကျများကို ရင်ဆိုင်နေရသလို အဆိုးအကောင်းဒွန်တွဲကာ ကြုံတွေ့နေရသည်။ တခါတရံတွင် ရန်သူသည် မိတ်ဆွေဖြစ်နေပြီး မိတ်ဆွေသည်လည်း ကိုယ့်အတွက် ရန်သူဖြစ်နေ တတ်သည်။ လုပ်ငန်းများကို သူများနှင့် ပူးတွဲလုပ်ခြင်းထက် မိမိတကိုယ်တည်း လုပ်ကိုင်နေခြင်း က ပိုမိုတိုးတက်အောင်မြင်မည့် ကာလဖြစ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများတွင် ငွေကြေးကိစ္စ များ အဆင်ပြေမည်။ မိမိလုပ်ရည်ကိုင်ရည်ကို  ပတ်ဝန်းကျင်မှ အသိအမှတ်ပြု တန်ဖိုးထား၍ အလုပ်အကိုင်တွင် ဂုဏ်သိက္ခာတက် မြင့်မားမည်။

အချစ်ရေး၊ အိမ်ထောင်ရေး စိတ်ချမ်းသာမည်။ သားကောင်း၊ သမီးရတနာ ရနိုင်သည်။ ယခင် အနစ်နာခံခဲ့သည့် လုပ်ငန်းများမှ အသီးအပွင့်၊ အကျိုးခံစားခွင့်ရမည်။ သဲထဲရေသွန် သုံးမရ၍ ပစ်ထားသည့် လုပ်ငန်းများမှလည်း မိမိအတွက် အကျိုးအမြတ်ရနေမည်။ အနီးကပ် မိတ်ဆွေ တို့၏ မနာလိုမှုကြောင့် ရန်ရှာခံရတတ်သည်။ တကိုယ်တည်း အေးအေးချမ်းချမ်း ရောင့်ရဲ တင်းတိမ် နေချင်သော်လည်း အများတွင် ပါဝင်ပတ်သက် ဦးဆောင်လုပ်ကိုင်နေရတတ်သည်။   

လူမျိုးခြား၊ ဘာသာခြားတို့အပေါ်တွင် သြဇာသက်ရောက်မှု ရှိသည်။ မိမိ၏ မိဘ (သို့) အကြီးအကဲတို့၏ ကျန်းမာရေးအညံ့၊ နာရေးတို့ကို ဦးစီးလုပ်ကိုင်ပေးရတတ်သည်။ ချစ်သူ၊ ရည်းစား ၀ိုင်းဝိုင်းလည်အောင် များနေတတ်သော်လည်း မိမိအပေါ် အနစ်နာခံမည့် အိမ်ထောင် ဖက် ရှားပါးမှုကြောင့် စိတ်တိုင်းမကျ ကသိကအောင့် ဖြစ်နေရတတ်သည်။

တလုံးတခဲတည်း ငွေများများဝင်သည်ကို လူမြင်နေသော်လည်း တတိတိ နဲနဲစီဖြင့် ထွက်ငွေ များနေတတ်သည်။ လေထိုးလေအောင့် အစာအိမ်ရောဂါ မကြာခဏ ဒုက္ခပေးတတ်သလို ကိုယ်ပူရှိန်တက် ဖျားနာခြင်း ခဏခဏ ဖြစ်နေသော်လည်း အနားယူရခြင်းမရှိဘဲ အလုပ်နှင့် လက်မပြတ် အလုပ်ရှုပ်နေရတတ်သည်။

ယတြာ။              ။ ခရေပန်း၊ ခတ္တာပန်း၊ စပယ်ပန်း၊ ဇွန်ပန်း တခုခုကို ဘုရားတွင် ဆက်ကပ် ခြင်း၊ ကိုယ်တွင်လည်း အဆောင်ထားခြင်းဖြင့် လုပ်ငန်းအကြံအစည်များ ကောင်းမွန်အောင်မြင် ပါမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org