|

လုပ်ငန်းခွင်အတွင်း အချင်းချင်း ကတုံးကတိုက်လုပ်၍ ဆရာသမား၊
လူကြီးမိဘတို့က အထင်အမြင်လွဲခြင်း ခံရမည်။ မိမိ အတွက် ရရှိမည့်
အခွင့်အရေးများကို လုချင်သူများနေ၍ စိတ်တို ဒေါသဖြစ်ကာ စိတ်ပင်ပန်း၊
လူပင်ပန်းဖြင့် အလုပ်အကိုင်နေရာ ပြောင်းချင်စိတ်ဖြစ်မည်။
လုပ်ငန်းပြောင်းပါကလည်း ရန်သူအသစ်နဲ့ တွေ့ပြီး ဆုံးဖြတ်ချက်တွေ
မှားနေလိမ့်မည်။ စာမေးပွဲကျခြင်း၊ အင်တာဗျူး ကျရှုံးခြင်းတို့ဖြင့်
ပညာရေးညံ့နေသည်။ ဘေးက ရန်တိုက်ပေးလို့ မိသားစု အချင်းချင်း၊
အိမ်သူအိမ်သားအချင်းချင်း ရန်ဖြစ်မယ်။
စီးပွားရေး
အဆင်မပြေတတ်၍ စိတ်ရှုပ်ထွေးနေပြီး မောင်နှမချင်းတွေပင် ငွေကြေးကိစ္စ
အတွက် စကားများရမည်။ အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေ လုပ်မိတတ်တယ်။
အထူးသဖြင့် စိတ်ရှုပ် ထွေး၊ စိတ်မကြည်မလင်သောကြောင့် အမှားများ
ဆက်တိုက်ဖြစ်နေတတ်သည်။ အမှန်တရား လိုလားသူ၊ ဘက်မလိုက်သူဖြစ်သော်လည်း
အခြေအနေအရ မျက်ကွယ်ပြု ရေငုံနှုတ်ပိတ် ငြိမ်သက်နေရသဖြင့်
စိတ်မချမ်းမသာဖြစ်မည်။ အမှန်တရားအတွက် သြဇာအာဏာရှိသူတို့နှင့်
ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်ရလိမ့်မည်။
ဆေးစားမှားခြင်း ဆေးထိုးမှားခြင်းနှင့် မတော်တဆထိခိုက်မှု
အက်ဆီးဒင့်ဖြစ်တတ် သည်။ ပြောမှားဆိုမှားဖြစ်၍ မိမိဘက်ကမှန်သည့်
ကိစ္စတခုကို အရှုံးပေးလိုက်ရတတ်သည်။ လုပ်ငန်းအကြံအစည်များလည်း
လက်စမသတ်နိုင်ဘဲ တပိုင်းတစနှင့် ရပ်တန့်ပြစ်ရတတ်သည်၊ အလုပ်တွေ
ဟိုမရောက် ဒီမရောက်ကြောင့် အချိန်တွေ အကျိုးမဲ့ ကုန်နေမယ်။
ငွေကုန်ကြေးကျ များနေပြီး ဘာလုပ်ရမှန်းမသိဘဲ ကြောင်စီစီနေမယ်။
မိမိအား
နားလည် ခွင့်လွှတ်တတ်သူ ချစ်သူရည်းစားအသစ် ရရှိမည်။ အိမ်ထောင်သည်
များလည်း အိမ်ထောင်ဘက်၏ နားလည်ခွင့်လွှတ်မှုကြောင့် စိတ်သက်သာ၊
စိတ်ချမ်းသာမှုရမည်။ အချစ်စစ် အချစ်မှန် ရှာဖွေတွေ့ရှိခွင့် ကြုံသည်။
ဝမ်းဗိုက်ရောဂါဒုက္ခပေးမည်။ အစာအိမ်ရောဂါ၊ အူအတက်ပေါက်ခြင်းတို့ကြောင့်
ခွဲစိတ်ကုသမှု ခံရတတ်သည်။
ယတြာ။
။
အိမ်မှ
ဘုရားစင်တွင် ရွက်လှပန်းနှင့် အုန်းညွန့် ထိုး၍ ဘုရားပန်းတင်ပြီး
လိုရာဆုတောင်းပါ။ |