Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

အလုပ်အကိုင်၊ အိုးအိမ် ရွှေ့ပြောင်းရမည်။ စီးပွားရေး အတက်အကျ၊ ငွေအ၀င်အထွက်များရာတွင် ၀င်ငွေထက် ထွက်ငွေ က ပိုများသောကြောင့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။ အနီးကပ်ပေါင်းသင်းနေသည့် မိတ်ဆွေတို့၏ သစ္စာဖေါက်ခြင်း ခံရတတ်သည်။ ဆွေမျိုးသားချင်း မိသားစုဝင်တို့၏ လျှို့ဝှက် မကောင်းကြံ ခြင်းခံရတတ်သည်။ အပြောအဆိုမှားတတ်၍ ရန်သူ ပေါများလာကာ မိဘဆရာသမား၊ အကြီးအကဲတို့၏ အထင်အမြင်လွဲခံရတတ်သည်။

အိမ်ထောင်သည်များ လူမှုရေးဖေါက်ပြန်မှုဖြင့် အစွပ်စွဲခံရ၊ အမှုအခင်း ဖြစ်တတ်သည်။ လူပျို၊ အပျိုတို့ နီးစပ်ရာ မုဆိုးဖို၊ မုဆိုးမ၊ တခုလပ်တို့နှင့် အိမ်ထောင်ကျတတ်သည်။ လင် ယောက်ျား၊ ဇနီးမယားနှင့် ချစ်သူရည်းစားတို့အပေါ်တွင် သစ္စာရှိခြင်း၊ ဂရုတစိုက် ပြုစု စောင့်ရှောက်ပေးခြင်းဖြင့် ပတ်ဝန်းကျင်က လေးစားဂုဏ်ယူစရာတွေကို လုပ်ပြနိုင်ပါက အိမ်ထောင်ရေးနှင့် အိမ်တွင်းရေးတို့တွင် စိတ်ချမ်းသာမှုရမည်။ သို့မဟုတ်ပါက ပတ်ဝန်းကျင်၏ သွားပုတ်လေလွင့် စွပ်စွဲပြောဆိုမှုကြောင့် အရှက်တကွဲ ဖြစ်ရုံသာမက မိသားစုတွင်း အထင် အမြင်လွဲမှား ရန်ဖြစ်ကာ လင်မယားချင်းကွဲကွာရသည်အထိဖြစ်တတ်သည်။

ဆန့်ကျင်ဖက်လိင် ယောက်ျား၊ မိန်းမတို့နှင့်တွဲ၍ လုပ်ကိုင်နေသော လုပ်ငန်းမှ အမြတ် အစွန်း၊ အကျိုးအမြတ် ရရှိအောင်မြင်မည်။ စီးပွားရေးနှင့် လူမှုရေးတို့ ရောထွေး၍ မရနိုင်သော ကာလ ဖြစ်သည်ကို ဂရုစိုက်ပါ။ တချက်မှားလျှင်ပင် သိက္ခာ အဖတ်ဆယ်မရ ဖြစ်နေတတ်သည်။ ငွေဝင်နေသော်လည်း ငွေမမြဲတတ်ပါ။ နိုင်ငံခြား အရပ်ဝေးခရီးသွားရမည်ဆိုပါက အလွန် ကောင်းပါသည်။ မိတ်ဆွေသစ်၊ မိတ်ဆွေကောင်းတို့၏ အကူအညီရမည်။ ပင်လယ်ရပ်ခြား(သို့) ရေလမ်းခရီးသွားခြင်း ကြုံတွေ့ရနိုင်သည်။

မိသားစုအတွင်း ကျန်းမာရေးချူခြာနေတတ်သည်။ ကိုယ်တိုင်မှာလည်း ၀မ်းဗိုက်ရောဂါ မကြာခဏဖြစ်နေ၍ စိတ်ညစ်ရတတ်သည်။ ဂရုမစိုက်ပါက ခွဲစိတ်ရသည်အထိ ဖြစ်တတ်ပါသည်။                          

ယတြာ။              ။ နံနက်တိုင်း “အရဟံ ဗုဒ္ဓေါ” ပုတီး (၃) ပတ် စိတ်ပါ။ အေးချမ်းဆိတ်ငြိမ် သည့် နေရာတွင် တရားထိုင်ပါက တရားထူးများ ရရှိနိုင်ပါသည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org