|

မိဘဆရာသမား၊
အကြီးအကဲတဦး၏ နာရေးကိစ္စကို ဦးစီး ဆောင်ရွက်ပေးရမည်။ အာဏာရှိသူ
မိတ်ဆွေကောင်း၊ သူတော် ကောင်းများနှင့် မိတ်ဆွေဖြစ်မည်။ ရဟန်းသံဃာ၊
သူတော်ကောင်း၊ ဆရာသမားတို့ရဲ့ ကူညီခြင်းခံရမည်။ အာဏာပိုင်တို့ရဲ့
အကူအညီ ရမည်။ ပညာရေးမှာ ထူးထူးခြားခြား ကံကောင်းနေလို့ စာမေးပွဲများ
မှာ အမှတ်ကောင်းနဲ့ အောင်မယ်။ ပျော်ရွှင်ဖွယ်ခရီးနှင့် ဘုရားဖူး
သွားရမယ်။ လူပျို၊ အပျိုများ ချစ်သူအသစ်ရမည်။ တရားထူးများ
နာကြားကျင့်ကြံ အားထုတ်ရ လိမ့်မည်။
သားသမီး၊
လက်အောက်ငယ်သားများက မိမိစကားကို နားမထောင်၍ စိတ်ညစ်ရ တတ်သည်။
သားသမီးနှင့် သဘောထားချင်း မတိုက်ဆိုင်ဘဲ ဖြစ်နေမယ်။
ကိုယ်ဖြစ်ချင်တာနဲ့ သူတို့လုပ်နေတာ တခြားစီဖြစ်နေမယ်။ သူတို့၏
အမှုအခင်းများကိုလည်း လိုက်လံဖြေရှင်းပေး နေရတတ်သည်။ သားသမီးတို့၏
ကျန်းမာရေးအတွက်လည်း အထူးစိုးရိမ် ဂရုစိုက်နေရတတ်၍ စိတ်ပန်းလူပန်း
ဖြစ်နေတတ်သည်။ ဖခင်(သို့မဟုတ်) ဦးကြီး၊ ဘကြီး၊ ယောက္ခထီးတို့၏ ကျန်းမာ
ရေးအတွက်လည်း ငွေကုန်ကြေးကျ များနေတတ်သည်။
လက်လွတ်စပယ်
ငွေကြေးချေးငှားမိပါက ဆုံးရှုံးရမည်။ အထူးသဖြင့် ဆွေမျိုးသားချင်း ထဲက
တယောက်ယောက်က ဒုက္ခပေးမည်။ မိဘများရဲ့ လက်ငုတ်လက်ရင်း အလုပ်များကို
ဝင်လုပ်ပေးရင်းကနေ ငွေများများ ၀င်မယ်။ ဆရာသမားတို့၏
စောင့်ရှောက်မှုကြောင့် စီးပွားရေး ကံကောင်းတယ်။ အကျိုးခံစားခွင့်
များများရနေ၍ မနာလိုဝန်တို လက်အောက်ငယ်သားများနှင့် စကားများ
ရန်ဖြစ်ရတတ်သည်။
လုပ်ချင်တာတွေအားလုံး အချိန်တိုတိုအတွင်း ဖြတ်ကနဲ ဖြစ်လာမယ်။
စီးပွားရေး ကောင်း၊ ဂုဏ်သိက္ခာတက်နေလို့ စိတ်ချမ်းသာမယ်။ ကံဇာတာတက်နေ၍
ထီထိုးပါ။ ၃၊ ၅ ဂဏန်းများပါသော ထီ အကျိုးပေးမည်။ မိသားစုဝင်
မောင်နှမအချင်းချင်း သွေးစည်းညီညွတ် လို့ ငွေကြေးအဆင်ပြေ
ပျော်ရွှင်နေကြသည့်အပြင် ရန်သူအတိုက်ခံတွေကိုလည်း အောင်နိုင် မည်။
သူများထက် ထူးခြားတဲ့ အကြံအစည်များ ကြံနိုင်ပြီး လုပ်စရာရှိတဲ့
လုပ်ငန်းတွေကိုလဲ လုပ်ဖြစ်မယ်။ သန့်ရှင်းစွာရထားတဲ့ ငွေအတွက်လည်း
စိတ်အေးချမ်းသာ ပျော်ရွှင်နေမယ်။ တနင်္လာနံများဖြစ်တဲ့ ကား၊
ကျောက်မျက်ရတနာ ၀ယ်မိပါက ကြာကြာမခံဘဲ ပြန်ထွက်သွားရ တတ်သည်။
ဒူး၊
ပေါင်နှင့်ပတ်သက်ပြီး အကိုက်အခဲ အနာရောဂါ ရမည်ဖြစ်သော်လည်း
မစိုးရိမ်ရပါ။
ယတြာ။
။
ကလေးသူငယ်များအား မုန့်ကျွေးခြင်း၊ မုန့်ဖိုးပေးခြင်းတို့ဖြင့်
စီးပွားရေး၊ လူမှုရေး ကျက်သရေ တိုးပါမည်။ |