|
စိတ်ကူးနှင့် လက်တွေ့ ကွာဟချက်များ တွေ့နေရလိမ့်မယ်။ လေထဲမှာ တိုက်အိမ်
ဆောက်သလို လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်မှုများကိုသာ တွေ့ကြုံနေရလိမ့်မယ်။
လုပ်ဖေါ် ကိုင်ဖက် သူငယ်ချင်းအချင်းချင်း စိတ်ဝမ်းကွဲမယ်။ အထက်လူကြီး၊
မင်းစိုးရာတို့၏ ရန်မူခြင်း အငြိုအငြင် ခံရတတ်သည်။ ငွေပေးငွေယူ
စာရင်းမှား၍ ဆုံးရှုံးရတတ်သည်။ အချိန်ကုန် ငွေကုန် ဖြင့်
အကျိုးမရှိသောခရီး သွားရတတ်သည်။
အချစ်ရေးတွင် အထင်အမြင်လွဲမှားခံရတတ်သည်။ မိသားစုတွင်း အိမ်တွင်းရေးမှာ
စိတ်ဆင်းရဲစရာ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမယ်။ ပြိုင်ဘက်တို့၏ ရန်မူခြင်း
ခံရတတ်သည်။ ယာဉ်၊ စက်ကိရိယာ မကြာခဏပျက်၍ ပြင်နေရတတ်သည်။ သားသမီး၊ ညီ၊
ညီမငယ်၊ လက်အောက် ငယ်သားတို့၏ နာရေးနှင့် ကြုံတွေ့ရတတ်သည်။
အလုပ်အကိုင်၊ အိမ်ခြံမြေကိစ္စ အမှုအခင်း ဖြစ်ပါက ကိုယ်အနိုင်ရမည်။
အလှူအတန်းကိစ္စ စကားများပြီးမှ အထမြောက် အလုပ်ဖြစ်မည်။ ကိုယ့်ဆရာသမား
ကိစ္စအတွက် မင်းစိုးရာဇာတို့နှင့် အထင်အမြင်လွဲမှား၊
အတိုက်အခံပြုရတတ်သည်။ မိဘ၊ ဆွေမျိုး အကြီးအကဲတို့ကို ဆေးကုသပေးရမည်။
မိခင်နှင့် အဒေါ်တို့ထံမှ ငွေကြေးအကူအညီများ ရရှိ မည်။ သူများဆီက
ငွေချေးရင်လည်း လွယ်လွယ်ကူကူ ရရှိမယ်။ သူများကိစ္စ၀င်ပါမိလို့ စိတ်ဆင်း
ရဲ၊ စိတ်ညစ်ရတတ်သည်။
ဗုဒ္ဓဘုရား
ဓါတ်တော်၊ မွေတော်တို့ ကြွလာမယ်။ ထူးခြားတဲ့ ရဟန်း၊ သံဃာ၊ သူတော်
စင်များ အိမ်သို့ကြွလာမယ်။ တရားထူးရတတ်သည်။ (၇) ဂဏန်းပါသော ထီထိုးပါ။
ဆုကြီးပေါက် တတ်သည်။ ငွေအထုပ်အထည် တလုံးတခဲတည်း ရရှိတတ်သည်။
အစာအိမ်ရောဂါ၊ အူကျရောဂါ ဖြစ်တတ်သည်။ အရေပြားပေါ်မှာ အနာစိမ်းတွေပေါက်
လို့ ခွဲစိပ်ရတတ်သည်။ ၀မ်းဗိုက်ရောဂါဖြစ်လို့ ဆေးစားမှားပြီး
ဒုက္ခရောက်တတ်သည်။
ယတြာ။
။
ဂုဏ်တော်ကိုးပါး ပုတီးစိပ်ပေးခြင်းဖြင့် ကောင်းကျိုးချမ်းသာများ
ရရှိခံစား ရပါလိမ့်မည်။ |