Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

အလုပ်အကိုင်ကောင်းများ လုပ်ကိုင်ရတတ်သည်။ သူများထံမှ အကူအညီကောင်းများ ရမည်။ ငွေများများဝင်မယ်။ နိုင်ငံခြားသား၊ ဘာသာခြားတို့နှင့် မိတ်ဆွေအပေါင်းအသင်းဖြစ်မယ်။ စီးပွားရေး ကောင်းကျိုးပေးမယ်။ အဆက်အသွယ်ကောင်းများနဲ့ ချိတ်ဆက်အလုပ်ဖြစ်မယ်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အပြန်အလှန် အမှုအခင်းဖြစ်ရတတ်သည်။

အိမ်ထောင်ရေးတွင် အထင်အမြင်လွဲမှားခြင်း၊ အပြန်အလှန်စွပ်စွဲမှုများကြောင့် အိမ်ထောင်ပျက် ကွဲကိန်းရှိသည်။ အိမ်ထောင်သည်တို့နှင့် ငြိစွန်းပြီး ဂုဏ်သိက္ခာ အရှက်တကွဲ ဖြစ်ရတတ်သည်။ အရွဲ့တိုက်ခြင်း ရှောင်ကျဉ်ပါ။ ခရီးဝေးမသွားသင့်ပါ။ ဘေးဥပါဒ်အန္တရာယ် ကြုံတွေ့ရတတ်သည်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမှုအခင်းဖြစ်၊ အချုပ်ခံရတတ်သည်။

ကိုယ်လုပ်ရပ်ကို လူကြီးမိဘတို့က အထင်အမြင်လွဲမှား အထင်သေးမည်။ အပေါင်း အသင်းရဲ့ ရန်တွေ့ခြင်းခံရပြီး ဘေးကနေ အနှောင့်အယှက်ပေးနေလိမ်မည်။ မေ့နေတဲ့ ပစ္စည်း၊ ပျောက်နေတဲ့ ပစ္စည်း၊ လက်လွန်နေတဲ့ ပစ္စည်း ပြန်ရလိမ့်မည်။ မျှော်လင့်မထားတော့သော ကြွေးဟောင်းများပင် ပြန်လည်ရရှိတတ်သည်။ မထင်မှတ်ထားသည့် လုပ်ငန်းများမှလည်း ငွေဝင်တတ်သည်။ အိုးအိမ်ကိစ္စ၊ အမွေကိစ္စ၊ အလုပ်အကိုင်ကိစ္စများ ပြောဆိုရရင် ကိုယ်က နိုင်လိမ့်မည်။

စစ်ဘက်နယ်ဘက် အစိုးရအကြီးအကဲတို့၏ ကူညီစောင့်ရှောက်မှု ခံရမယ်။ သားသမီး၊ ညီ၊ ညီမငယ်၊ လက်အောက်ငယ်သားတို့ရဲ့ ပညာရေးသတင်းကောင်း ကြားရမယ်။ ကိုယ်တိုင် လည်း ပညာရေးကံကောင်းနေပြီး အတတ်ပညာအသစ်တွေ တတ်မြောက်လို့ စာမေးပွဲများ အောင်မြင်မယ်။ ပညာရေးမှာ ဂုဏ်ကျက်သရေတိုးလို့ ပျော်ရွှင်စရာ သတင်းကောင်းများ ကြားရ တတ်သည်။ အိမ်ပြုပြင်ရခြင်း၊ အိမ်ဆောက်လုပ်ရခြင်း၊ အိုးသစ်အိမ်သစ်ကောင်းများတွင် ပြောင်း ရွှေ့နေထိုင်ရခြင်းများ ဖြစ်တတ်သည်။

မကောင်းတဲ့မိစ္ဆာတွေ ဖမ်းစားခြင်းခံရသလို ခါးကိုက်ရောဂါ ဖြစ်နေမယ်။ ညအချိန်မှာ အိပ်မပျော်ဖြစ်တတ်သည်။ အင်္ဂါစပ်နဲ့ လိင်တံမှာ အပူနာရောဂါဖြစ်မည်။

ယတြာ။              ။ အ၀တ်အစားဟောင်းကို စွန့်ပစ်ခြင်း၊ သက်ကြီးရွယ်အိုများအား လှူဒါန်းပေး ခြင်းဖြင့် ကုသိုလ်ရယူပြီး ကောင်းကျိုးချမ်းသာ ရရှိခံစားရပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org