Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

နိုင်ငံခြားသား လူမျိုးခြားနဲ့ မိတ်ဆွေဖြစ်ရမည်။ တပည့် လက်သားရဲ့ အကူအညီရမယ်။ အလုပ်သစ်လုပ်ရင် ကောင်းတယ်။ စိတ်ဝင်စား၊ ကြိုးစားလုပ်ကိုင်နေတဲ့ အလုပ်မှာ နေရာရမယ်။ နာမည် ကောင်း ရမယ်။ သူများကလည်း ကူညီနေမယ်။ ငွေများများ ရမယ်။ အထက်လူကြီးတွေက ယုံကြည်စိတ်ချခြင်း ခံရမယ်။ သို့သော် အလုပ်များပြားရှုပ်ထွေးနေလို့ ပင်ပန်းကြီးစွာဖြင့် အလုပ်ကို လုပ်ကိုင် နေရမယ်။

အိမ်ထောင်သည်များ လင်မယားချင်း စကားများ၍ အိမ်ထောင်ပျက်ကိန်းရှိသည်။ ဇနီး၊ ခင်ပွန်းတို့ ဆေးရုံတက်ရမည်။ လူပျို၊ အပျိုများလည်း ချစ်သူရည်းစားချင်း အထင်အမြင် လွဲမှား ၍ ကွဲကိန်းရှိသည်။ မိသားစုဝင် ညီအကိုမောင်နှမအချင်းချင်း အထင်အမြင်လွဲမှားနေတဲ့ ကိစ္စ အားလုံး ပြေလည်ညီညွတ်လို့ စိတ်ချမ်းသာ ပျော်ရွှင်မယ်။

ဘာသာရေးအလှူအတန်း လုပ်ရခြင်း၊ တရားထိုင်၍ တရားထူးရခြင်းများ စသည့် ဘာသာရေး ရည်မှန်းချက်များ ပြည့်စုံမည်။ လုပ်ငန်းခွင်အတွင်း၌လည်း ထူးဆန်းထူးခြားသော အရည်အသွေးများ ပြနိုင်မည်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင်လည်း သြဇာအာဏာ ဘုန်း တန်ခိုး ကြီးလိမ့်မည်။ လုပ်ငန်းခွင်အတွင်း အခွင့်အရေးကောင်းများ ရမည်။ လိုချင်တဲ့ အကူအညီ ကိုလည်း ကူညီမဲ့သူလည်း အဆင်သင့် ရှိနေတတ်သည်။ အထက်လူကြီးသူမတို့ကလည်း စောင့်ရှောက်မယ်။ ရည်မှန်းထားတဲ့ လုပ်ငန်းများအောင်မြင်မယ်။ အစုအပုံလိုက် ငွေဝင်မယ်။  အဖိုးတန် ကျောက်မျက်ရတနာ လက်ဆောင်ရမယ် (သို့မဟုတ်) ၀ယ်ရမယ်။ စီးပွားရေး အခြေအနေ ကောင်းလို့  မိသားစုအတွင်း ပျော်ရွှင်စရာဖြစ်နေမယ်။ သူများကလည်း ကိုယ့်ကို အထင်ကြီးပြီး ကူညီကြလို့ လုပ်ချင်တာတွေ လုပ်တိုင်းဖြစ်နေမယ်။

လင်မယားချင်း၊ ချစ်သူရည်စားချင်း အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ရှိနေမယ်။ အချစ်ရေး အထင်အမြင်လွဲမှားမှုများ ဖြေရှင်းရခက်နေလို့ စိတ်မချမ်းမသာ ဖြစ်နေရမယ်။ တဇွတ်ထိုး အရွဲ့တိုက်မှုများကို အထူးရှောင်ရှားပါ။ အိမ်ထောင်ပျက်၊ ရည်းစားကွဲကိန်း ရှိသည်။ သားသမီး၊ ညီငယ်ညီမငယ်၊ လက်အောက်ငယ်သားတို့၏ ပညာရေးကောင်း၊ စာမေးပွဲများ အောင်လို့ စိတ်ချမ်းသာမယ်။ ရပ်ဝေးမှ မင်္ဂလာသတင်းကောင်း ကြားရတတ်သည်။ ကာလ ကြာမြင့်စွာ တောင့်တနေသော နိုင်ငံခြားခရီးဝေးလည်း သွားရတတ်သည်။ 

အစာအဆိပ်သင့်ခြင်း၊ ဆေးစား၊ ဆေးထိုးမှား ခြင်းနှင့် ကားရထား အက်ဆီးဒင့် ကိစ္စများ အထူးဂရုပြုပါ။

ယတြာ။              ။ ဘုရားပန်းအိုးတွင် အောင်သပြေပန်းထိုးခြင်း၊ ကလေးသူငယ်များအား ပေါက်ပေါက်ဆုပ်နှင့် ငွေကြေး ကြဲပက်အလှူပေးခြင်း ပြုလုပ်ပါက အောင်မြင်မှုများ ထူးထူးခြားခြား ရရှိလာပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org