Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

အကြံအစည် စိတ်ကူးကောင်းများရရှိပြီး အလုပ်တွေ အောင်မြင်မယ်။ ကျားကုတ် ကျားခဲ ကြိုးစားလုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းများမှ အသီးအပွင့်များရရှိခံစားရမယ်။ ခရီးသွားလိုရင် အဆင်ပြေပြေနဲ့ ခရီးသွားရမယ်။

ဆန့်ကျင်ဘက်လိင်တို့၏ အရေးပေးဆက်ဆံခြင်း ခံရမယ်။ စန်းပွင့်မယ်။ အ၀တ်အစား အသစ်များ ၀ယ်ဖြစ်မယ်။ အိမ်တွင်းအသုံးအဆောင်ပစ္စည်းကောင်းများ ၀င်မယ်။ အထက်လူကြီး ဆရာသမားတို့ရဲ့ အတိုင်အပင်ခံဖြစ်နေမယ်။ အချစ်သစ်တို့နှင့် ထပ်တွေ့နေပေမယ့် အချစ် ဟောင်းတို့နှင့်လည်း မပြတ်ဘဲဖြစ်နေတတ်သည်။

အလုပ်အကိုင်တွေ ကောင်းနေလို့ စီးပွားဖြစ်ထွန်း ငွေဝင်မယ်။ မင်းစိုးရာဇာ အကြီး အကဲတို့နှင့် ရင်းနှီးခွင့် မိတ်ဆွေဖြစ်ရမည်။ အမွေရကိန်း၊ ထီပေါက်ကံ အလွန်ကောင်းသည်။ ၄၊ ၆ ဂဏန်းပါအောင် ထီထိုးပါ။ ဆုကြီးရရှိတတ်သည်။

 မိဘ (သို့မဟုတ်) ဦးကြီး၊ ဒေါ်ကြီးတို့ကို ပြုစုစောင့်ရှောက်ခွင့်ရမည်။ ရပ်ဝေးမှ မိသားစုဝင်တို့၏ မင်္ဂလာသတင်းကောင်း ကြားရမည်။ မိသားစု သိုက်သိုက်ဝန်းဝန်းဖြင့် စီးပွား ရေး အဆင်ပြေစွာ ပျော်ပျော်ရွှင်ရွှင် နေရမည်။ မိခင်၊ အဒေါ်တို့ကိုလည်း ငွေကြေးထောက်ပံ့နိုင် မယ်။ အရောင်းအ၀ယ်ဘက်တွင် အမြတ်အစွန်း မြိုးမြိုးမြက်မြက် ရရှိမယ်။ မိတ်ကောင်းဆွေ ကောင်းတို့နှင့် တွေ့ကြုံရမယ်။ အတူလက်တွဲ အလုပ်လုပ်ရမယ်။ ရာထူးတက် လစာထိုးခြင်း ဖြစ်မယ်။ ပျော်ရွှင်ဖွယ်ခရီးဝေးသွားရတတ်သည်။ အဖိုးအတန် ရွှေ၊ ငွေ၊ ရတနာများ ၀င်မည်။ အထက်လူကြီးတို့ရဲ့ ကူညီစောင့်ရှောက် ယုံကြည်မှုကြောင့် လုပ်ငန်းခွင်တွင် စိတ်ချမ်းသာစွာ ဖြင့် အလုပ်ဖြစ်မည်။

လေထိုးလေအောင့် ၀မ်းဖောဝမ်းရောင် ဖြစ်တတ်သည်။ ဆေးထိုးဆေးစား မှားခြင်း၊ အစာအဆိပ်ဖြစ်ခြင်းတို့ ဖြစ်တတ်သည်။

ယတြာ။              ။ ဘုရားတွင် အုန်းညွန့်နှင့် ရွက်လှပန်း ဆက်ကပ်ပူဇော်ခြင်းဖြင့် ကျက်သရေ မင်္ဂလာ တိုးတက်မှုများ ရရှိခံစားရပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org