|

အလုပ်အကိုင်များတွင် အပြိုင်အဆိုင် များနေတတ်ပြီး အကြံအစည်များမှာလည်း
တပိုင်းတစနှင့် လုပ်ငန်းတွေမပြတ်ဘဲ ဖြစ်နေတတ်သည်။ လုပ်ငန်းများမှာလည်း
စိတ်ကူးရရာ လျှောက် လုပ်နေသလို ဖြစ်နေတတ်သည်။ အနီးကပ် ပေါင်းသင်းနေသော
ဟန်ဆောင်မိတ်ဆွေများကို အဆိုးအကောင်း ခွဲခြားနိုင်၍ ကိုယ်က
အောင်နိုင်မည်။ မကောင်းတဲ့ အိမ်မက်တွေ မက်မယ်။ သားသမီးက ရန်မူမယ်။
မိမိစေတနာကို နားမလည်၍ ခံရခက်လောက်တဲ့ ပြဿနာတွေ
ဖြစ်နေမယ်။ သားသမီးကြောင့် စိတ်ညစ်ရမယ်။
အရပ်ဝေးမှသတင်းကောင်း ကြားရမယ်။ နိုင်ငံရပ်ခြား
(သို့) လူမျိုးခြားတို့နှင့် အရောင်း အဝယ်၊ စီးပွားရေး၊
ပေါင်းသင်းဆံဆက်ရေး ကောင်းနေမယ်။ မိတ်ဆွေကောင်းတို့နှင့် တွေ့ရ၍
မိမိအတွက် လိုအပ်သော အကူအညီပေး စောင့်ရှောက်ပါမည်။ မင်းစိုးရာဇာ၊
အကြီးအကဲတို့ ကလည်း ကိုယ့်ဖက်ကပါပြီး ကူညီလိမ့်မယ်။ ပညာရှိ
သူတော်ကောင်းတို့ မိတ်ဆွေဖြစ်ရ၍လည်း ကျက်သရေမင်္ဂလာတိုးလို့ စီးပွားရေး
ကံကောင်းနေမယ်။ မျှော်လင့်မထားသော လျှို့ဝှက်ငွေဝင် မယ်။
ကြိုးစားသလောက် အခွင့်အရေးအကျိုးခံစားခွင့်ရမည်။
လုပ်ငန်းခွင်အတွင်း ရာထူး တက်၊ လစာတိုးသလို အလုပ်မနိုင်လောက်အောင်
ရှုပ်ထွေးများပြားနေမည်။ အလုပ်တွေ ဟိုမရောက် ဒီမရောက် လက်စမသတ်နိုင်ဘဲ
ဖြစ်နေမယ်။ ခရီးသွားရင် အားလုံး အဆင်ပြေ ချောမွေ့တယ်။
အ၀တ်အစားအသစ်ရပြီး အစားကောင်းများ စားရမည်။ စိတ်ပျော်ရွှင် ချမ်းမြေ့
မယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ၀င်မယ်။ အပြိုင်အဆိုင်တွေအပေါ်
အနိုင်ရလို့ ၀ိရိယအကျိုး ခံစားရမယ်။ မိမိအား ဂုဏ်သိက္ခာချ
သွားပုတ်လေလွင့်ပြောမိသူများအား ပတ်ဝန်းကျင်မှ ရှုတ်ချ၍
မျက်နှာမပြနိုင်ဘဲ ရှိနေမည်။
ရေချိုးမှား၍ လေဖြတ်ခြင်း
ဥပါဒ်အန္တရာယ်ကြုံတတ်သည်ကို သတိပြုပါ။ အစာချေတဲ့ အပိုင်းလည်း
ဒုက္ခပေးမည်။ အရေပြား ယားရံမယ်။
ယတြာ။
။
ဘုရားရှေ့တွင် လင်ပန်းထဲ၌ လက်ဖက် (၉) ပုံ ထည့်၍ ဘုရားဂုဏ်တော်
ကိုးပါးအား ရည်စူး၍ ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းပါ။ |