|
(ယခုလအတွင်း ထူးခြားဖြစ်စဉ်)
မြန်မာနိုင်ငံအတွင်း နိုင်ငံကျော်၊ နာမည်ကြီး စာရေးဆရာ (သို့မဟုတ်)
အနုပညာရှင် ပညာရှိတဦး သေဆုံးမည်။ ရဟန်းသံဃာ၊ သူတော်စင်သူတော်မြတ်
အစစ်အမှန်များ တောရိပ်ခို သီတင်းသုံးနေထိုင်ရပြီး အတုအယောင်
ရဟန်းသံဃာများနှင့် ဘိုးတော်အတုအယောင်များ လာဘ်လာဘ
ရွှင်လန်းတက်ကြွနေကြမည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးထက် စစ်ရေးလှုပ်ရှားမှု
ရှုပ်ထွေးများပြားနေမည်။ စစ်တပ် အတွင်း အာဏာလုပွဲ မငြိမ်မသက်ဖြစ်မည်။
စစ်ဗိုလ်ချုပ်ကြီးများ မကြာမဏ ရာထူး အပြောင်းအလဲ ဖြစ်နေမည်။
အုပ်ချုပ်သူ အစိုးရ၀န်ကြီးများ အပြောင်းအလဲ ဖြစ်နိုင်သည်။
တပ်တွင်းပုန်ကန်မှုများကြောင့် စစ်ဗိုလ်ချုပ်ကြီးများ
နောက်စေ့ကျည်ဆံဝင်မည်ကို ကြောက်ရွံ့ ၍ နောက်ကျောမလုံသည့်ကာလများ
ဖြစ်နေမည်။
အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ အနိုင်ကျင့်ခံရခြင်းများ
ဖြစ်တတ်သည်။ တရုတ်-ဗမာ လူမျိုးရေးအဓိကရုဏ်း (သို့မဟုတ်) မူဆလင်- ဗုဒ္ဓ
ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပွားတတ်သည်။ အင်္ဂါနံ ကုန်ပစ္စည်းများ (ဆန်၊ ဆီ၊
ဆား၊ ဆေး၊…..စသည်) ဈေးနှုန်းမတည် မငြိမ်ဖြင့် ကုန်ဈေးနှုန်း
အဆမတန်မြင့်တက်မည်။
ဒေသဆိုင်ရာအလိုက် အာဏာပိုင်များနှင့် ပေါင်း၍ ဓါးပြတိုက်ခြင်း၊
လုယက်မှု၊ မုဒိန်းမှု၊ ရာဇ၀တ်မှု၊ အကြမ်းဖက်မှုများ ထူပြောနေမည်။
တိုင်းရင်းသားလက်နက်ကိုင်များအချင်းချင်း မညီမညွတ် သဘောထားကွဲလွဲနေမည်။
₪₪₪₪₪₪₪₪₪₪ |