Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

ဆွေမျိုးမိတ်ဆွေတို့၏ အကူအညီ ရရှိမယ်။ ကြိုးစားရင် ကြိုးစားသလောက် အကျိုး ကျေးဇူး ခံစားခွင့်ရှိမယ်။ စိတ်ချမ်းသာစရာ သတင်းစကားများ ကြားရမယ်။ အဆက်အသွယ် ကောင်းများ ရရှိမယ်။ အပျော်ခရီး ထွက်ဖြစ်မယ်။ မျှော်လင့်နေတဲ့စာ ရရှိမယ်။ သားသမီး၊ ညီ၊ ညီမငယ်တို့ကြောင့် မိမိဂုဏ်သိက္ခာ တက်မယ်။ မိသားစုနှင့် သိုက်သိုက်ဝန်းဝန်း၊ ပျော်ပျော်ပါးပါး နေရမယ်။ မြောက်ရပ်မှ ဦးကြီး၊ ဘကြီးတို့ထံမှ အလုပ်အကိုင်၊ အိုးအိမ်အမွေရမယ်။

ဆရာသမား၊ အထက်အကြီးအကဲတို့နှင့် ငွေကြေးကိစ္စ ရှင်းရှင်းလင်းလင်း ပြောဆိုရ တတ်သည်။ လုပ်နေတဲ့လုပ်ငန်းများမှ အခွင့်အရေးကောင်းများ၊ အဆက်အသွယ်ကောင်းများ ရရှိပြီး ဘ၀တဆစ်ချိုး ပြောင်းလဲတိုးတက်မှုရှိမယ်။ နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်ရခြင်း၊ နိုင်ငံရပ်ခြားခရီးဝေးသွားရခြင်းများ ဖြစ်တတ်မည်။ ပိုမိုအဆင်ပြေသော နေရာများသို့ အလုပ် အကိုင် ပြောင်းရွှေ့ရခြင်း၊ အိမ်နေရာပြောင်းရွှေ့ရခြင်းများ ရှိမည်။

အများအကျိုးအတွက် လုပ်ငန်းများကို ဆောင်ရွက်ရင်း မိမိဘ၀လည်း တိုးတက် အောင်မြင်မှုများ ရရှိမည်။ ရန်သူတို့၏ ပြစ်တင်ဝေဖန် တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်မည်။ ရာထူးတက်၊ လစာတိုးခြင်းနှင့် ငွေကြေးအမြောက်အများဝင်နေသော်လည်း မိသားစုဝင်တို့၏ ကျန်းမာရေး၊ လူမှုရေးကြောင့်လည်း ငွေကြေးထွက်နေတတ်သည်။

လုပ်ငန်းအကြံအစည်များ အကောင်အထည်ဖေါ်နိုင်မယ်။ လုပ်နေတဲ့လုပ်ငန်းများမှ လည်း နာမည်ကောင်းများ ရရှိမယ်။ ရည်မှန်းချက်တွေ အောင်မြင်၊ အခွင့်အရေးသစ်တွေနဲ့ အလုပ်အကိုင်အဆင်ပြေပြီး ငွေကြေးနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာနေရမည်။

အစာမကြေတဲ့ ရောဂါလေထိုး လေအောင့် မကြာခဏဖြစ်တတ်သည်။ အရေပြားနဲ့ ပတ်သက်သော အပူနာများပေါက်မယ်။ ညာဘက်မျက်စိ နာမည်။

ယတြာ။              ။ ဘုရားတွင် အုန်းသီးမုန့်၊ ကောက်ညှင်းပေါင်း ဆွမ်းတော်ကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ကောင်းကျိုးချမ်းသာ ရရှိခံစားရမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org