Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးကောင်းလို့ မိတ်ဆွေ အပေါင်းအသင်း ပေါများမယ်။ ဉာဏ်ပညာဖြင့် ဦးနှောက်ကို လွှာသုံးလို့ စီးပွားဥစ္စာ ပေါများစွာ ရရှိမယ်။ လက္ချမီမယ်တော်၏ စောင့်ရှောက်မှုဖြင့် နာမည်ကောင်းရ၍ မပြတ်ငွေဝင်နေတတ်သည်။ ရှိစရာရှိသော ကြွေးဆုံးငွေများပင် ပြန်ရတတ်သည်။ အလုပ်နှင့် ပတ်သက်၍လည်း သတင်းကောင်း ကြားရ၍ စိတ်ချမ်းသာမည်။ သူများရဲ့ ကူညီမ,စမှုများကြောင့် ရည်မှန်းသလို ဖြစ်ထွန်းနေမည်။ အခွင့်အရေးကောင်းများ နှစ်ကြိမ်ထက်မက ရနေသလို လုပ်ငန်းမျိုးစုံမှလည်း ငွေဝင်နေတတ်သည်။

သားသမီး၊ ညီငယ်ညီမငယ်၊ လက်အောက်ငယ်သားတို့၏ ပညာရေးအောင်မြင်မှု ကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ရမည်။ စစ်ဘက်ဆိုင်ရာလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများမှ ငွေဝင်ပြီး အောင်မြင်မှု နာမည်ကောင်းရမည်။ လုပ်ငန်းအတူ၊ လုပ်ဖေါ်ကိုင်ဖက်အဆင့်တူ အချင်းချင်း ချစ်သူရည်းစား ဖြစ်ရမည်။ ရေလမ်းခရီးဖြင့် ခရီးသွားရခြင်း (သို့မဟုတ်) ရေလုပ် ငန်းနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ငွေဝင်မည်။

လူချစ်လူခင်ပေါများလို့ အခွင့်အရေးတွေ ရနေမယ်။ အကြီးအကဲ ဆရာသမားတို့၏ စောင့်ရှောင့်မှုကြောင့် ဂုဏ်သိက္ခာ မြင့်မားနေမယ်။ အဖိုးတန် လက်ဆောင်ပစ္စည်းများ တခုခုဝင် မည်။ မိမိက သူများကို ကူညီခဲ့သလို မိမိအတွက် အကူအညီပေးမည့်သူများကလည်း ဝိုင်းဝိုင်း လည်နေတတ်သည်။ လုပ်ချင်တဲ့ အလုပ်တွေကို ရည်မှန်းချက်အတိုင်း အကောင်အထည် ဖေါ်ခွင့်ရလို့ စိတ်ချမ်းသာ ပျော်ရွှင်ရမယ်။ ရာထူးတက်လစာတိုးမည်။ စည်းစိမ်ဥစ္စာအပြည့်နှင့် စီးပွားရေးကံကောင်းနေသော ကာလဖြစ်၍ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သင့်သည်။

အိမ်ထောင်ဘက်များနှင့် ပတ်သက်၍လည်း နာမည်ကောင်းရ၍ စီးပွားဖြစ်ငွေဝင်နေ တတ်သည်။ သူတပါး၏ ကူညီမှုဖြင့် ငွေများများ ၀င်နေသော်လည်း အပျော်အပါး လောင်းကစား လုပ်ခြင်းကို အထူးရှောင်ကျဉ်သင့်သည်။ ၎င်းအတွက် အမှုအခင်းဖြစ်တတ်သည်။

အာရုံကြောများ အကြောတက်ခြင်း၊ လေထိုးလေအောင့် မကြာခဏ ဖြစ်တတ်သည့် အပြင် ရေချိုးမှားခြင်း၊ အအေးပတ်ခြင်းတို့မှ လေငန်းဆွဲလေဖြတ် ဖြစ်တတ်သည်။

ယတြာ။              ။ ခွေး၊ ကြောင်နှင့် ကျေးငှက်တို့ကို အစာကျွေးခြင်း၊ ကလေးသူငယ်များအား မုန့်ဝေငှခြင်းအားဖြင့် ကောင်းကျိုးချမ်းသာ ပိုမိုရရှိလာပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org