|
တဇွတ်ထိုး၊
အရွဲ့တိုက်၊ ကန့်လန်တိုက်ခြင်းကြောင့် ကြီးစွာသော ဒုက္ခရောက်တတ် သည်ကို
သတိပြုဆင်ခြင်ပါ။ သူများသားမယားနဲ့ပတ်သက်လို့ အထင်အမြင်လွဲ
အစွပ်စွဲခံရတတ် ၍ အသွားအလာ၊ အနေအထိုင် ဆင်ခြင်သင့်သည်။ အိမ်က
တန်ဖိုးရှိပစ္စည်း လက်ဝတ်ရတနာ များ အခိုးခံရခြင်း၊ ပျောက်ဆုံးခြင်းတို့
ဖြစ်တတ်သည်။ ခရီးဝေးမသွားသင့်ပါ။ ဘေးဥပါဒ် အန္တရာယ် ကြုံတွေ့ရတတ်သည်။
စကားများရန်ဖြစ်၍လည်း သွေးထွက်သံယိုဖြစ်တတ်သည်။
အစုရှယ်ယာနှင့် လုပ်နေသော လုပ်ငန်းများ တပိုင်းတစနှင့် ရပ်တန့်နေမည်။
မလိုအပ် ဘဲ လုပ်ငန်းများ ကြန့်ကြာပြီး အပင်အပန်းခံပြီး လုပ်နေရမည်။
ပိုမိုအဆင်ပြေသော နေရာသို့ အိုးအိမ်ပြောင်းရွှေ့နေထိုင်ရမည်။
မိတ်ဆွေသူငယ်ချင်းတို့၏ ကူညီစောင့်ရှောက်မှု ရရှိမည်။ အနီးကပ်
လက်ရင်းတပည့်၏ သစ္စာဖောက်ခံရတတ်သည်။ စီးပွားရေး၊ လူမှုရေး အပြိုင်အဆိုင်
များနှင့် ထိပ်တိုက်ရင်ဆိုင်ရတတ်သည်။
မိသားစုအတွင်း သဘောထားမတိုက်ဆိုင်မှုများ ကြုံတွေ့ရတတ်သည်။ ရရှိတဲ့
ငွေကို စနစ်တကျသုံးစွဲပါ။ ထိမ်းသိမ်းမှုနည်းပါးလျှင် အခက်အခဲကြုံ၊
ဒုက္ခတွေ့ပြီး လုပ်ငန်းဆုံးရှုံးမှု များပင် ဖြစ်တတ်သည်။
တပည့်လက်သားကြောင့်ဖြစ်သော ပြဿနာများ အရှင်းရခက်တတ် သည်။ ငွေအကုန်အကျ
များတတ်သည်။ သားသမီးများကလည်း စိတ်ဆင်းရဲအောင် လုပ်လိမ့် မယ်။
အလွန်ရင်းနှီးအကျွမ်းဝင်သော မိတ်ဆွေသူငယ်ချင်း၏ အထင်အမြင်လွဲခံရတတ်သည်။
ကျန်းမာရေးချူခြာချို့တဲ့လို့ ရောဂါတခြား ဆေးတခြားဖြစ်တတ်သည်။ ဆေးထိုး
ဆေးစားမှား၍ နောက်ထပ် ရောဂါအသစ်ဖြစ်တတ်သည်။
ဆုံးရှုံးခဲ့သော လုပ်ငန်းမှ အခွင့်အရေး အသစ် ထပ်မံရရှိတတ်ပြီး
မထင်မှတ်ဘဲ ငွေကြေးအမြောက်အများ ရရှိတတ်သည်။ ပညာသင်ကြားရာတွင်
အခက်အခဲဖြစ်သော်လည်း စာမေးပွဲအောင်မြင်မည်။ သားသမီး၊
လက်အောက်ငယ်သားတို့နှင့် စကားပြော အဆင်မပြေဖြစ် တတ်သည်။ မိသားစုအတွက်
ကျန်းမာရေး၊ လူမှုရေး ပူပင်ရမည်။
ယတြာ။
။
စပယ်ပန်း၊
စိန်ပန်း စသည့် ပန်းတခုခု ဘုရားတွင်ထိုး၍ သောက်တော်ရေ (၉) ခွက်၊ ဆီမီး
(၉) တိုင်ကို မွေးနေ့တွင် မီးပူဇော်ပါ။ ကောင်းကျိုးချမ်းသာ ရရှိပါမည်။ |