|
အများအကျိုးလုပ်ငန်းများ လုပ်ကိုင်၍ ထင်ပေါ်ကျော်ကြား နာမည်ကောင်းရမည်။
ခရီးဝေးသွားရမည်။ လူကြီးသူမ၊ မင်းစိုးရာဇာတို့၏ ယုံကြည်မှုရရှိ၍
နေရာကောင်း၊ အခွင့်အရေး ကောင်းများ ရမည်။ လစာတိုး ရာထူးတက်မည်။
မိသားစုအတွင်း အိမ်ထောင်ရေး စိတ်ချမ်းသာ မည်။ လုပ်ငန်းခွင်တွင်
အတိုက်အခံ ကြုံတွေ့ရမည်။ ခရီးဝေးမသွားသင့်ပါ။
အိုးသစ်အိမ်သစ်သို့ ပိုမိုအဆင်ပြေစွာ နေရာပြောင်းရမည်။
သူငယ်ချင်းမိတ်ဆွေတို့ထံမှ အကူအညီရမည်။ လုပ်နေတဲ့လုပ်ငန်းအတွက်
အကျိုးရှိမည်။ သူများသားမယားနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုခံရတတ်သည်။
သိက္ခာကျစေမည့် ဖြစ်ရပ်တွေကို အကြိမ်ကြိမ် ကြုံတွေ့ရတတ် သဖြင့်
အသွားအလာအနေအထိုင် ဆင်ခြင်ပါ။ ရပ်ဝေးမှ စိတ်ချမ်းသာစရာ သတင်းကောင်း
ကြားရမည်။ မျှော်လင့်နေသော စာ လူကြုံလာလိမ့်မည်။
သားသမီး၊
ညီ၊ ညီမငယ်တို့ကြောင့် ဂုဏ်သိက္ခာတက်မည်။ လက်အောက်ငယ်သား တပည့်ကြောင့်
ပြဿနာတွေကို လိုက်ရှင်းရတတ်၍ ငွေအကုန်အကျများမည်။ စိတ်ကူး အကြံ
အစည်များကို လက်တွေ့ အကောင်အထည့်ဖေါ်နိုင်မည်။ ရည်မှန်းချက်တွေ
အောင်မြင်မည်။ အခွင့်အရေးသစ်များရ၍ အလုပ်အကိုင်အသစ်များကို
တိုးပွားလုပ်ကိုင်ရမည်။ ငွေကြေးနဲ့ ပတ်သက်လို့ စိတ်ချမ်းသာနေရမယ်။
ပညာသင်ကြားရာတွင် အခက်အခဲဖြစ်နေသော်လည်း စာမေးပွဲအောင်မြင်မည်။
သားသမီး၊
မိသားစုအတွက်လည်း စိတ်ပူနေရမည်။ မတော်တဆထိခိုက်မှုကြောင့်
သွေးထွက်သံယိုဖြစ်တတ်သည်။
ယတြာ။
။
ဘုရားကို
ရေသပ္ပါယ်၍ အုန်းညွန့်ဆက်ကပ်လှူဒါန်းပါက အဆိုးများပျောက် ၍
ကောင်းကျိုးချမ်းသာ ရရှိခံစားရပါလိမ့်မည်။ |