|

အလုပ်အကိုင်နေရာ ပြောင်းလိုပါက ဒီအချိန်ဟာ အကောင်းဆုံး ဖြစ်တယ်။
အိမ်ပြောင်းရွှေ့၊ အလုပ်အကိုင်နေရာ ပြောင်းခြင်းလဲ ကြုံရတတ်သည်။
ယာယီခရီးသွားလိုပါက အဆင် ပြေပြေနှင့် သွားဖြစ်မည်။ ကာလအတန်ကြာ
စိတ်ကူးနဲ့ ရည်မှန်း ချက်ထား လုပ်ကိုင်နေသော လုပ်ငန်းများ
အောင်မြင်တော့မည် ဖြစ်သည်။ အလုပ်အကိုင် ကံကောင်းနေတတ်ပြီး ရာထူးတိုး၊
လစာတိုးခြင်း ခံစားရမည်။ အပြိုင်အဆိုင်တို့အပေါ်တွင်ပင် သြဇာအာဏာတည်၍
အနိုင်ရမည်။
ကိုယ့်အခွင့်အရေးကို ဇွတ်အလုခံရတတ်သော်လည်း မိမိ၏ ရိုးသားမှုကြောင့်
ပတ်ဝန်း ကျင်တွင် ဂုဏ်တက်နေဦးမည်။ သူများကလည်း ကိုယ့်ကို
အထင်အမြင်ကြီးပြီး ကူညီကြပါလိမ့် မည်။ လုပ်ချင်တာတွေ လုပ်နေရ၍
ပျော်ရွှင်စိတ်ချမ်းသာမည်။ စနစ်တကျ စီစဉ်ဆောင်ရွက်သော လုပ်ငန်းများ
အောင်မြင်ပြီး အစီအစဉ်မရှိဘဲ ထလုပ်တဲ့ လုပ်ငန်းများ ပျက်လိမ့်မည်။
ရောင်းမှား ဝယ်မှားဖြစ်၍ စီးပွားရေး ဆုံးရှုံးရတတ်သည်။
ရွှေထည်ငွေထည်ပစ္စည်းများ အလိမ်ခံရတတ် သည်။
အကြီးအကဲ၊
ဆရာသမားတို့က ချစ်ခင်လေးစား အရေးပေး၍ စိတ်ချမ်းသာမည်။
ပျော်ပွဲရွှင်ပွဲများသို့ သွားရပြီး မိတ်ဆွေကောင်း၊ မိတ်ဆွေအသစ်များ
ရမည်။ ကောင်းမွန်သော နာမည်သတင်းကြီးမည်။ မျှော်လင့်မထားသော
လျှို့ဝှက်ငွေဝင်မည်။ အကြံအစည်သစ်များ ထုတ်၍ လုပ်ငန်းတိုးချဲ့ပါ။
အလုပ်ကံကောင်းနေပါသည်။ ထီစပ်တူထိုးပါ။ အကျိုးပေးဂဏန်း များမှာ ၂၊ ၀၊ ၉
ဖြစ်သည်။
ယောက်ျား
ဒူလာ၊ မိန်းမ မီးယပ်ရောဂါ ဖြစ်တတ်သဖြင့် အညောင်းမိသည့်လုပ်ငန်းများ
အထူးဂရုစိုက်ပါ။
ယတြာ။
။
ရေထဲသို့
ငါးလွှတ်ခြင်း၊ ဘုရားကို ရေသပ္ပါယ်ခြင်း ပြုလုပ်ပြီး လိုရာ ဆုတောင်း၍
အဓိဋ္ဌာန်ပြုလုပ်ပါက အောင်မြင်မှုကြာပန်းများ ဆွတ်ခူးရရှိပါမည်။ |