|
ရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်သော်လည်း
အချင်းချင်း စိတ်ဝမ်းကွဲပြီး မကြေမချမ်းနဲ့ စကားများနေရမယ်။
ရစရာရှိတဲ့ငွေတွေ မရသေးလို့ စိတ်ဆိုး ဒေါသကြီးနေမယ်။ ဇနီး၊ သားသမီး၊
မိသားစုဝင်များအတွက် သတင်းကောင်းကြားပြီး စိတ်အေး ရမယ်။
မင်္ဂလာအခမ်းအနားတခုကို ဦးစီးဆောင်ရွက်ပေးရမည်။
လုပ်ငန်းကိစ္စများတွင် အထက်လူကြီးများနဲ့ အခြေအတင် စကားပြောရသော်လည်း
လက်အောက်ငယ်သားတို့၏ အကူအညီအထောက်အပံ့ ရရှိမည်။ ရစရာရှိတဲ့ငွေတွေ
အိပ်နေလို့ ငွေကြေးကြောင့် စကားတွေ အများကြီးပြောရမည်။
မလွှဲမရှောင်သာသော ကျန်းမာရေး၊ လူမှု ရေးကိစ္စများအတွက် ငွေကုန်ကြေးကျ
များနေတတ်သည်။ မလူးသာမလှည့်သာ ငွေကြေး အခက်အခဲ ကြုံတွေ့ရတတ်သည်။
ရစရာရှိတဲ့ငွေ မ၀င်ဘဲ ထွက်စရာရှိတဲ့ ငွေ “ဟော” ကနဲ ထွက်သွားတတ်သည်။
ချစ်သူကြောင့် လုပ်ငန်းမှာ စိတ်အနှောင့်အယှက် ဖြစ်မည်။ ချစ်သူ၏
ထင်ရာခိုင်းတတ် မှုကြောင့် ကိုယ့်လုပ်ငန်းအကြံအစည်များပင် ပျက်တတ်သည်။
အရွဲ့တိုက်ပြီး ထင်ရာလုပ်မိပါက ဂုဏ်သိက္ခာကျဆင်းပြီး ဘေးက အမြင်ကပ်မည်။
ဘာသာတရားကိုင်းရှိုင်းမှု အားနည်းနေမှု ကြောင့် ပတ်ဝန်းကျင်မှ အထင်သေးမှု၊
မတရားပြောဆိုအနိုင်ကျင့်မှု ခံရတတ်သည်။
အမွေကိစ္စအတွက် စကားပြောဆို ငြင်းခုံရမယ်။ အိမ်ခြံမြေနှင့် ပတ်သက်၍
အမှုအခင်းဖြစ်တတ်သည်။ ချစ်သူနှင့်လည်း တကျက်ကျက်စကားများ
ရန်ဖြစ်ရတတ်သည်။
ရင်ပြည့်ရင်ကြပ် အစာမကြေရောဂါ ဖြစ်တတ်မည်။ အူအတက်ပေါက်၍ ခွဲစိတ်ရသည်
အထိ ဖြစ်တတ်သည်။
ယတြာ။
။
ဂန့်ဂေါ်ပန်း
(သို့မဟုတ်) ခရေပန်းကို သပြေကုန်းနဲ့တွဲ၍ ဘုရားပန်းထိုးပြီး
လိုရာဆုတောင်းပါက ပြည့်ဝစေပါသည်။ |